ထုတ်ပြန်ထားတဲ့ Stay Home ကြေငြာချက်တွေနဲ့ ပတ်သက်လို့ မရှင်းရင် ဒါလေးကိုဖတ်ကြည့်ပါ….





၎-) သွားကိုသွားရတော့မယ်ဆိုရင် ၂ နည်းရှိတယ် လစာရမှဖြစ်မယ်ဆိုရင် အလုပ်တက်, လစာမရလည်းဖြစ်တယ်ဆိုရင် အလုပ်ထွက် လျှာတော့မရှည်နဲ့…








Unicode

ယခု ထုတ်ပြန်ထားတဲ့ အမိန်တွေနဲ့ ပတ်သက်လို့ မရှင်းရင် ဒါကိုဖတ်ကြည့်ပါ။

၁-) ၁၀၉/၁၁၀ အုပ်စု အိမ်မှာပဲ ဆက်နေပါ။ လတ်လျားလတ်လျား နဲ့ လျှောက်မသွားကြပါနဲ့ဦး။ ခင်ဗျားတို့ ပထွေး ကိုမြင့်က ရန်ကုန်မြို့ကောင်းကင်မှာ ပျံဝဲနေပါတယ်…

၂-) ရုံးတက်တက် မတက်တက် ဘာမှထူးမလာမယ့် အုပ်စုလည်း အိမ်မှာပဲဆက်နေပြီး လစာရသေးတယ်ဆိုရင် WFH ပဲလုပ်ကြ…

၃-) လူကြီးကဖုန်းဆက်ပြီး ဘာနေနေ သောက်ဂရုမစိုက်ဘူး ရုံးရောက်အောင်လာဆိုတဲ့ အုပ်စုကတော့ အသက်ကို ဖက်နဲ့ထုပ် ဘုရားတပြီး ရုံးတက်…

၄-) သွားကိုသွားရတော့မယ်ဆိုရင် ၂ နည်းရှိတယ် လစာရမှဖြစ်မယ်ဆိုရင် အလုပ်တက်, လစာမရလည်းဖြစ်တယ်ဆိုရင် အလုပ်ထွက် လျှာတော့မရှည်နဲ့…

၅-) အစိုးရကတော့ ခင်ဗျားတို့ကို ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ The world of married couple တို့ The king တို့ ကြည့်ပြီး ယောင်စိန်လုပ်နေစေချင်တယ်…

၆-) သို့သော် လုပ်ငန်းရှင်တွေ အလုပ်ပိတ်ထားရရင် လစာမပေးနိုင်ဖြစ်ပြီး ဘိုင်ပြတ်လို့ ငတ်ကြ ပြတ်ကြတဲ့အခါ ကိုမြင့်ထက်ပိုဆိုးမယ့် အရေးကိုလည်း တွေးပူရတယ်…

၇-) ဒီတော့ မတားတော့ဘူး သွားကြ။ မိုက်ခရိုဝေ့တွေ ရေခဲသေတ္တာတွေ မဖြည့်ဆည်းပေးနိုင်ပေမယ့် ဖောင်ကြီး မှာတော့ ရယ်ဒီလုပ်ထားပြီ…

၈-) အလုပ်ကို မတတ်သာလို့ သွားကြတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် ရန်သူတွေလို ဆက်ဆံ။ မခေါ်နိုင် မပြောနိုင် ပုံစံမျိုးနဲ့ ချေမိုးနေကြ…

၉-) ကိုယ့်လုပ်ဖော်ကိုင်ဖက်ကို တွေ့တဲ့အခါ ကိုယ့်စော်ကို ကြောင်တောင်နှိုက်တဲ့ အင်မတန်စက်ဆုပ်ရွံရှာပြီး မသတီစရာကောင်းတဲ့ လူတစ်ယောက်လို သဘောထား ခပ်ခွာခွာနေ…

၁၀-) တွေ့တဲ့ပစ္စည်းတွေတိုင်းမှာ ချေးပေနေတယ်လို့ မှတ်ယူပြီး မတို့ မထိ မကိုင် မကလိမိအောင် ကြပ်ကြပ် ဂရုစိုက်ပေး…

၁၁-) စားပိုးနင့်အောင်စား၊ ဝက်တစ်ကောင်လိုအိပ်၊ အားနေရင် လက်ဆေး၊ ပိုးသတ်ဆေးနဲ့ တွေ့ရာဖျန်း၊ အပြင်ထွက်ရင် မတ်အုပ်၊ လက်အိတ်စွပ် ဒီလောက်ဆို ခံသာမယ် ဒါပဲ…Credit;

Add a Comment

Your email address will not be published. Required fields are marked *