အာရှနိုင်ငံများ အတွင်းက အချမ်းသာဆုံး လူပုဂ္ဂိုလ် (၁၀)ယောက်
(၁၀) He Xiangjian
He Xiangjian
(၉) Hui Ka Yan
Hui Ka Yan
(၈) Yang Huiyan
Yang Huiyan
(၇) Li Ka-Shing
Li Ka-Shing
(၆) Tadashi Yanai
Tadashi Yanai
(၅) William Ding
William Ding
(၄) Colin Huang
Colin Huang
(၃) Pony Ma
Pony Ma
(၂) Jack Ma
Jack Ma
(၁) Mukesh Ambani
Mukesh Ambani
ref- BI
Unicode
အခု တစ်ခေါက် တင်ဆက်ေ ပးသွားမ ယ့်အကြောင်း အရာ ကတော့ အာ ရှဒေသမှာ အချမ်းသာ ဆုံးလူပုဂ္ဂိုလ် (၁၀)ယောက် ပဲဖြစ်ပါတယ်။ အခုစာရင်းကတော့ နှစ်စဉ်နှစ်တိုင်း စီးပွားရေးမ ဂ္ဂဇင်းကြီးတွေနဲ့ ကုန်သွ ယ်မှုကိစ္စရ ပ်တွေကို ဦးစားပေးဖော်ပြတဲ့ မီဒီယာတွေ ကနေ ကမ္ဘာ့အချမ်း သာဆုံးလူပုဂ္ဂို လ်တွေကို ရွေးချ ယ်ခဲ့တဲ့အထဲက ရွေးချယ်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။ အာရှက ဘယ်လူပုဂ္ဂို လ်တွေက အချမ်းသာ ဆုံးစာရင်း ဝင်လဲဆိုတာ ကြည့်လိုက်ကြရအောင်။
(၁၀) He Xiangjian
He Xiangjian
သူကေ တာ့ မြန်မာနိုင်ငံ အပါအဝင် အခြားအာရှနိုင်ငံတွေရဲ့ ဈေးကွက် အတွင်းမှာ နေရာယူထားတဲ့ Midea အမှတ်တံဆိပ် ရေခဲသေတ္တာတွေ၊ အဝတ်လျှော်စက်တွေ၊ ပန်ကာတွေ စတဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့သူပါ။ သူဟာ ၁၉၆၈ ခုနှစ်မှာ စီးပွားရေးနယ်ပယ်ထဲကို ပလတ်စတစ်လုပ်ငန်းနဲ့ စတင်ဝင်ရောက်လာပါတယ်။ ဒီနောက်မှာတော့ တဖြေးဖြေးနဲ့ စီးပွားရေးနယ်ပယ်ချဲ့ထွင်လာခဲ့ပြီး အခုလို ကမ္ဘာကသိတဲ့ ကုန်ထုတ်စက်ရုံလုပ်ငန်းတစ်ခုဖြစ်လာအောင် ကြိုးစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Midea ကုမ္ပဏီကို ဦးစီးဦးဆောင်လုပ်ခဲ့သူတစ်ယောက်ဆိုပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ ကုမ္ပဏီရဲ့ အရေးပါတဲ့နေရာကနေ ဆင်းပေးခဲ့ပြီး သားဖြစ်သူလက်ထဲ ရာထူးလက်ဆင့်ကမ်းပေးခဲ့ပါတယ်။
(၉) Hui Ka Yan
Hui Ka Yan
သူက တရုတ်နိုင်ငံရဲ့ အဆင့်မြင့်အိ မ်ရာလုပ်င န်းတွေနဲ့ အိမ်ခြံမြေကိစ္စတွေမှာ နာမည်ကြီးတဲ့ China Evergrande Group ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူတစ်ယောက်ဖြစ်ပါတယ်။ China Evergrande Group ကုမ္ပဏီဟာ တရုတ်နိုင်ငံတစ်ခုလုံးရဲ့ မြို့ပေါင်း ၃၀၀ လောက်မှာ တိုက်တာအဆောက်အဦတွေကို ဆောက်လုပ်ပေးခဲ့တဲ့ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ သူက အဆိုပါ ကုမ္ပဏီကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အခုလိုမျိုး အောင်မြင်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
(၈) Yang Huiyan
Yang Huiyan
ဒီအမျိုးသမီးကတော့ အာရှဒေသရဲ့ တစ်ဦးတည်းသော အချမ်းသာဆုံးအမျိုးသမီးလုပ်ငန်းရှင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမ အာရှဒေသ အချမ်းသာဆုံးလူပုဂ္ဂိုလ် (၁၀)ယောက်ထဲမှာ ပါတစ်ဦးတည်းသောအမျိုးသမီးပဲဖြစ်ပါတယ်။ သူမ ပိုင်ဆိုင်မှုရဲ့ ထက်ဝက်ကျော်လောက်ဟာ ဖခင်ဖြစ်သူထံမှ အမွေတွေထံမှ ရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ Country Garden Holdings လို့ ခေါ်တဲ့ ဟောင်ကောင်အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီဟာ သူမရဲ့ ဖခင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သူမဟာ အဲဒီကုမ္ပဏီမှာ ရှယ်ယာ ၅၇%ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အဆိုပါ ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ တိုက်တာအဆောက်အဦတွေ၊ ဟိုတယ်တွေကို တာဝန်ယူဆောက်လုပ်နေတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Bright Scholar Education Holdings လို့ ခေါ်တဲ့ ပညာရေးကုမ္ပဏီတစ်ခုမှာလည်း ဥက္ကဌအဖြစ် တာဝန်ယူထားပါသေးတယ်။
(၇) Li Ka-Shing
Li Ka-Shing
ဒီပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံနဲ့ ရင်းနှီးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ လီကာရှင်းဟာ ဟောင်ကောင်ရဲ့ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ပြီး နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့စီးပွားရေးကျွမ်းကျင်မှုနဲ့ အမြော်အမြင်ရှိမှုတွေဟာ တခြားစီးပွားရေးသမားတွေအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပြီး သူမတူတဲ့ စွမ်းဆောင်ရည်ရှိမှုတွေကြောင့် သူ့ကို ဟောင်ကောင်ရဲ့ စူပါမန်းလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ လီကာရှင်းဟာ CK Hutchison Holdings ကုမ္ပဏီနဲ့ CK Asset Holdingsလို့ အမည်ပေးထားတဲ့ ကုမ္ပဏီ နှစ်ခုတို့ကို တည်ထောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(၆) Tadashi Yanai
Tadashi Yanai
သူကတော့ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး Uniqlo လို့ခေါ်တဲ့ ပစ္စည်းအရောင်းဆိုင်တွေကို ဦးစီးဦးဆောင်ပြုလုပ်ခဲ့သူပါ။ သူဟာ အာရှဒေသရဲ့ အဝတ်အထည်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတဲ့ အဝတ်အထည်ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ထားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းတွေဟာ ဂျပန်နိုင်ငံထဲမှာ အင်မတန်ထင်ရှားပြီး နိုင်ငံအနှံ့မှာ ဆိုင်ခွဲပေါင်း ၁,၀၀၀ နီးပါးခန့်ဖွင့်လှစ်ထားပါတယ်။
(၅) William Ding
William Ding
သူကတော့ တရုတ်နိုင်ငံက အင်တာနက်ဂိမ်းလုပ်ငန်းနဲ့ ချမ်းသာလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဘေဂျင်းအခြေစိုက် NetEase ကုမ္ပဏီကို ဦးစီးဦးဆောင် ပြုလုပ်နေသူတစ်ယောက်ဖြစ်ပြီး အဲဒီကုမ္ပဏီကထုတ်တဲ့ Overwatch နဲ့ Westward Journey ဂိမ်းတို့က တရုတ်နိုင်ငံအတွင်းမှာ အင်မတန်လူကြိုက်များပြီး ဆော့ကစားသူအများအပြားရှိတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ NetEase ကုမ္ပဏီဟာ Blizzard Entertainment ကုမ္ပဏီနဲ့ Microsoft subsidiary Mojangတို့နဲ့ ပူးပေါင်းပြီး တခြားဂိမ်းအသစ်တွေကို ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ NetEase ကုမ္ပဏီဟာ ဂိမ်းလုပ်ငန်းစီးပွားရေးတစ်ခုတည်းတင် လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုမဟုတ်ဘဲ ရုပ်ရှင်ရဲ့ တေးဂီတဘက်မှာပါ ခြေလှမ်းလှမ်းနေခဲ့တဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။
(၄) Colin Huang
Colin Huang
Huang Zheng လို့ လူသိများတဲ့ Colin Huang ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး e-commerce ကုမ္ပဏီ Pinduoduo ကို တည်ထောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောအချိန်မှာ အဲဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုရယူနေတဲ့ customers ပေါင်းဟာ ၆၂၈ မီလျံအထိရှိခဲ့ပါပြီ။ အဲဒီကုမ္ပဏီဟာ ၂၀၁၉ တစ်နှစ်တည်းတင် ဒေါ်လာ၄.၂ ဘီလျံအထိ ဝင်ငွေအရှာကြမ်းခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ သူဟာ Pinduoduo ကုမ္ပဏီကို မတည်ထောင်ခင်အချိန်တုန်းက မိုက်ခရိုဆော့ဖ်နဲ့ ဂူးဂယ်လ်ကုမ္ပဏီတို့မှာ အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Huang Zheng ဟာ Pinduoduo ကုမ္ပဏီအပြင် Xinyoudi လို့ ခေါ်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုနဲ့ Ouku.com လို့ခေါ်တဲ့ အင်တာနက်ကုမ္ပဏီတစ်ခုကိုပါ ထူထောင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။
(၃) Pony Ma
Pony Ma
Pony Ma ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုတော့ Ma Huateng လို့လည်း လူသိများပါတယ်။ သူနာမည်ဟာ မြန်မာနိုင်ငံက လူတွေအတွက်တော့ စိမ်းနေမယ့် နာမည်ဖြစ်ပေမယ့် သူ့ရဲ့ ကုမ္ပဏီ Tencent ကိုတော့ မြန်မာလူငယ်တွေ သိကြမှာပါ။ သူဟာ PUBG မိုဘိုင်းဂိမ်းထုတ်လုပ်ရာ Tencent ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ Tencent ဟာ PUBG အပါအဝင် အခြားမိုဘိုင်းဂိမ်းအမြောက်အများကို ထုတ်လုပ်ခဲ့တဲ့ အပြင် တခြားအင်တာနက်အခြေစိုက်Application ပေါင်းများစွာကိုလည်း ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
(၂) Jack Ma
Jack Ma
ဂျက်မားက တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အင်တာနက်အခြေစိုက်စီးပွားရေးလုပ်ငန်း အလီဘာဘာကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တစ်ယောက်ဖြစ်ပါတယ်။ သူဟာ Taobao လို့ ခေါ်တဲ့အွန်လိုင်းရှော့ပင်းဆိုဒ်တစ်ခုကိုလည်း တည်ထောင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဂျက်မားဟာ အလီဘာဘာ ကုမ္ပဏီကနေ ၂၀၁၉ ခုနှစ်မှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူဟာ တရုတ်နိုင်ငံရဲ့ ဖျော်ဖြေးရေးဈေးကွက်တွေထဲမှာလည်း ရှယ်ယာငွေအများအပြားထည့်ဝင်ထားပါသေးတယ်။
(၁) Mukesh Ambani
Mukesh Ambani
အာရှဒေသရဲ့ အချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်းမှာ နံပတ်တစ်နေရာယူထားသူကတော့ အိန္ဒိယနိုင်ငံက Mukesh Ambani ဆိုသူပဲဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ နံပတ်တစ်အချမ်းသာဆုံး လူတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းမှာ နံပတ်ရှစ်နေရာမှာ ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ Reliance Industries လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုမှာ ဥက္ကဌအဖြစ်တာဝန်ယူထားသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ သူ့ရဲ့ ဖခင်ဖြစ်သူ တည်ထောင်ထားခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ဖခင်ဖြစ်သူ ၂၀၀၂ ခုနှစ်မှာ ဆုံးပါးသွားချိန်မှာတော့ သူက လက်လွဲပြီး တာဝန်ဆက်ခံခဲ့ပါတယ်။ Reliance Industries ကုမ္ပဏီဟာ ရေနံနဲ့ ဂတ်စ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး Mukesh Ambani က အဲဒီကုမ္ပဏီရဲ့ ရှယ်ယာ ၄၂%ကို ပိုင်ဆိုင်ထားပါတယ်။ Mukesh Ambani ဟာ ရေနံကုမ္ပဏီအပြင် Jio လို့နာမည်ပေးထားတဲ့ 4G ဖုန်းဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါသေးတယ်။
ref- BI
Add a Comment
Your email address will not be published. Required fields are marked *