အလင်းတန်း များထွက်ပေါ် ခြင်းနှင့် ဝသုန္ဒြေနတ်ရုပ်တု မှရေစက်ရေပေါက် များကျ အိမ်တော်ရာစေတီ နှင့်အရံစေတီ တို့မှာ….

အိမ်တော်ရာ စေတီတော် မြတ်ကြီးနှင့်အရံစေတီ တို့မှအလင်းတန်းများ ထွက်ပေါ်ခြင်းနှင့် ဘုရားဝင်း အတွင်းရှိဝသုန္ဒြေနတ်ရုပ်တု မှရေစက်ရေ ပေါက်များကျ ခြင်းဖြစ်ပေါ် မန္တလေးမြို့၊

ချမ်းအေးသာစံ မြို့နယ်၊သီရိဟေမာ အရှေ့ရပ်ကွက်၊၂၇x၂၈ လမ်းကြား၊၈၈x၈၉ လမ်းကြားရှိပုဂံမင်းတည် ထားကိုးကွယ်တော် မူခဲ့သောမဟာလောကရံသီ အိမ်တော်ရာစေတီ တော်မြတ်ကြီးနှင့် အရံစေတီ ဒီဇင်ဘာလ၂၉ရက်နေ့(နတ်တော်လပြည့်နေ့)

မွန်းလွဲပိုင်းက အလင်းတန်းများ ထွက်ပေါ်ခြင်း၊ဝသုန္ဒြေနတ်ရုပ်တု၏ဆံပင်အဖျားမှ ရေစက်ရေပေါက် ကျခြင်းများထူးခြားတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

”ဂေါပကရုံးကလျှပ်စစ်အကူ ဝန်ထမ်းဦးရဲဝင်းအောင် ကထမင်းစားဖို့အိမ်ပြန်စဉ် မှာဝသုန္ဒြေနတ်ရုပ်တုအောက်ခြေ မှာရေအိုင်နေလို့ကြည့်တဲ့

အခါမှာရုပ်တုရဲ့ ဆံပင်အဖျားကနေရေ စက်ရေပေါက်တွေ အောက်ကိုကျနေတာ စတင်တွေ့ရှိလို့ကျွန်တော့်ဆီ အကြောင်းကြားပါတယ်။

နောက်ပြီးဂေါပကအဖွဲ့ဥကကဋ္ဌကနေတဆင့် ဆရာတော်ကြီးများထံ ဆက်လက်လျှောက် ထားခဲ့ပါတယ်”ဟုဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးညွန့်မြိုင်က ပြောကြားသည်။

အဆိုပါဝ သုန္ဓြေရုပ်တုသည်ဘုရားဝင်းအတွင်းပွင့်တော်မူ ဘုရားအနီးတွင်လွန်ခဲ့သောနှစ်ပေါင်း၃၀ ထက်မနည်းကတည်ရှိ ခဲ့ပြီးပြန်လည်မွမ်းမံထားရှိကာအမြင့်၃ပေခန့်ရှိအင်္ဂတေဖြင့်ထု လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။”

ရုပ်တုရဲ့အောက်ခြေမှာ ရေပိုက်ရှိတယ်လို့ အရင်ဘုရားဝန်ထမ်းအချို့ ကပြောတာရှိလို့ ရုပ်တုတ်ဝန်းကျင် ကိုရှာကြည့်ပေမယ့်ရေပိုက်သွယ်တန်းထားမှုမတွေ့ရဘူး။

တကယ်လို့ရေပိုက် ကထွက်တယ်ဆိုလဲ ဘေးတွေပန်းထွက်ရမှာ။အောက်ကနေ အပေါ်ကိုတက်သွားပြီးမှ ဆံပင်အဖျားကနေပြန်ကျဖို့ဆိုတာကမဖြစ်နိုင်ဘူး။

ပြီးတော့ရုပ်တု နားမှာရေစင်တစ်ခုရှိတော့အဲဒီ ရေစင်ကလာတဲ့ ပိုက်တွေထဲကနေများကျနိုင် သလားဆိုပြီးရေပိုက်ခေါင်း တွေပိတ်ကြည့်ပေမယ့်ရေစက်ကကျ နေတုန်းပဲ။

ရေစက်တွေ ကတောက်လျောက် ကျနေတာမျိုးမဟုတ်ဘူး။ရေစက်ရေပေါက်ကျတဲ့ပုံစံကအပေါ်ကနေအောက် ကိုဆံပင်အဖျားကနေရေစက်ချသလိုမျိုး တစ်စက်ချင်းကျ နေတာ။

ကျတဲ့ရေကဘာ အမှုန်အမွှားမှမပါဘဲ သန့်နေတာ။၁၅မိနစ်လောက်ကျလိုက်၂မိနစ်လောက် ရပ်သွားလိုက်။ပြီးတော့တစ်ခါပြန်ကျလိုက်ဖြစ်နေတာ။

ရုပ်တုအပေါ်ပိုင်းမှာလည်းစိုနေတာ မျိုးမရှိဘူး။ရေထွက်နိုင်လောက်တဲ့ အပေါက်ရှိမလားဆိုပြီးသံချောင်း အသေးနဲ့ထိုးရှာသေးတယ်မတွေ့ရဘူး”ဟုဦးညွန့်မြိုင်ကဆက်လက် ပြောကြားသည်။

ထို့ပြင် ရေစက်ရေပေါက်ကျကြောင်း တွေ့ရှိသည့်အချိန်နှင့်တိုက်ဆိုင်စွာ မဟလောကရံသီအိမ်တော်ရာ စေတီတေကြီး၏ငှက်မြတ်နားတော်နှင့်ဘုရားပရဝုဏ် အရှေ့မြောက်ထောင့်ရှိ စလင်းမြို့စားမင်းသမီးတည် ထားခဲ့သောစေတီတော်၏

စိန်ဖူးတော်တို့မှအလင်းတန်းများထွက်ပေါ်နေသည်ကို ဘုရားဝင်းပြင်ပရှိလူများနှင့် ဘုရားအတွင်းရှိဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများကဖူးတွေ့ခဲ့ရပြီးမှတ်တမ်းဗီဒီယို ရိုက်ကူးကာလူမှုကွန်ယက်ပေါ်တွင် တင်ထားကြောင်းလည်းသိရသည်။

ရေစက်ရေပေါက်များကျသည် ဆိုသည့်အတိတ်နိမိတ် သည်အေးချမ်းခြင်း၊ကြည်လင်သန့်ရှင်းခြင်းဟူသည့်သဘောကိုဆောင်သည့်အတွက်

မန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံတော်တစ်ခုလုံးအေးချမ်းမည့် အတိတ်နိမိတ် အဖြစ်ယူဆကြောင်းလည်းပြောကြားသည်။

ယင်းသို့ထူးခြားမှုများဖြစ်ပေါ်ရာ သို့စေတီတော် ဩဝါဒါစရိယမြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌမိုးကောင်းတိုက်၊

အလယ်ရွှေကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မဒီပတျာလင်္ကာရနှင့် စေတီတော်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဝင်ဆရာတော်များ၊ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းအေး၊

အတွင်းရေးမှူးဦးဝင်းအောင်၊တွဲဖက်အတွင်းရေးမှူးဦးအောင်နိုင်ဦးတို့နှင့် အဖွဲ့ဝင်များလာာက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များ အရဘုရားဝင်းအတွင်းသို့ တာဝန်ရှိသူမှအပမည် သူ့ကိုမျှဝင်ခွင့်မပြု ကြောင်းသိရသည်။

(Ah Lin Nge)

Zawgyi

Add a Comment

Your email address will not be published. Required fields are marked *