အခုလိုခက်ခဲ စွာရှင်သန် နေရတဲ့ အချိန်မှာဘဲ ထွက်ပြေး တိမ်းရှောင် နေရတဲ့ အချိန်မှာ ကိုဗစ် ရောဂါဆိုးကြီး ကူးစက်ခံခဲ့ရ ကြောင်းပြောပြလာတဲ့ ရတနာဗိုလ်……..

ချစ် ပရိသတ်ကြီးရေ မင်းသမီး ရတနာဗို ကိုတော့ အထူး အထွေ ဟိတံဆက် ပေးစရာ မလို အောင် ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်..။ ဓဒီက နေ့မှာ တော့ ရတနာဗိုက သူ ကိုဗစ် ရေါ ကူးစကွ ခံစားရ စဉ်က အဖြစ် အပျက် တွေကို အခုလိုပဲ ပြောလာခဲ့ပါတယ်။ ”စိတ်ဓါတ်တွေအရမ်းကျခဲ့ရတဲ့ (14)ရက် မိသားစုနဲ့ အဝေးမှာ နေရလို့ နာမကျန်းဖြစ်တဲ့ အခါအရမ်းကို စိတ်အားငယ်ရပါတယ် ပုန်းရှောင်နေရတဲ့

ကာလ ဆိုတော့တော်တော် ကြီးအားတင်းထားရတယ် ငိုခဲ့ရတဲ့ နေ့တွေလဲအများကြီးပါ ကိုဗစ်ဖြစ်တဲ့ အချိန်မှာ စိတ်ဓါတ်မကျဖို့ တကယ်ကိုအရေးကြီးတာပါ။အရမ်းဂရုစိုက် ပြီးနေ တာတောင် ကိုဗစ်က ဖြစ်ပါသေးတယ်🌝မနက်မိုးလင်း တာနဲ့ကိုဗစ်နဲ့ကျမ တိုင်ပတ်ချက်ကတော့ တစ်နေကုန်ကို မအားတာပါ😅😂 မနက်စာ ကအစ တစ်နေကုန်စားဖို့ဟို ဟာလေးထချက်ရ ဒီဟာလေး ထချက်ရ ဘာစားစား စားလို့လဲမကောင်း ကိုယ်ချက် တာလဲလက်ရာမ ကောင်းတော့ ပိုဆိုးပါတယ်။

အစားစားချင်စိတ်လုံးဝမရှိ မကောင်းလဲ ဝင်အောင်စားရမယ်ဆိုတဲ့စိတ်နဲ့ မျိုချ🥴😅ရေနွေးငွေ့ရှူရ လေ့ကျင့် ခန်းလေးပြေးလုပ်ရ ရေနွေးတွေသောက်ရ ဂျင်းပြုတ်ရေ သောက်ရ တစ်နေ့ကိုရေ (4)လီတာပြည့်အောင်လဲ သောက်ရသေး တစ်နေကုန် သောက်လိုက် ပေါက်လိုက်ပဲ။ကျမ မနားရဖူး😂 ကိုဗစ်ဖြစ် တဲ့သူက တစ်နေကုန် အခန်းထဲနေ လှဲနေနား နေရပါမယ်ဆိုမှ ကိုယ့် ဒုက္ခနဲ့ကိုယ် မအားရဖူး လုပ်ပေးကိုင်ပေးမယ့်သူ မရှိတော့ ကိုယ်တိုင်အကုန်ထ လုပ်ရတယ် တော်သေး တယ်လုပ်နိုင်ကိုင်နိုင်လို့။

ရှောင်ပြေးလာ တုန်းက အင်္ကျီအဟောင်း 5 ထည်ပဲပါတယ် နေ့တိုင်း ချွေးတွေ အရမ်းထွက်တော့ တစ်နေ့ကိုအင်္ကျီ 3ထည်လောက် လဲရပါတယ် တစ်နေ့တစ်နေ့ ဒါဝတ်ဒါ လျှော်နဲ့ အလုပ်ကိုရှုပ်နေရော🙄😁 ။တစ်ချို့ရက်တွေဆို အိမ်သာ တတ်ပြီးချိန်နဲ့ ကိုယ်တိုင် ဟိုဟာလေးထချက် ဒီဟာလေး ထလုပ် နေရင်း လူက ချက်ချင်း အားနည်းလာ ပြီးခွေ ကျချင်တဲ့ အထိဖြစ်ဖူးတယ် အိပ်ယာထဲ ပြန်လှဲနေပြီး အသက်ရှူလေ့ကျင့်ခန်းလေး လုပ်လိုက်မှ မောတာခံသာတာ အရမ်းလဲ မောပါတယ် ချွဲကလဲ ဘာလိုထုတ်ထုတ်မကျပါ အမြဲလည် ပင်းမှာတစ်စို့လေး😥😅ကျမနေ့တိုင်း လိုလို မှောက်အိပ်ဖြစ်ပါတယ်။

မိန်းကလေးတွေ Period လာချိန်ပို ဂရုစိုက်စေချင်တယ် အဲ့အချိန် ရေချိုးမမှားဖို့ ခေါင်းလျှော်မမှားဖို့ အရေးကြီးပါတယ် ကျမအပါအဝင် သူငယ်ချင်း တော်တော်များများ Period အချိန်မှာ ကိုဗစ်ဖြစ်ကြလို့ပါ။လူငယ်တွေ ကတော့ 14ရက်ဆိုတာခံနိုင်ရည်ရှိတယ်ဆိုပေမယ့် အဲ့14ရက်ကတော့ Mentally တော်တော် ကိုထိပါတယ် ကိုဗစ်ဖြစ်တဲ့ သူတိုင်းကိုယ့်ကြောင့်သူ များကူးပါစေဆိုတဲ့စိတ် ဘယ်သူမှမရှိကြပါဖူး အဲ့ဒါကြောင့်ကိုဗစ်ဖြစ်တဲ့သူတွေကို အားပေးဖို့လိုပါတယ် ။ကိုဗစ်ဖြစ်တဲ့အချိန် Oxygen မရှူခဲ့ရ ကိုယ့်အား ကိုယ်ကိုးပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ကိုယ့်ကို ကိုယ်လဲ ကျေးဇူးတင် မိပါတယ် ကျမအခု (21)ရက်ပြည့်ပါပြီ မောတာ နဲ့ချွဲလေးနဲနဲ ကျန်သလိုဖြစ်တာပဲ ရှိပါတော့တယ်။

ကိုယ်တိုင်ကိုဗစ်ကိုအနိုင်တိုက် ထုတ်နေရချိန်မှာ လိုအပ်တဲ့ဆေးတွေအကုန် ရှာဝယ်ပေးတဲ့ ကိုရှမ်း အဝေးကနေဖုန်းနဲ့ညွှန်ကြားပေးတဲ့ မန်းလေးကဆရာမလေး အားပေး စကားပြော ကြတဲ့ သူငယ်ချင်းတွေ မိတ်ကောင်းဆွေ ကောင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်နော်🙏🏻ဒီချိန်မှာ ကျမအရမ်းကံ ကောင်းပါတယ် ကျမကိုခင်တဲ့ ချစ်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရပါတယ်……..။ ကျမအရမ်း ကံကောင်းပါတယ် ကျမဘေးမှာ အစစ်အမှန် ပေးတဲ့သူတွေသာရှိတယ်……….ကျမအရမ်းကံ ကောင်းပါတယ် ဒုက္ခရောက် တိုင်းကူညီပေးတဲ့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းတွေ အများကြီးရှိတယ်……..

ကျမအရမ်းကံ ကောင်းပါတယ် ဖြစ်လာသမျှ ပြသနာတိုင်းကို ရင်ဆိုင်နိုင်ဿတဲ့ အင်အားအပြည့်ရှိတဲ့ ကျမမှာ ကျမ ရှိတယ်……….ကျမရဲ့ မိတ်ကောင်းဆွေ ကောင်းသူငယ်ချင်းတွေ အားလုံးကိုလဲ အရမ်းကျေးဇူးတင်တယ် ကျေးဇူးဘယ်တော့ မှမမေ့ပါဖူး🙏🏻🙏🏻🙏🏻အားလုံးလဲစိတ်ဓါတ်မကျပါနဲ့နော်

ဒီကာလမှာ ကိုယ့်မှာ ရှိတဲ့ ကောင်းတဲ့ အရာတွေကိုပဲ များများတွေးပေးပါ မပျော် ပေမယ့်ပျေ ာ်အောင်နေကြပါ အားလုံးရောဂါ ကပ်ဘေးကင်း ဝေးကြပါစေရှင့်🥰🥰🥰 ပုံကတော့ အရင်ကပုံလေးပါ လှနေလို့😝😝😝” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာ ပေါ်မှာ တင်လာခဲ့တာပါ။ပရိသတ် ကြီးလည်း ခွန်အား ရအောင် ရတနာဗဟို ရဲ့ ကိုယ်တွေ့ ကိုဗစ် တိုက်ထုတ်ခဲ့ ပုံလောက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်..။

Source : Yandanar Bo’ s Facebook
Credit: Cele Active World

Add a Comment

Your email address will not be published. Required fields are marked *