အလှူငွေတွေနဲ့ပတ်သက်ပြီး “ငွေမြင်ရင် ငမ်းငမ်းတက်ဖြစ်တဲ့အထဲ ကျမ မပါဘူး” လို့ ထိထိမိမိတုန့်ပြန်လိုက်တဲ့ အဆိုတော် ချယ်ရီသင်း…

အလှူငွေ တွေနဲ့ပတ်သက်ပြီး စွပ်စွဲရေးသားကြတဲ့အပေါ် “ငွေမြင်ရင် ငမ်းငမ်းတက်ဖြစ်တတ်တဲ့အထဲ ကျမ မပါဘူး” လို့ ထိထိ မိမိတုန့်ပြန်လိုက်တဲ့ အဆိုတော် ချယ်ရီသင်း

လတ်တလော လူထု လှုပ်ရှားမှုတွေမှ ာပါဝင်ရင်း အသက်ပေး လိုက်ရတဲ့ သူရဲကောင်းတွေ ကိုရော ဒဏ်ရာ အနာတရ ရရှိတဲ့ သူတွေကို အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေ နဲ့ အနုပညာရှင်တွေက တတ်နိုင်သလောက် အလှူငွေ ကူညီထောက်ပံ့လှူဒါန်းမှုတွေ ရှိပါတယ်။

သူရဲကောင်းတွေကို ကူညီလှူဒါန်းပေးနေတဲ့ အထဲမှာ အဆိုတော် ချယ်ရီသင်း တစ်ယောက် လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

ချယ်ရီသင်းက စေတနာရှင်တွေ နဲ့ စုပေါင်းပြီး ရပ်ဝေးရပ်နီးက အာဇာနည် သူရဲကောင်းတွေကို တတ်နိုင်သလောက် အလှူငွေလှူဒါန်းပေ းနေတာ ဖြစ်ပါတယ်။

ဒီလိုကူညီ လှူဒါန်းပေးနေတဲ့ အချိန်လေးမှာ တချို့သူတွေ ရဲ့ ဝေဖန် ပြောဆိုနေတာနဲ့ ပတ်သက်ပြီး ယခုမှာ ချယ်ရီသင်းက လူမှုကွန်ယက်မှာ ပြန်လည် ရှင်းပြလာခဲ့ပါတယ်။

” ဒီလို Comment တွေမန့်တဲ့လူတွေရဲ့စိတ်ထဲဝင်ကြည့်ချင်တယ်……ချယ်လည်းမချမ်းသာပါဘူး ဒါပေမဲ့ အလှူငွေကို စားရလောက်သည်အထိ အသိဉာဏ်ကင်းမဲ့မနေဘူး…..ချယ့်နေရာ လာဝင်ပြီးလုပ်ကြည့် ဘယ်လောက် စိတ်ရှည်ပေးရလဲ …ဖုန်းဆိုည ၂နာရီအထိဆက်တဲ့ လူတွေရှိတယ်မနက်ဆို အစောကြီး ဆက်တယ် စိတ်မညစ်ပဲ ကိုင်ပေးတယ်…..

ဒါတောင်လှူတာ မဟုတ်ပဲ ဒီတိုင်းနှောက်ယှက် ဖို့ဆက်တဲ့ သူတွေပါသေးတယ်…….လိုအပ်တဲ့လူတွေကို ရစေချင်လို့ ကျွန်မ(၁)ကျပ်တောင်မစားဘူး ဒီနေ့ဆို အရမ်းနေမကောင်း ဖြစ်နေတာတောင် ရအောင်နိူင်သလောက်လုပ်ပေးတယ်….ထပ်ပြောမယ် ကိုယ့်စိတ်နဲ့မနှိုင်းပါနဲ့ငွေမြင်ရင်ငမ်းငမ်းတတ်ဖြစ်သွားတတ်တဲ့ အထဲကျွန်မမပါဘူး” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

ကဲ..ပရိသတ်ကြီးရေ တစ်ထောင့် တစ်နေရာကနေအမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေအတွက် မွန်မြတ်တဲ့ပရဟိတလေးကို လုပ်ကိုင်ပေးနေတဲ့ ချယ်ရီသင်းကို အားပေးစကား ပြောပေးခဲ့ပါဦး။

Photo Credit – Cherry Thin fb page
Crd

Unicode

Credit

Add a Comment

Your email address will not be published. Required fields are marked *