အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ မေပန်းချီ…..

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ တစ်ရက် နေ့ထဲက စတင်ခဲ့တဲ့ တော်လှန်ရေး တိုက်ပွဲကြီးဟာခုဆိုရင် ပစ်ခတ်မှုတွေနဲ့ ကြုံတွေ့ နေရတာကြောင့် အသက် ပေးသွားရသူတွေလည်း မနည်းသလို ဒဏ်ရာရရှိ သူတွေလည်း တစ်ရက်ထက် တစ်ရက်များပြားလျက်ရှိပါတယ်။

လူငယ်တွေကလည်း ယုံကြည်ချက် တွေအတွက် မိမိတို့အသက် ဆုံးရှုံးမှာကို မကြောက်ဘဲ ဒီနေ့ထိ တိုက်ပွဲဝင် နေကြတာလည်းဖြစ်ပါတယ်။

အများစုဟာ လူငယ်တွေ ဖြစ်တာကြောင့် ရှေ့တန်းကနေ အားမာန်အပြည့်နဲ့ ဆန္ဒထုတ်ဖော်နေတဲ့ သူတို့လေး တွေအတွက် မိသားစုတွေကလည်း စိတ်ပူပန်စွာအိမ်အပြန် လာကိုစောင့်နေကြ တာလည်း တွေ့မြင်ရပါတယ်။

လမ်းပေါ်က ပြည်သူပြည်သား တွေကလည်း အားလုံး ဝိုင်းကူကာ ရရာနေရာကနေ စုပေါင်း ကူညီပေးသလို အစားအသောက်ကအစ ပံ့ပိုးပေးနေကြတာလည်း တကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။

ဒီလိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုလည်း အနုပညာရှင်တွေက ဝိုင်းဝန်းစုပေါင်းပြီး အလှူငွေလှူဒါန်းပေးကာ သူတို့ကိုယ်တိုင်ကလည်း သွားရောက်အားပေး နှစ်သိမ့်ခဲ့ကြတာပါ။

ခုလည်းမေပန်းချီက မိတ်ဆွေတွေနဲ့ စုပေါင်းပြီး ရှေ့တန်းကနေ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ မောင်ချစ်မင်းအား ငွေကျပ် သိန်း (၂၀) နဲ့ (၄၀၀၀၀) ကိုကိုယ်တိုင်သွား ရောက်လှူဒါန်းရင်း ကျန်ရစ်သူ မိသားစုကို အားပေးနှစ့်သိမ့်ခဲ့ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – May Panche

Add a Comment

Your email address will not be published. Required fields are marked *