အမှန်တရား အတွက် ကိုယ်တိုင်က ဘေးလွတ်ရာကို ရှောင်တိမ်း နေရပေမယ့် ဆက်လက် တိုက်ပွဲဝင် နေမယ့်အကြောင်း ပြောလာတဲ့ မြနှင်းရည်လွင်

ဇာတ်လမ်းတွဲ တွေနဲ့ ပရိသတ် အသိအမှတ်ပြု အားပေး ချစ်ခင်မှု တွေ ကို အခိုင်အမာရ ရှိထားတဲ့ သရုပ်ဆောင် မင်းသမီး မြနှင်းရည်လွင်ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ အားကြိုးမာန်တက် ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

အရေးတော်ပုံကြီး အောင်မြင် ဖို့အတွက် လမ်းပေါ်ထွက် လှုပ်ရှားမှုတွေအပြင် အခြား လှုပ်ရှားမှုတွေ မှာလည်း အင်တိုက် အားတိုက် နဲ့ အားဖြည့်ပါဝင် နေတာလည်း တွေ့ရပါတယ်..။

မြနှင်းရည်လွင် ကတော့ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရကာ ကိုယ်တိုင်က ဘေးလွတ် ရာကို ရှောင်တိမ်း နေရပေမယ့် လည်း အမှန်တရားအတွက် တတ်နိုင် သလောက် ဆက်လက် ကြိုးစားနေ သူလည်း ဖြစ်ပါတယ်..။

ပြည်သူတွေမှာ ပြည်သူ တွေပဲရှိပြီး အမှန်တရားအတွက် ဆက်လက် တိုက်ပွဲ ဝင်နေမှာဖြစ်ပြီး သူရဲ ကောင်းတွေက ဒီမိုကရေစီကို မြတ်နိုးတဲ့ အကြောင်းတွေကို လည်း ပြောပြလာပါတယ်..။

“ငါတို့မှာ ငါတို့ပဲ ရှိပေမယ့်

ငါတို့မှာ အမှန်တရား ရှိတယ်

အမှန်တရားမှာ အနိုင်ပဲ ရှိတယ်

ဘုရင့်နောင် ဖောင်ဖျက်လိုက်တဲ့ အချိန်မှာ

ငါတို့အားလုံးက သူရဲ ကောင်းတွေပဲ ဖြစ်တယ်

သူရဲကောင်းဆိုတာ ခုတ်ရင် ရှေ့ကပဲ ခုတ်တယ်

သူရဲကောင်းဆိုတာ သွေးကြွေးကို သွေးကြွေး နဲ့ပဲဆပ်တယ်

သူရဲကောင်းဆိုတာ အချစ် ကြီးရင် အမျက်ကြီးတယ်

သူရဲကောင်းဆိုတာ လိုချင်တာကို ရအောင် ယူတယ်

ပြီးတော့

သူရဲကောင်းဆိုတာ ဒီမိုကရေစီကို သိပ် မြတ်နိုးတယ်

RejectMilitaryCoupInMyanmar..” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်..။

အ​ရေးတော် ပုံကြီးမှာ သွေးမအေး အားမ လျော့သွားဘဲ အစွန်းကုန် ပါဝင်နေတဲ့ မြနှင်းရည်လွင် ရဲ့ စိတ်ဓာတ် ပြတ်သားမှုတွေကတော့ ပြည်သူတွေကို သဘောကျ စေပါတယ်..။

Photo Credit – Mya Hnin Yee Lwin’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *