အမှတ်တရ လက်ဆောင်တွေပို့ပေးပြီး နှစ်သစ်မှာ အသိအမှတ်ပြုတဲ့ ချစ် ပရိသတ်တွေကြောင့် ပျော်မဆုံး ဖြစ်နေရတဲ့ ‘သုတအောင်’

ပရိသတ်ကြီးရဲ့ အားပေးမှုကို ရရှိထားတဲ့ ‘သုတအောင်’ကတော့ ‘MRTV-4’ရုပ်သံဇာတ်လမ်းတွဲကနေ ချစ် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု ကိုစတင်ရရှိခဲ့တဲ့ မင်းသားချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။

သူဟာ’MRTV-4’ကထုတ်လွှင့်ပြသခဲ့တဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်”၊”အလင်းထဲကလူ”“မာယာလှည့်ကွက်”စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ လက်ရှိမှာ လည်း’သုတအောင်’က “မမှီဝဲနဲ့ကင်းအောင်နေ”ဇာတ်လမ်းတွဲမှာ ကြွက်ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင် ထားပါသေးတယ်။

ဒီဇာတ်လမ်းတွဲ လေးမှာတော့ ‘သုတအောင်’ဟာ ‘နေမျိုးအောင်၊ထူးခန့်ကျော်၊ညီညီမင်းထက်၊မင်းသူ၊သာထက်ဉာဏ်ဇော်၊ကောင်းစစ်သွေး ၊ဝေလာရီ၊ ခွန်းနေကြည်ချို၊အေးသီတာ’စတဲ့ အနုပညာရှင် တွေနဲ့အတူ ပါဝင်သရုပ်ဆောင် ထားခဲ့ တာပဲဖြစ်ပါတယ်။

“မမှီဝဲနဲ့ကင်းအောင်နေ”ဇာတ်လမ်းတွဲ လေးကလည်း ပရိသတ်တွေ အကြိုက်နဲ့ထပ်တူကျခဲ့ပြီး ပရိသတ်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ဇာတ်လမ်းတွဲလေးမှာ ကြွက်ကာ ရိုက်တာကို ပရိသတ်တွေက အသိအမှတ် ပြုပြီး လက်ဆောင်တွေ ပို့ပေးကြလို့ ‘သုတအောင်’ကတော့အရမ်းကို ပျော်ရွှင် နေခဲ့ပါတယ်။

ဒီ အကြောင်းကိုတော့ ‘သုတအောင်’က “ကြွက်ဇာတ်ကောင်းလေးကို ဂုဏ်ပြုတာတဲ့ခင်ဗျာ အခုလို ဂုဏ်ပြုပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဗျ ညီမလေး တို့ရေ ကျွန်တော် အရမ်းဝမ်းသာ ပီတိဖြစ်ရပါတယ်။ အခုလိုကျွန်တော့်ကို ချစ်ပေးကြတဲ့ အတွက်ရယ် ”ကြွက်ဇာတ်ကောင်ကို အသိမှတ်ပြုပေး အားပေးကြတဲ့ အတွက်ရယ် ကျေးဇူးအထူး တင်ပါတယ်ခင်ဗျာ”ဆိုပြီးရေးသားကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးထားခဲ့ တာပဲဖြစ်ပါတယ်။

Source:Thuta Aung

Add a Comment

Your email address will not be published. Required fields are marked *