ကား အမည္ေျပာင္း အခြန္ ၃ % ဘယ္ေတာ့ ေနာက္ဆုံးလဲ သိခ်င္ေနက်တဲ့ မိတ္ေဆြမ်ားအတြက္ … ၆ % ျဖစ္ေတာ့မွာေနာ္

၁-၁၀-၂၀ မွစ ၍ ကား အမည္ေျပာင္း အခြန္ ၃ % မွ ၆ % သို႔ အခြန္ဦးစီး ဌာန မွတိုးေကာက္ ပါမည္ ။ (ကားအမည္ေျပာင္းေဆာင္႐ြက္ မည့္ မိတ္ေဆြမ်ားခဗ်) မိမိကား အမည္ေဖာက္ လုပ္ရန္ အတြက္ အရင္ဆုံး မိမိေနထိုင္ရာ ၿမိဳ႕နယ္ အခြန္႐ုံး သို႔ ေအာက္ပါ စာ႐ြက္စာတမ္းမ်ားႏွင့္ အတူ သြားေရာက္ ေလွ်ာက္ထားရပါမည္။

1 – သန္းေခါင္စာရင္း (မူရင္း၊ မိတၱဴ)

2 – မွတ္ပုံတင္ (မူရင္း၊ မိတၱဴ)

3 – Owner book (မူရင္း၊ မိတၱဴ)

4 – Wheel tax (မူရင္း၊ မိတၱဴ)

5 – အေရာင္း အဝယ္ စာခ်ဳပ္ (မူရင္း၊ မိတၱဴ) (အေရာင္းအဝယ္ စာခ်ဳပ္သည္ အမည္ေပါက္ႏွင့္ မိမိ တိုက္ရိုက္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ျဖစ္ရပါမည္။)

6 – ကားဓာတ္ပုံ ( ေရွ႕ပုံ ၊ အေနာက္ပုံ ၊ ေဘးတိုက္ပုံ အားလုံး ေပါင္း ၃ ပုံ ။ ဓာတ္ပုံ ကို မိမိကိုယ္တိုင္ ဖုန္းျဖင့္ရိုက္၍ ဓာတ္ပုံဆိုင္မွာ သြားကူးပါ ။ )

ထပ္ျဖည့္ ပါရေစ…ေဘးပုံ ဆိုသည္မွာ စတီယာတိုင္ ရွိတဲ့ ဘက္အျခမ္း ကို ေျပာတာပါ ။(ကား ဓာတ္ပုံ မွ အပ က်န္စာ႐ြက္စာတမ္းမ်ားအား မိတၱဴ ၂ စုံ ကူးပါ။ အခြန္႐ုံးအတြက္ တစ္စုံ၊ ကညန ႐ုံးအတြက္ တစ္စုံ)

အထက္ေဖာ္ျပပါ စာ႐ြက္ စာတမ္းမ်ား ျပည့္စုံပါက အခြန္႐ုံး ရွိ မိမိရပ္ကြက္ကို ကိုင္ေသာ စာေရးထံတြင္တင္ရပါမည္။ စာေရးမွ မိမိကားအား ရာျဖတ္မွ သတ္မွတ္ေပးထါးေသာ ဇယားတြင္ တန္ဖိုးကို ၾကည့္၍ ၃ ရာခိုင္ႏႈန္းတြက္ခ်က္ပါသည္။

ထို႔ေနာက္ ဘဏ္သို႔ ေငြသြင္း ခ်လန္ ရရွိရန္ ေစာင့္ရ ပါသည္။ ခ်လန္ ရရွိပါက ျမန္မာ့စီးပြားေရးဘဏ္တြင္ ေငြသြားသြင္းရပါသည္။ (သက္ဆိုင္ရာၿမိဳ႕နယ္ျမန္မာ့စီးပြါးေရးဘဏ္ မွာေငြသြင္းရပါမယ္ ၊ေတာင္ဥကၠလာအတြက္ သရက္ေတာ မွတ္တိုင္ရွိ ျမန္မာ့စီးပြားဘဏ္)

(ဘဏ္ေငြသြင္းရာ တြင္ ေငြသြင္းခ်လန္စာ႐ြက္၏ ေနာက္ေက်ာ တြင္ သြင္းမည့္ေငြတြင္ ၅၀၀၀ တန္ ဘယ္န႐ြက္၊ တစ္ေသာင္းတန္ ဘယ္န႐ြက္ စသျဖင့္ အတိအက်ေရး ထားေပးပါ ။)

ဘဏ္ တြင္ ေငြသြင္းၿပီးပါက ေငြသြင္းေျပစာ ကို မိတၱဴ တစ္႐ြက္ကူး၍ အခြန္႐ုံးစာေရးထံသို႔တခါ သြားေရာက္ေပးအပ္ရပါမည္။ အခြန္႐ုံးမွ အခြန္စိမ္းစာ႐ြက္ ၂ ႐ြက္ ထုတ္ေပးပါ မည္။ မူရင္း ဟု ေရးထားေသာ စာ႐ြက္ မွာ ကညန ႐ုံးသို႔ ေပးရပါမည္။ ပ-မူရင္းဟု ေရးထားေသာစာ႐ြက္ႏွင့္ ဘဏ္ေငြသြင္းခ်လန္မွာ မိမိသိမ္းထားရပါမည္။

(အခြန္စိမ္းစာ႐ြက္သည္ ကားျပန္ေရာင္းသည့္ အခါ ထည့္မ ေပးရပါ။ မိမိကိုယ္တိုင္ အခြန္ေဆာင္ထားေသာ စာ႐ြက္ျဖစ္သျဖင့္ မိမိႏွင့္ သာ သက္ဆိုင္သည္ ။) salmon

Unicode

၁-၁၀-၂၀ မှစ ၍ ကား အမည်ပြောင်း အခွန် ၃ % မှ ၆ % သို့ အခွန်ဦးစီး ဌာန မှတိုးကောက် ပါမည် ။ (ကားအမည်ပြောင်းဆောင်ရွက် မည့် မိတ်ဆွေများခဗျ) မိမိကား အမည်ဖောက် လုပ်ရန် အတွက် အရင်ဆုံး မိမိနေထိုင်ရာ မြို့နယ် အခွန်ရုံး သို့ အောက်ပါ စာရွက်စာတမ်းများနှင့် အတူ သွားရောက် လျှောက်ထားရပါမည်။

1 – သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

2 – မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

3 – Owner book (မူရင်း၊ မိတ္တူ)

4 – Wheel tax (မူရင်း၊ မိတ္တူ)

5 – အရောင်း အဝယ် စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ် စာချုပ်သည် အမည်ပေါက်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။)

6 – ကားဓာတ်ပုံ ( ရှေ့ပုံ ၊ အနောက်ပုံ ၊ ဘေးတိုက်ပုံ အားလုံး ပေါင်း ၃ ပုံ ။ ဓာတ်ပုံ ကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ ။ )

ထပ်ဖြည့် ပါရစေ…ဘေးပုံ ဆိုသည်မှာ စတီယာတိုင် ရှိတဲ့ ဘက်အခြမ်း ကို ပြောတာပါ ။(ကား ဓာတ်ပုံ မှ အပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက် တစ်စုံ)

အထက်ဖော်ပြပါ စာရွက် စာတမ်းများ ပြည့်စုံပါက အခွန်ရုံး ရှိ မိမိရပ်ကွက်ကို ကိုင်သော စာရေးထံတွင်တင်ရပါမည်။ စာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန်ဖိုးကို ကြည့်၍ ၃ ရာခိုင်နှုန်းတွက်ချက်ပါသည်။

ထို့နောက် ဘဏ်သို့ ငွေသွင်း ချလန် ရရှိရန် စောင့်ရ ပါသည်။ ချလန် ရရှိပါက မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားသွင်းရပါသည်။ (သက်ဆိုင်ရာမြို့နယ်မြန်မာ့စီးပွါးရေးဘဏ် မှာငွေသွင်းရပါမယ် ၊တောင်ဥက္ကလာအတွက် သရက်တော မှတ်တိုင်ရှိ မြန်မာ့စီးပွားဘဏ်)

(ဘဏ်ငွေသွင်းရာ တွင် ငွေသွင်းချလန်စာရွက်၏ နောက်ကျော တွင် သွင်းမည့်ငွေတွင် ၅၀၀၀ တန် ဘယ်နရွက်၊ တစ်သောင်းတန် ဘယ်နရွက် စသဖြင့် အတိအကျရေး ထားပေးပါ ။)

ဘဏ် တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာ ကို မိတ္တူ တစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားရောက်ပေးအပ်ရပါမည်။ အခွန်ရုံးမှ အခွန်စိမ်းစာရွက် ၂ ရွက် ထုတ်ပေးပါ မည်။ မူရင်း ဟု ရေးထားသော စာရွက် မှာ ကညန ရုံးသို့ ပေးရပါမည်။ ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။

(အခွန်စိမ်းစာရွက်သည် ကားပြန်ရောင်းသည့် အခါ ထည့်မ ပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ဖြစ်သဖြင့် မိမိနှင့် သာ သက်ဆိုင်သည် ။) salmon

Add a Comment

Your email address will not be published. Required fields are marked *