ကမာၻႀကီးေပၚ က အလွဆံုး အမိုက္ ဆုံး ေရကူးကန္မ်ား

ကမာၻ မွာ ရွိတဲ့ အရမ္းအံ့ၾသစ ရာေ ကာင္းတဲ့ ေရကူးကန္ေတြ အေၾကာင္း ပဲျဖစ္ပါတယ္။ ဘယ္ေ ရကူးကန္က အမိုက္ဆုံးျဖစ္သလဲ ဆိုတာကိုလ ည္း ေျပာသြားၾကပါအံဲုး။

(၁) Bronte Rock (ဘ႐ြန္ေတ ေရာ့ခ္)

Bronte Rock (ဘ႐ြန္ေတ ေရာ့ခ္

New South Wales မွာရွိတဲ့ ေရကူး ကန္ေတြထဲက လူအမ်ားကအလွဆုံး လို႔သတ္ မွတ္ေျပာဆိုၾကတဲ့ ေရကန္နဲ႕စလိုက္ၾ ကရေအာင္…။ ဒီေရကန္ႀကီးကေတာ့ မီတာသုံးဆယ္အက်ယ္ရွိၿပီး ကန္ႀကီးအနားမွာ ပင္လယ္လွို င္းေတြက လာလာရို က္ပါတယ္။ ေရကန္နဲ႕ပင္လယ္ရဲ႕ၾကားမွာ ေက်ာက္တုံး ကိုသုံးၿပီး ပါးလႊာတဲ့ၿခံစည္း ရိုးသဖြယ္ ကာရံထားပါတယ္။ ဒီလိုကာရံထားေပမယ့္ ပင္လယ္လွို င္းေတြကို မတားဆီးနိုင္ပါဘူး။ အထူးသျဖင့္ လွိုင္းအရမ္းၾကမ္းတဲ့အခါ ကန္ေပါင္ေပၚက လူေတြကိုပါ ရိုက္ခ်နိဳင္ပါတယ္။

Bronte Rock (ဘ႐ြန္ေတ ေရာ့ခ္

ဒါေပမယ့္ ဒီေရကန္ဟာ လူေတြအၾကားေ ရပန္းစားၿပီး လူအမ်ားအျပား သြားေရာက္ၾကတဲ့ေ နရာတစ္ခု ျဖစ္ေနပါတယ္။ တစ္ခါတစ္ေလလွို င္းအရမ္းၾကမ္း တဲ့အခါ ကန္ထဲက လူေတြကိုေတာင္ အႏၲရာယ္ျဖစ္ေ စနိုင္ပါတယ္။ အထူးသျဖင့္ အလြန္ၾက မ္းတမ္းတဲ့ လွိုင္းလုံးႀကီးေတြဟာ ေရကန္ အနီးအနားမွာရွိတဲ့ အေဆာက္အအုံေ တြကိုေတာင္ ပ်က္စီးေစနိုင္ပါတယ္။ သင္တို႔အေနနဲ႕ ဒီေရကန္ဟာ စြန႔္စားတတ္တဲ့ လူေတြအ တြက္ပဲလို ႔ထင္ရင္ေတာ့ မွားသြားမယ္ေနာ္။ ဒီေရကန္ကို ၁၈၈၇ ခုႏွစ္မွာ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး New South Wales မွာ ပထမဆုံးမွာ ေဆာက္လုပ္ ခဲ့တဲ့ေရကန္ျဖစ္ပါတယ္။

(၂) Seljavallalaug (ဆယ္လီယာ ဗယ္လယ္လာ)

Seljavallalaug (ဆယ္လီယာ ဗယ္လယ္လာ)

ဒီေရကန္မွာေတာ့ ဘာမွထူးထူးျခားျခားသိပ္မရွိပါဘူး။ ဒီေရကန္ဟာ တျခားေရကန္ေတြလိုပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေရကန္တည္ရွိရာေနရာနဲ႕အနီးအနားပတ္ဝန္းက်င္ကေတာ့ စိတ္ဝင္စားဖြယ္ရာေကာင္းလွပါတယ္။ ၂၅မီတာရွိတဲ့ ဒီေရကန္ဟာ အိုက္စလန္ရဲ႕ေတာင္ပိုင္းမွာတည္ရွိၿပီး ဒီေရကန္ကို ၁၉၂၃ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေရကန္က အဲ့ေဒသရဲ႕ သမိုင္းဝင္ေနရာတစ္ခုပဲျဖစ္ပါတယ္။

Seljavallalaug (ဆယ္လီယာ ဗယ္လယ္လာ)

၁၉၃၀ မတိုင္ခင္ထိကေတာ့ ဒီေရကန္ဟာ နိုင္ငံတစ္ခုလုံးမွာ အႀကီးဆုံးေရကူးကန္ျဖစ္ပါတယ္။ ဒီေနရာဟာ ခရီးသြားေတြအတြက္ေတာ့ေကာင္းမြန္တဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ေရကန္ထဲက ေရေတြဟာ ေႏြးေနၿပီး ေရကန္ရဲ႕အနီးတဝိုက္ျမင္ကြင္းကေတာ့ အိုက္စလန္ၿမိဳ႕ေလးလိုပဲ အလြန္ကိုလွပပါတယ္။

(၃) ေသမင္းေလာင္အိမ္

ေသမင္းေလာင္အိမ္

ေရကန္ထဲမွာ မိေက်ာင္းေတြရွိေနျခင္းဟာ လူကိုသက္ေတာင့္သက္သာျဖစ္ေစမွာေတာ့ မဟုတ္ပါဘူး။ အရင္ေခတ္တုန္းက အက်ဥ္းသားေတြကို မိေက်ာင္းစာေကြၽးတဲ့ ဘုရင္ေတြကို ျပန္သတိရမိေစပါတယ္။ ဒါေတြခဏထားပါ။ အခု ၂၁ရာစုမွာေတာ့ ဒီလိုတိရစာၦန္ေတြကို တျခားရည္႐ြယ္ခ်က္ေတြအတြက္ အသုံးျပဳပါလာၾကပါၿပီ။ ဥပမာ ခရီးသြားေတြကို ၾကက္သီးထသြားေစမယ့္ ေရကန္ေတြကိုေဆာက္လုပ္ၾကတာမ်ိဳးေပါ့။ ခရီးသြားေတြကို ဆလင္ဒါပုံမွန္အိမ္ထဲကိုထည့္ၿပီး မိေက်ာင္းေတြရွိတဲ့ေရကန္ထဲကို ထည့္လိုက္ပါတယ္။ ေရကန္တစ္ခါဝင္ရင္ ၁၅မိနစ္ၾကာၿပီး အဲဒီအခ်ိန္အတြင္းမွာ ျဖစ္သမွ်ေတြကိုေတာ့ သင္ ဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး။

ေသမင္းေလာင္အိမ္

ေသမင္းေလာင္အိမ္လို႔ ေခၚတာလည္းမေျပာနဲ႕။ အႏၲရာယ္ရွိတဲ့သတၱဝါေတြက ကိုယ့္အနားကိုအရမ္းကပ္ေနတာကိုး။ ဒါေပမယ့္ ဒီမွန္သားကေတာ့ သားရဲတိရစာၦန္ေတြရဲ႕တိုက္ခိုက္မႈကို ခံနိုင္ရည္ရွိေနလို႔ စိတ္ပူစရာေတာ့ မလိုပါဘူး။ မွန္ေပါင္ေပၚကအစင္းအရာကို ၾကည့္ျခင္းအားျဖင့္ မိေက်ာင္းဟာတစ္ခါမက တိုက္ခိုက္ ရန္မူခဲ့တာကို သိနိုင္ပါတယ္။ အဲ့ဒီေရကန္ရဲ႕ ပိုင္ရွင္ကေတာ့ ေသမင္းေလာင္အိမ္က လုံၿခဳံတယ္လို႔ေျပာပါတယ္။ ဒါေပမယ့္လည္း ဒီေရကန္ထဲကိုဝင္ဖို႔ အသက္အ႐ြယ္ ကန႔္သတ္မႈေတာ့ရွိပါတယ္တဲ့။ ပရိသတ္တို႔ေကာ ဘယ္လိုလဲ ။ ဝင္ရဲတဲ့သူေတြ ရွိၾကလားမသိဘူးေနာ္။

(၄) ႐ႊံ႕ေရကန္

႐ႊံ႕ေရကန္

ေရကန္အေတာ္မ်ားမ်ားကေတာ့ ပုံမွန္အားျဖင့္ ၾကည့္လင္သန႔္စင္ေနၾကတတ္ပါတယ္။ ဒါဆို ေရကန္ထဲမွာ ေရမဟုတ္ဘဲ ႐ႊံ႕ဆိုရင္ေရာ ဘယ္လိုလုပ္ၾကမလဲ။ အခုေျပာေနတဲ့ ႐ႊံ႕ကေတာ့ လမ္းေဘးေရေျမာင္းေတြမွာရွိတဲ့ ႐ႊံ႕ကိုေျပာတာမဟုတ္ပါဘူး။ ႐ႊံ႕မီးေတာင္ကလာတဲ့႐ႊံ႕ကိုေျပာတာပါ။ ႐ႊံ႕မီးေတာင္ဆိုတာ ကမာၻ႔မ်က္ႏွာျပင္မွာ ႐ႊံ႕ေတြကိုအေငြ႕မႈတ္ထုတ္ေနတာကို ဆိုလိုတာပဲျဖစ္ပါတယ္။ ဒီ႐ႊံ႕ေတြက အလြန္ပူတာေၾကာင့္ လူကိုထိခိုက္ဒဏ္ရာရေစနိုင္႐ုံသာမက ေသဆုံးသြားေစတဲ့အထိ ျဖစ္ေစနိုင္ပါတယ္။ ဒါေပမယ့္ လူေတြလက္ခံနိုင္ေလာက္တဲ့အပူခ်ိန္ေလာက္သာရွိတဲ့ ႐ႊံ႕မီးေတာင္ေတြကို ႐ႊံ႕ကန္လို႔ေျပာပါတယ္။

႐ႊံ႕ေရကန္

အဲဒီလိုကန္ေတြထဲက တစ္ခုကေတာ့ ထရင္နီဒတ္ကြၽန္းမွာတည္ရွိၿပီး ဒီေရကန္ဟာ တျခား႐ႊံ႕မီးေတာင္ေတြနဲ႕မတူဘဲ ေႏြးၿပီးေတာ့ ေရကူးဖို႔အတြက္ အလြန္အဆင္ေျပပါတယ္။ ဒီေရကန္ဟာ ဒိုက္ဗင္ထိုးဆင္းလို႔ေတာင္ရၿပီး တခါတေလအေပၚမွာေတာင္ ေပါေလာေမ်ာေနနိုင္ပါေသးတယ္။ ဒါေၾကာင့္ ဒီေရကန္ဟာ လူႀကိဳက္မ်ားတဲ့ေနရာတစ္ေနရာလည္းျဖစ္ပါတယ္။ ေရကူးၿပီးသြားတဲ့အခါ လူေတြဟာ ကမ္းနားလမ္းကေနလမ္းေလွ်ာက္ၿပီး ခႏၶာကိုယ္သန႔္ရွင္းဖို႔အတြက္ ပင္လယ္ကိုသြားၾကပါတယ္။

(၅) ဆာဖာရီက ေရကူးကန္

ဆာဖာရီက ေရကူးကန္

သင့္အေနနဲ႕ Safari ကိုႏွစ္သက္ၿပီး ေရကူးကန္မရွိဘဲနဲ႕လည္း မေနတတ္ဘူးဆိုရင္ေတာ့ ဝါသနာႏွစ္ခုစလုံးေပါင္းစပ္နိုင္တဲ့ေနရာေလးကို ေျပာျပေပးသြားပါမယ္။ ဒါကေတာ့ တိရစာၦန္ေတြကို ေရကန္ထဲကေန ၾကည့္လို႔ရတဲ့နည္းလမ္းေလးပဲျဖစ္ပါတယ္။ Tazania (တန္ဇန္းနီးယား) မွာရွိတဲ့ Safari တည္းခိုခန္းဟာ အဲဒီမွာရွိတဲ့ ေရကူးကန္ေၾကာင့္ နာမည္ႀကီးလွပါတယ္။ ဒီေနရာကေတာ့ တိရစာၦန္ခ်စ္သူေတြအတြက္ အေကာင္းဆုံးေနရာပဲျဖစ္ပါတယ္။ ဒီေရကန္ဟာ တိရစာၦန္ေတြေရလာေသာက္တဲ့ေနရာနဲ႕ မ်က္ႏွာခ်င္းဆိုင္လည္း ျဖစ္ၿပီး ဒီေရကန္မွာဆိုရင္ ခုံေပၚမွာထိုင္ရင္း ေကာ့ေတးေသာက္ရင္း နားမလား။

ဆာဖာရီက ေရကူးကန္

ဒါမွမဟုတ္ ေရကူးရင္းနဲ႕ ေနဝင္ေနထြက္ခ်ိန္ေတြမွာ တိရစာၦန္ေတြကိုၾကည့္မလား။ တခါတေလက်ရင္ ဒီေနရာကို ဆင္ေတြေတာင္လာၿပီး ေရလာေသာက္ၾကပါတယ္။ ဒါေပမယ့္ စိတ္ေတာ့မပူပါနဲ႕။ အဲဒီက ေရေတြဟာ လူေတြအတြက္ေရာ တိရစာၦန္ေတြအတြက္ပါ သန႔္ရွင္းပါတယ္။

(၆) အာမန္ဂီရီ

အာမန္ဂီရီ

အဆင့္ျမင့္တဲ့ဟိုတယ္ေတြရဲ႕ပိုင္ရွင္ေတြက ဟိုတယ္ထဲမွာရွိတဲ့ေရကူးကန္ကို စိတ္ထဲသိအ္မထားၾကပါဘူး။ သူတို႔အတြက္ အေရးႀကီးတာက ေရကူးကန္တစ္ခုရွိတယ္ဆို႐ုံပါပဲ။ ဒါေပမယ့္ အာမန္ဂီရီမွာေတာ့ အဲ့ဒီလို မဟုတ္ပါဘူး။ ဒီဟိုတယ္ကေတာ့ အရီဇိုးနားနယ္စပ္က ယူတာ့ခ္ၿမိဳ႕ရဲ႕ေတာင္ဘက္မွာရွိပါတယ္။ ဒါေၾကာင့္ ဒီေနရာကေန ေတာင္ကုန္း၊ လိုဏ္ဂူ၊ ျမက္ခင္းျပင္ေတြနဲ႕ တျခားလွပတဲ့ေနရာကို ျမင္ေတြ႕နိုင္ပါတယ္။ ပင္လယ္တို႔ သစ္ေတာတို႔ေတာ့ မပါဘူးေပါ့။ ဘာျဖစ္လို႔ ဒီေနရာမ်ိဳးမွာ ဟိုတယ္လာေဆာက္ထားရတာလဲ။ အာမန္ဂီရီဆိုတာ သာယာတဲ့ေတာင္တန္းလို႔ အဓိပၸါယ္ရပါတယ္။

အာမန္ဂီရီ

ဒါေၾကာင့္ ဟိုတယ္ကလည္း တိတ္ဆိတ္ၿပီး သာယာၿငိမ္သက္ေနပါတယ္။ ဒီေနရာမွာ သဘာဝနဲ႕လုံးဝထိေတြ႕နိုင္မွာပဲျဖစ္ၿပီး ေရကန္တစ္ကန္ဆိုရင္ ေက်ာက္တုံးေတြပတ္ၿပီး တည္ေဆာက္ထားတာျဖစ္ပါတယ္။ သင့္အေနနဲ႕ သဲကႏၲာရျမင္ကြင္းေတြနဲ႕ ေရကူးခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာကအသင့္ေတာ္ဆုံးပါပဲေနာ္။

(၇) မွန္စက္ဝိုင္းပုံစံေရကန္

မွန္စက္ဝိုင္းပုံစံေရကန္

ဒီေရကန္ဟာ Vancouver ဟိုတယ္မွာ တည္ရွိပါတယ္။ ဒီဟိုတယ္ဟာ အထပ္ေပါင္း ၂၁ထပ္ရွိၿပီး အခန္းေပါင္း ၄၃၅ခန္းရွိပါတယ္။ ဒီေနရာမွာ ေအာက္ေျခမွာမွန္ရွိတဲ့ ေရကန္တစ္ကန္ရွိပါၿပီး မီးလႈံတဲ့ေနရာ၊ ထမင္းစားခန္းနဲ႕ မီးဖိုးေခ်ာင္တို႔လည္း ရွိပါတယ္။ ေအာက္ေျခမွာမွန္ပါတဲ့ေရကန္ကို အျမင့္ပိုင္းမွာ တည္ေဆာက္ထားတာျဖစ္ၿပီး အေပၚကေနတြဲေလာင္းက်ေနတဲ့ ပုံစံမ်ိဳးေဆာက္လုပ္ထားတာပဲျဖစ္ပါတယ္။ ဒီလိုေရကူးကန္မ်ိဳးကို တျခားၿမိဳ႕ေတြမွာလည္း ေတြ႕နိုင္ေပမယ့္ ဒီေရကန္ေလာက္မေကာင္းမြန္ပါဘူး။ တြဲေလာင္းက်ေနတာ ေရကန္တစ္ခုလုံးေတာ့ မဟုတ္ဘူးေပါ့။ စက္ဝိုင္းပုံစံအပိုင္းတစ္ပိုင္းပဲျဖစ္ပါတယ္။ မွန္ဟာလည္း ႀကံ့ႀကံ့ခံၿပီး ျမင္ကြင္းဟာလည္း ဆိုရွယ္မီဒီယာေတြမွာတင္ဖို႔အတြက္ အေတာ္အဆင္ေျပပါတယ္။

(၈) တူ စူအာ

တူ စူအာ

ပစိဖိတ္သမုဒၵရာေတာင္ပိုင္းက မီးေတာင္တစ္လုံးရွိတဲ့ ယူပိုလူကြၽန္းဟာ တကယ့္ကိုခမ္းနားပါတယ္။ ဒီေနရာမွာ လူေပါင္းတစ္သိန္းေက်ာ္သာ ေနထိုင္ၾကပါတယ္။ ဒီကြၽန္းဟာ ကမာၻ႔အေသးဆုံးပင့္ကူေတြရဲ႕အိမ္လည္းျဖစ္ပါတယ္။ စာေရးဆရာ ေရာဘတ္လူးဝစ္စတီဗင္ဆန္က သူ႕ရဲ႕ေနာက္ဆုံးတစ္ႏွစ္ကို ဒီမွာေနထိုင္ခဲ့တာပါ။ ရတနာကြၽန္းကိုေရးသားခဲ့သူလည္း ျဖစ္ပါတယ္။ ခုေျပာျပမယ့္ ေရကန္ကေတာ့ ပင္လယ္ေရနက္တစ္ေနရာထဲက ေရကန္ပဲျဖစ္ပါတယ္။ အရင္ကေတာ့ မီးေတာင္ေက်ာက္ေတြနဲ႕ဖုံးကြယ္ေနတဲ့ ေနရာေလးျဖစ္ၿပီး ေရကန္အျမင့္ဟာ မီတာသုံးဆယ္ရွိပါတယ္။

တူ စူအာ

အလြန္ၾကည္လင္ျပတ္သားတဲ့ေရနဲ႕ သဲေျမဆီလႊာေၾကာင့္သာ တူစူအာေရကန္ဟာ Oceana (အိုရွန္နား) မွာ လူႀကိဳက္အမ်ားဆုံးေနရာတစ္ခုျဖစ္ပါတယ္။ ဒီေနရာမွာ ဒိုက္ဗင္ထိုးျခင္း ခုန္ခ်ျခင္းေတြကို လုံၿခဳံမႈရွိစြာျပဳလုပ္နိုင္ပါတယ္။ ဒီအေတြ႕အႀကဳံကို သက္ေတာင့္သက္သာျဖစ္ေစဖို႔အတြက္ ေလွခါးတစ္ခုကိုလည္း တပ္ဆင္ေပးထားပါတယ္။ ဒီကန္မွာရွိတဲ့ ေရက ဘာလို႔ ငန္ရတာလဲဆိုေတာ့ အဲ့ဒီဂူက ပစိဖိတ္သမုဒၵရာနဲ႕ဆက္သြယ္ထားလို႔ပဲျဖစ္ပါတယ္။ ပင္လယ္ေရဟာ မီးေတာင္ေက်ာက္ ေတြကို တိုက္စားသြားၿပီး ဒီလိုဂူအျဖစ္ကိုေျပာင္းလဲသြားေစတာပဲျဖစ္ပါတယ္။ ပရိသတ္တို႔ သိခ်င္ေနတဲ့ ေနာက္ဆုံးေရကန္က ဘယ္လိုမ်ိဳးလဲဆိုတာ ဆက္လက္ဖတ္ရႈလိုက္ပါေနာ္။

ပတ္ပတ္လည္ ၃၆၀ ဒီဂရီ ျမင္ရမယ့္ Infinity ေရကန္

ပတ္ပတ္လည္ ၃၆၀ ဒီဂရီ ျမင္ရမယ့္ Infinity ေရကန္

ဒီေရကန္ကိုေတာ့ လန္ဒန္ၿမိဳ႕ရဲ႕ ၅၅ ထပ္အျမင့္ရွိတဲ့ တိုက္ေပၚမွာ ေဆာက္လုပ္ဖို႔ စီစဥ္ထားၿပီး ပတ္ပတ္လည္ ၃၆၀ ဒီဂရီ ျမင္ရေအာင္ တည္ေဆာင္ထားမွာလည္း ျဖစ္ပါတယ္။ ကုန္က်စရိတ္ကေတာ့ ခန႔္မွန္းေျခ ေဒၚလာ ၂၁ သန္း ေလာက္ရွိတယ္လို႔ သိရပါတယ္။ ေရကန္ေအာက္ေျခကိုလည္း ျမင္ရေအာင္ မွန္အၾကည္ေတြနဲ႕ တည္ေဆာက္ထားမွာျဖစ္ၿပီး ေအာက္က ဧည့္သည္ေတြကိုလည္း အေပၚ လွမ္းျမင္ရေအာင္ တည္ေဆာက္ေပးထားမွာျဖစ္ပါတယ္။

ပတ္ပတ္လည္ ၃၆၀ ဒီဂရီ ျမင္ရမယ့္ Infinity ေရကန္

ေရကန္ထဲကို ဝင္တဲ့ စနစ္ကိုေတာ့ ေရငုတ္သေဘၤာစတိုင္ တည္ေဆာက္ထားတာျဖစ္ၿပီး လူတစ္ေယာက္ ေရကန္ထဲကို သြားခ်င္ၿပီဆိုရင္ လည္ပတ္ေနတဲ့ ေလွကားက ေရကန္ ၾကမ္းျပင္ေပၚကေန ေပၚထြက္လာမွာျဖစ္ပါတယ္ (ပုံမွာ မွ်ားထိုးျပထားသည္) ။ တကယ့္ကို ဂ်ိမ္းစဘြန္းဇာတ္ကားထဲက အတိုင္းပါပဲ။ ေဆာက္လုပ္သူရဲ႕ ေျပာၾကားခ်က္အရ သာမန္ ေလွကားတပ္ဆင္လို႔ ရေပမယ့္လည္း သာမန္ေလွကားက လွပတဲ့ ျမင္ကြင္းကို အေႏွာက္အယွက္ေပးမွာစိုးလို႔ မတပ္ဆင္ရတာလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ပရိသတ္တို႔ေကာ တစ္ေခါက္ေလာက္ေတာ့ မသြားခ်င္ဘူးလားေနာ္။ ေရကန္ထဲ သြားခ်င္ရင္ေတာ့ ေရေအာက္ကေန ဝင္သြားရမွာဆိုေတာ့ အျခားေရကန္ေတြနဲ႕ မတူတဲ့ ခံစားမႈမ်ိဳးကို ေပးစြမ္းမွာေတာ့ အေသအခ်ာပါပဲ။ Credit;

Unicode

ကမ္ဘာ မှာ ရှိတဲ့ အရမ်းအံ့သြစ ရာေ ကာင်းတဲ့ ရေကူးကန်တွေ အကြောင်း ပဲဖြစ်ပါတယ်။ ဘယ်ေ ရကူးကန်က အမိုက်ဆုံးဖြစ်သလဲ ဆိုတာကိုလ ည်း ပြောသွားကြပါအံဲုး။

(၁) Bronte Rock (ဘရွန်တေ ရော့ခ်)

Bronte Rock (ဘရွန်တေ ရော့ခ်

New South Wales မှာရှိတဲ့ ရေကူး ကန်တွေထဲက လူအများကအလှဆုံး လို့သတ် မှတ်ပြောဆိုကြတဲ့ ရေကန်နဲ့စလိုက်ြ ကရအောင်…။ ဒီရေကန်ကြီးကတော့ မီတာသုံးဆယ်အကျယ်ရှိပြီး ကန်ကြီးအနားမှာ ပင်လယ်လှို င်းတွေက လာလာရို က်ပါတယ်။ ရေကန်နဲ့ပင်လယ်ရဲ့ကြားမှာ ကျောက်တုံး ကိုသုံးပြီး ပါးလွှာတဲ့ခြံစည်း ရိုးသဖွယ် ကာရံထားပါတယ်။ ဒီလိုကာရံထားပေမယ့် ပင်လယ်လှို င်းတွေကို မတားဆီးနိုင်ပါဘူး။ အထူးသဖြင့် လှိုင်းအရမ်းကြမ်းတဲ့အခါ ကန်ပေါင်ပေါ်က လူတွေကိုပါ ရိုက်ချနိုင်ပါတယ်။

Bronte Rock (ဘရွန်တေ ရော့ခ်

ဒါပေမယ့် ဒီရေကန်ဟာ လူတွေအကြားေ ရပန်းစားပြီး လူအများအပြား သွားရောက်ကြတဲ့ေ နရာတစ်ခု ဖြစ်နေပါတယ်။ တစ်ခါတစ်လေလှို င်းအရမ်းကြမ်း တဲ့အခါ ကန်ထဲက လူတွေကိုတောင် အန္တရာယ်ဖြစ်ေ စနိုင်ပါတယ်။ အထူးသဖြင့် အလွန်ကြ မ်းတမ်းတဲ့ လှိုင်းလုံးကြီးတွေဟာ ရေကန် အနီးအနားမှာရှိတဲ့ အဆောက်အအုံေ တွကိုတောင် ပျက်စီးစေနိုင်ပါတယ်။ သင်တို့အနေနဲ့ ဒီရေကန်ဟာ စွန့်စားတတ်တဲ့ လူတွေအ တွက်ပဲလို့ထင်ရင်တော့ မှားသွားမယ်နော်။ ဒီရေကန်ကို ၁၈၈၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး New South Wales မှာ ပထမဆုံးမှာ ဆောက်လုပ် ခဲ့တဲ့ရေကန်ဖြစ်ပါတယ်။

(၂) Seljavallalaug (ဆယ်လီယာ ဗယ်လယ်လာ)

Seljavallalaug (ဆယ်လီယာ ဗယ်လယ်လာ)

ဒီရေကန်မှာတော့ ဘာမှထူးထူးခြားခြားသိပ်မရှိပါဘူး။ ဒီရေကန်ဟာ တခြားရေကန်တွေလိုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီရေကန်တည်ရှိရာနေရာနဲ့အနီးအနားပတ်ဝန်းကျင်ကတော့ စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။ ၂၅မီတာရှိတဲ့ ဒီရေကန်ဟာ အိုက်စလန်ရဲ့တောင်ပိုင်းမှာတည်ရှိပြီး ဒီရေကန်ကို ၁၉၂၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီရေကန်က အဲ့ဒေသရဲ့ သမိုင်းဝင်နေရာတစ်ခုပဲဖြစ်ပါတယ်။

Seljavallalaug (ဆယ်လီယာ ဗယ်လယ်လာ)

၁၉၃၀ မတိုင်ခင်ထိကတော့ ဒီရေကန်ဟာ နိုင်ငံတစ်ခုလုံးမှာ အကြီးဆုံးရေကူးကန်ဖြစ်ပါတယ်။ ဒီနေရာဟာ ခရီးသွားတွေအတွက်တော့ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ရေကန်ထဲက ရေတွေဟာ နွေးနေပြီး ရေကန်ရဲ့အနီးတဝိုက်မြင်ကွင်းကတော့ အိုက်စလန်မြို့လေးလိုပဲ အလွန်ကိုလှပပါတယ်။

(၃) သေမင်းလောင်အိမ်

သေမင်းလောင်အိမ်

ရေကန်ထဲမှာ မိကျောင်းတွေရှိနေခြင်းဟာ လူကိုသက်တောင့်သက်သာဖြစ်စေမှာတော့ မဟုတ်ပါဘူး။ အရင်ခေတ်တုန်းက အကျဉ်းသားတွေကို မိကျောင်းစာကျွေးတဲ့ ဘုရင်တွေကို ပြန်သတိရမိစေပါတယ်။ ဒါတွေခဏထားပါ။ အခု ၂၁ရာစုမှာတော့ ဒီလိုတိရစ္ဆာန်တွေကို တခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုပါလာကြပါပြီ။ ဥပမာ ခရီးသွားတွေကို ကြက်သီးထသွားစေမယ့် ရေကန်တွေကိုဆောက်လုပ်ကြတာမျိုးပေါ့။ ခရီးသွားတွေကို ဆလင်ဒါပုံမှန်အိမ်ထဲကိုထည့်ပြီး မိကျောင်းတွေရှိတဲ့ရေကန်ထဲကို ထည့်လိုက်ပါတယ်။ ရေကန်တစ်ခါဝင်ရင် ၁၅မိနစ်ကြာပြီး အဲဒီအချိန်အတွင်းမှာ ဖြစ်သမျှတွေကိုတော့ သင် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။

သေမင်းလောင်အိမ်

သေမင်းလောင်အိမ်လို့ ခေါ်တာလည်းမပြောနဲ့။ အန္တရာယ်ရှိတဲ့သတ္တဝါတွေက ကိုယ့်အနားကိုအရမ်းကပ်နေတာကိုး။ ဒါပေမယ့် ဒီမှန်သားကတော့ သားရဲတိရစ္ဆာန်တွေရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေလို့ စိတ်ပူစရာတော့ မလိုပါဘူး။ မှန်ပေါင်ပေါ်ကအစင်းအရာကို ကြည့်ခြင်းအားဖြင့် မိကျောင်းဟာတစ်ခါမက တိုက်ခိုက် ရန်မူခဲ့တာကို သိနိုင်ပါတယ်။ အဲ့ဒီရေကန်ရဲ့ ပိုင်ရှင်ကတော့ သေမင်းလောင်အိမ်က လုံခြုံတယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း ဒီရေကန်ထဲကိုဝင်ဖို့ အသက်အရွယ် ကန့်သတ်မှုတော့ရှိပါတယ်တဲ့။ ပရိသတ်တို့ကော ဘယ်လိုလဲ ။ ဝင်ရဲတဲ့သူတွေ ရှိကြလားမသိဘူးနော်။

(၄) ရွှံ့ရေကန်

ရွှံ့ရေကန်

ရေကန်အတော်များများကတော့ ပုံမှန်အားဖြင့် ကြည့်လင်သန့်စင်နေကြတတ်ပါတယ်။ ဒါဆို ရေကန်ထဲမှာ ရေမဟုတ်ဘဲ ရွှံ့ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။ အခုပြောနေတဲ့ ရွှံ့ကတော့ လမ်းဘေးရေမြောင်းတွေမှာရှိတဲ့ ရွှံ့ကိုပြောတာမဟုတ်ပါဘူး။ ရွှံ့မီးတောင်ကလာတဲ့ရွှံ့ကိုပြောတာပါ။ ရွှံ့မီးတောင်ဆိုတာ ကမ္ဘာ့မျက်နှာပြင်မှာ ရွှံ့တွေကိုအငွေ့မှုတ်ထုတ်နေတာကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဒီရွှံ့တွေက အလွန်ပူတာကြောင့် လူကိုထိခိုက်ဒဏ်ရာရစေနိုင်ရုံသာမက သေဆုံးသွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လူတွေလက်ခံနိုင်လောက်တဲ့အပူချိန်လောက်သာရှိတဲ့ ရွှံ့မီးတောင်တွေကို ရွှံ့ကန်လို့ပြောပါတယ်။

ရွှံ့ရေကန်

အဲဒီလိုကန်တွေထဲက တစ်ခုကတော့ ထရင်နီဒတ်ကျွန်းမှာတည်ရှိပြီး ဒီရေကန်ဟာ တခြားရွှံ့မီးတောင်တွေနဲ့မတူဘဲ နွေးပြီးတော့ ရေကူးဖို့အတွက် အလွန်အဆင်ပြေပါတယ်။ ဒီရေကန်ဟာ ဒိုက်ဗင်ထိုးဆင်းလို့တောင်ရပြီး တခါတလေအပေါ်မှာတောင် ပေါလောမျောနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီရေကန်ဟာ လူကြိုက်များတဲ့နေရာတစ်နေရာလည်းဖြစ်ပါတယ်။ ရေကူးပြီးသွားတဲ့အခါ လူတွေဟာ ကမ်းနားလမ်းကနေလမ်းလျှောက်ပြီး ခန္ဓာကိုယ်သန့်ရှင်းဖို့အတွက် ပင်လယ်ကိုသွားကြပါတယ်။

(၅) ဆာဖာရီက ရေကူးကန်

ဆာဖာရီက ရေကူးကန်

သင့်အနေနဲ့ Safari ကိုနှစ်သက်ပြီး ရေကူးကန်မရှိဘဲနဲ့လည်း မနေတတ်ဘူးဆိုရင်တော့ ဝါသနာနှစ်ခုစလုံးပေါင်းစပ်နိုင်တဲ့နေရာလေးကို ပြောပြပေးသွားပါမယ်။ ဒါကတော့ တိရစ္ဆာန်တွေကို ရေကန်ထဲကနေ ကြည့်လို့ရတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ Tazania (တန်ဇန်းနီးယား) မှာရှိတဲ့ Safari တည်းခိုခန်းဟာ အဲဒီမှာရှိတဲ့ ရေကူးကန်ကြောင့် နာမည်ကြီးလှပါတယ်။ ဒီနေရာကတော့ တိရစ္ဆာန်ချစ်သူတွေအတွက် အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ ဒီရေကန်ဟာ တိရစ္ဆာန်တွေရေလာသောက်တဲ့နေရာနဲ့ မျက်နှာချင်းဆိုင်လည်း ဖြစ်ပြီး ဒီရေကန်မှာဆိုရင် ခုံပေါ်မှာထိုင်ရင်း ကော့တေးသောက်ရင်း နားမလား။

ဆာဖာရီက ရေကူးကန်

ဒါမှမဟုတ် ရေကူးရင်းနဲ့ နေဝင်နေထွက်ချိန်တွေမှာ တိရစ္ဆာန်တွေကိုကြည့်မလား။ တခါတလေကျရင် ဒီနေရာကို ဆင်တွေတောင်လာပြီး ရေလာသောက်ကြပါတယ်။ ဒါပေမယ့် စိတ်တော့မပူပါနဲ့။ အဲဒီက ရေတွေဟာ လူတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ပါ သန့်ရှင်းပါတယ်။

(၆) အာမန်ဂီရီ

အာမန်ဂီရီ

အဆင့်မြင့်တဲ့ဟိုတယ်တွေရဲ့ပိုင်ရှင်တွေက ဟိုတယ်ထဲမှာရှိတဲ့ရေကူးကန်ကို စိတ်ထဲသိအ်မထားကြပါဘူး။ သူတို့အတွက် အရေးကြီးတာက ရေကူးကန်တစ်ခုရှိတယ်ဆိုရုံပါပဲ။ ဒါပေမယ့် အာမန်ဂီရီမှာတော့ အဲ့ဒီလို မဟုတ်ပါဘူး။ ဒီဟိုတယ်ကတော့ အရီဇိုးနားနယ်စပ်က ယူတာ့ခ်မြို့ရဲ့တောင်ဘက်မှာရှိပါတယ်။ ဒါကြောင့် ဒီနေရာကနေ တောင်ကုန်း၊ လိုဏ်ဂူ၊ မြက်ခင်းပြင်တွေနဲ့ တခြားလှပတဲ့နေရာကို မြင်တွေ့နိုင်ပါတယ်။ ပင်လယ်တို့ သစ်တောတို့တော့ မပါဘူးပေါ့။ ဘာဖြစ်လို့ ဒီနေရာမျိုးမှာ ဟိုတယ်လာဆောက်ထားရတာလဲ။ အာမန်ဂီရီဆိုတာ သာယာတဲ့တောင်တန်းလို့ အဓိပ္ပါယ်ရပါတယ်။

အာမန်ဂီရီ

ဒါကြောင့် ဟိုတယ်ကလည်း တိတ်ဆိတ်ပြီး သာယာငြိမ်သက်နေပါတယ်။ ဒီနေရာမှာ သဘာဝနဲ့လုံးဝထိတွေ့နိုင်မှာပဲဖြစ်ပြီး ရေကန်တစ်ကန်ဆိုရင် ကျောက်တုံးတွေပတ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ သဲကန္တာရမြင်ကွင်းတွေနဲ့ ရေကူးချင်တယ်ဆိုရင်တော့ ဒီနေရာကအသင့်တော်ဆုံးပါပဲနော်။

(၇) မှန်စက်ဝိုင်းပုံစံရေကန်

မှန်စက်ဝိုင်းပုံစံရေကန်

ဒီရေကန်ဟာ Vancouver ဟိုတယ်မှာ တည်ရှိပါတယ်။ ဒီဟိုတယ်ဟာ အထပ်ပေါင်း ၂၁ထပ်ရှိပြီး အခန်းပေါင်း ၄၃၅ခန်းရှိပါတယ်။ ဒီနေရာမှာ အောက်ခြေမှာမှန်ရှိတဲ့ ရေကန်တစ်ကန်ရှိပါပြီး မီးလှုံတဲ့နေရာ၊ ထမင်းစားခန်းနဲ့ မီးဖိုးချောင်တို့လည်း ရှိပါတယ်။ အောက်ခြေမှာမှန်ပါတဲ့ရေကန်ကို အမြင့်ပိုင်းမှာ တည်ဆောက်ထားတာဖြစ်ပြီး အပေါ်ကနေတွဲလောင်းကျနေတဲ့ ပုံစံမျိုးဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒီလိုရေကူးကန်မျိုးကို တခြားမြို့တွေမှာလည်း တွေ့နိုင်ပေမယ့် ဒီရေကန်လောက်မကောင်းမွန်ပါဘူး။ တွဲလောင်းကျနေတာ ရေကန်တစ်ခုလုံးတော့ မဟုတ်ဘူးပေါ့။ စက်ဝိုင်းပုံစံအပိုင်းတစ်ပိုင်းပဲဖြစ်ပါတယ်။ မှန်ဟာလည်း ကြံ့ကြံ့ခံပြီး မြင်ကွင်းဟာလည်း ဆိုရှယ်မီဒီယာတွေမှာတင်ဖို့အတွက် အတော်အဆင်ပြေပါတယ်။

(၈) တူ စူအာ

တူ စူအာ

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက မီးတောင်တစ်လုံးရှိတဲ့ ယူပိုလူကျွန်းဟာ တကယ့်ကိုခမ်းနားပါတယ်။ ဒီနေရာမှာ လူပေါင်းတစ်သိန်းကျော်သာ နေထိုင်ကြပါတယ်။ ဒီကျွန်းဟာ ကမ္ဘာ့အသေးဆုံးပင့်ကူတွေရဲ့အိမ်လည်းဖြစ်ပါတယ်။ စာရေးဆရာ ရောဘတ်လူးဝစ်စတီဗင်ဆန်က သူ့ရဲ့နောက်ဆုံးတစ်နှစ်ကို ဒီမှာနေထိုင်ခဲ့တာပါ။ ရတနာကျွန်းကိုရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ခုပြောပြမယ့် ရေကန်ကတော့ ပင်လယ်ရေနက်တစ်နေရာထဲက ရေကန်ပဲဖြစ်ပါတယ်။ အရင်ကတော့ မီးတောင်ကျောက်တွေနဲ့ဖုံးကွယ်နေတဲ့ နေရာလေးဖြစ်ပြီး ရေကန်အမြင့်ဟာ မီတာသုံးဆယ်ရှိပါတယ်။

တူ စူအာ

အလွန်ကြည်လင်ပြတ်သားတဲ့ရေနဲ့ သဲမြေဆီလွှာကြောင့်သာ တူစူအာရေကန်ဟာ Oceana (အိုရှန်နား) မှာ လူကြိုက်အများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ဒိုက်ဗင်ထိုးခြင်း ခုန်ချခြင်းတွေကို လုံခြုံမှုရှိစွာပြုလုပ်နိုင်ပါတယ်။ ဒီအတွေ့အကြုံကို သက်တောင့်သက်သာဖြစ်စေဖို့အတွက် လှေခါးတစ်ခုကိုလည်း တပ်ဆင်ပေးထားပါတယ်။ ဒီကန်မှာရှိတဲ့ ရေက ဘာလို့ ငန်ရတာလဲဆိုတော့ အဲ့ဒီဂူက ပစိဖိတ်သမုဒ္ဒရာနဲ့ဆက်သွယ်ထားလို့ပဲဖြစ်ပါတယ်။ ပင်လယ်ရေဟာ မီးတောင်ကျောက် တွေကို တိုက်စားသွားပြီး ဒီလိုဂူအဖြစ်ကိုပြောင်းလဲသွားစေတာပဲဖြစ်ပါတယ်။ ပရိသတ်တို့ သိချင်နေတဲ့ နောက်ဆုံးရေကန်က ဘယ်လိုမျိုးလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ပါနော်။

ပတ်ပတ်လည် ၃၆၀ ဒီဂရီ မြင်ရမယ့် Infinity ရေကန်

ပတ်ပတ်လည် ၃၆၀ ဒီဂရီ မြင်ရမယ့် Infinity ရေကန်

ဒီရေကန်ကိုတော့ လန်ဒန်မြို့ရဲ့ ၅၅ ထပ်အမြင့်ရှိတဲ့ တိုက်ပေါ်မှာ ဆောက်လုပ်ဖို့ စီစဉ်ထားပြီး ပတ်ပတ်လည် ၃၆၀ ဒီဂရီ မြင်ရအောင် တည်ဆောင်ထားမှာလည်း ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ ခန့်မှန်းခြေ ဒေါ်လာ ၂၁ သန်း လောက်ရှိတယ်လို့ သိရပါတယ်။ ရေကန်အောက်ခြေကိုလည်း မြင်ရအောင် မှန်အကြည်တွေနဲ့ တည်ဆောက်ထားမှာဖြစ်ပြီး အောက်က ဧည့်သည်တွေကိုလည်း အပေါ် လှမ်းမြင်ရအောင် တည်ဆောက်ပေးထားမှာဖြစ်ပါတယ်။

ပတ်ပတ်လည် ၃၆၀ ဒီဂရီ မြင်ရမယ့် Infinity ရေကန်

ရေကန်ထဲကို ဝင်တဲ့ စနစ်ကိုတော့ ရေငုတ်သငေ်္ဘာစတိုင် တည်ဆောက်ထားတာဖြစ်ပြီး လူတစ်ယောက် ရေကန်ထဲကို သွားချင်ပြီဆိုရင် လည်ပတ်နေတဲ့ လှေကားက ရေကန် ကြမ်းပြင်ပေါ်ကနေ ပေါ်ထွက်လာမှာဖြစ်ပါတယ် (ပုံမှာ မျှားထိုးပြထားသည်) ။ တကယ့်ကို ဂျိမ်းစဘွန်းဇာတ်ကားထဲက အတိုင်းပါပဲ။ ဆောက်လုပ်သူရဲ့ ပြောကြားချက်အရ သာမန် လှေကားတပ်ဆင်လို့ ရပေမယ့်လည်း သာမန်လှေကားက လှပတဲ့ မြင်ကွင်းကို အနှောက်အယှက်ပေးမှာစိုးလို့ မတပ်ဆင်ရတာလို့ ဆိုပါတယ်။

ဒါကြောင့် ပရိသတ်တို့ကော တစ်ခေါက်လောက်တော့ မသွားချင်ဘူးလားနော်။ ရေကန်ထဲ သွားချင်ရင်တော့ ရေအောက်ကနေ ဝင်သွားရမှာဆိုတော့ အခြားရေကန်တွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာတော့ အသေအချာပါပဲ။ Credit;

Add a Comment

Your email address will not be published. Required fields are marked *