ကျောက်ဖြူရေနက် ဆိပ်ကမ်း ကို တရုတ်ကြီး လက်မလွှတ်နိုင်တဲ့ အကြောင်းရင်း
ကျောက်ဖြူရေနက် ဆိပ်ကမ်း ကို တရုတ်ကြီး လက်မလွှတ်နိုင်တဲ့ အကြောင်းရင်း
ကျောက်ဖြူရေနက် ဆိပ်ကမ်း ကို တရုတ်ကြီး လက်မလွှတ်နိုင်တဲ့ အကြောင်းရင်း
ကျောက်ဖြူရေနက် ဆိပ်ကမ်း ကို တရုတ်ကြီး လက်မလွှတ်နိုင်တဲ့ အကြောင်းရင်း
မြန်မာ့လက်ရှိ အကြီးဆုံး ရန်ကုန် ဆိပ်ကမ်းဟာ တန်ချိန် တစ်သောင်း အထိ ပင်လယ်ကူး သင်္ဘောတွေ ကိုသာ လက်ခံနိုင်ပေမယ့် ၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း ဟာ တန်ချိန် သုံးသိန်း အထိ သင်္ဘောကြီးတွေ ဆိုက်ကပ်လာနိုင် ပါလိမ့်မည် ။
ကျောက်ဖြူရေနက် ဆိပ်ကမ်း ကို တရုတ်ကြီး လက်မလွှတ်နိုင်တဲ့ အကြောင်းရင်း
ကျောက်ဖြူရေနက် ဆိပ်ကမ်း ကို တရုတ်ကြီး လက်မလွှတ်နိုင်တဲ့ အကြောင်းရင်း
Unicode
အဘတို့နဲ့ပေါင်းပြီး တရုတ်တို့ အပိုင်ချည်ထား ခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဟာ မမျှတတဲ့ စာချုပ် စည်းကမ်းတွေကြောင့် အရပ်သား အစိုးရလက်ထက်မှာ ဆိုင်းငံ့ခံခဲ့ ရပါတယ်။
စစ်အစိုးရနဲ့ စာချုပ်အရ အကျိုးအမြတ်ခွဲဝေမှု အချိုးဟာ တရုတ် ၈၅ % ၊ မြန်မာ ၁၅ % ပဲ ရမှာကို ၊ ပြည်သူ့အစိုးရ လက်ထက်မှာ တရုတ် ၇၀% ၊ မြန်မာ ၃၀% အထိ ဆွဲတင်နိုင်ခဲ့ရ ပါတယ်။
ဒါ့အပြင် တရုတ်တို့အဆိုပြုတဲ့ ကန်ဒေါ်လာသန်း ၇၅၀၀ ဖိုးရင်းနှီးမြှုပ်နှံမယ့် အကြံ ကိုလည်း မြန်မာဖက် က ၁၃၀၀ အထိလျှော့ချပစ် လိုက်ကာ တရုတ်တို့ရဲ့ အကြွေးထောင်ချောက် မှ ရှောင်ရှားနိုင်ခဲ့ ရပါတယ်။
ကျောက်ဖြူရေနက် ဆိပ်ကမ်းဟာ ပထဝီနိုင်ငံရေး အရ မဟာဗျူဟာမြောက်နေရာ သာမက ၊ သဘာဝတရား ရဲ့ မျက်နှာသာပေးခြင်းအရဖြစ်တည်နေ တဲ့ ရေအနက် ၂၅ မီတာ၊ လေမုန်တိုင်းရန်ကနေ ကင်းလွတ်နေခြင်း စတဲ့ ရေနက်ဆိပ်ကမ်း တို့မှာ ရှိရမယ့် ကြန်အင် လက္ခဏာတွေနဲ့လည်း ပြည့်စုံနေ ပါသေးတယ် ။
မြန်မာ့လက်ရှိ အကြီးဆုံး ရန်ကုန် ဆိပ်ကမ်းဟာ တန်ချိန် တစ်သောင်း အထိ ပင်လယ်ကူး သငေ်္ဘာတွေ ကိုသာ လက်ခံနိုင်ပေမယ့် ၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း ဟာ တန်ချိန် သုံးသိန်း အထိ သငေ်္ဘာကြီးတွေ ဆိုက်ကပ်လာနိုင် ပါလိမ့်မည် ။
ဒါ့အပြင် ဥရောပ၊ အာဖရိက နဲ့ အရှေ့ အလယ်ပိုင်း‌ေ ဒသတွေကနေလာ မယ့် ကုန်စည် ပစ္စည်းတွေ နဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့တွေကိုပါ၊ အရင်လို ရေကြောင်းကျပ်တည်းတဲ့ မလက္ကာရေလက်ကြား ကို ဖြတ်သန်းသွားစရာမလိုတော့တဲ့ အတွက် ကုန်ကျစရိတ်နဲ့ အချိန်ကို သက်သာစေအုံး မှာဖြစ်ပါတယ်။
တရုတ်တို့ရဲ့ ကုန်းတွင်းပိတ်ပြည်နယ် ယူနန်ကထွက် တဲ့ ကုန်ပစ္စည်းတွေ ကို ပြည်ပတင်ပို့ရာ မှာလည်း မြန်မာပြည်ကို ဖြတ်‌ဖောက်ထားတဲ့ ကား၊ ရထားလမ်းမတွေက တဆင့် တင်ပို့နိုင်အုံးမှာ မို့ တရုတ်တို့ ဘယ်လို မှ လက်လွှတ် အဆုံးရှုံးမခံနိုင် တဲ့ နောက်ထပ် စီမံကိန်း တစ်ခုပဲဖြစ် ပါ တယ် ။ Zin Min Nyein & Ko Ko Lay
Add a Comment
Your email address will not be published. Required fields are marked *