ဗဟန္းၿမိဳ႕နယ္ ရွိ ေဒၚေအာင္ဆန္းစုၾ ကည္ေနအိမ္ ျခံအမွတ္ ( ၅၄ ) အတြင္း ေနထိုင္သူမွာ ကိုဗစ္ပိုးေတြ႕

ယေန႔မ နက္ ပိုးေ တြ႕လူ နာစာရင္း မွာ ပါတဲ့ ဗဟ န္းၿမိဳ႕နယ္ က ၂ ေယာက္စလံုး ဟာ အေမစု ရဲ႕ ၿခံအမွတ္ ၅၄ က ျဖစ္ပါတယ္။ မၾကာမီ အေမစု ေကာ့မွဴးသြားဖို႔ ရန္ကုန္လာဖို႔ ရွိတဲ့အတြက္ မေန႔က တၿခံလံုးကို swab ယူတဲ့အခါ ပိုးေတြ႕ရွိရတာျဖစ္ ပါတယ္ ။ တဦး က ေကာ့မွဴး ဇာတိျဖစ္ပီး ၿခံထဲ အၿမဲေနသူျဖ စ္ကာ တဦးက မၾကာခဏ ဝင္ထြက္သြားလာတတ္ တဲ့ မရမ္းကုန္းဘက္ကလူတဦးလို႔ သတိရ ပါတယ္ ။ ထိေတြ႕မႈ ရွိသူ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္တဦး အပါအဝင္ ၆ ဦးလဲ HQ ဝင္ေန ပါတယ္ ။

ဒါက ဘာကို ျပသလဲ ဆိုရင္ ရန္ကုန္မွာ ကုိယ္တိုင္မသိတဲ့ Silent Carrier ေတြ အမ်ားႀကီး ရွိေနပီဆိုတာကို ျပသပါတယ္။ မိမိကိုယ္တိုင္ silent carrier ျဖစ္ေနနိုင္ပါတယ္။ ျမန္မာျပည္မွာ COVID လူနာ ၇၅ % ဟာ ေရာဂါလကၡဏာမျပသပါဘူး။ ဒါေၾကာင့္ ရန္ကုန္သားတို႔ အထူးသတိထားပီး ေနထိုင္ၾကပါ။ မိမိအနားက လူတိုင္းမွာ ေရာဂါရွိေနနိုင္တယ္ ဆိုတဲ့ အသိ ကို ထည့္ထားပီး အစြမ္းကုန္ ကာကြယ္ၾကပါ ။ ဒါမွသာ ဒီကပ္ေရာဂါဆိုးျကီး ကို က်ေနာ္တို႔ ေအာင္ျမင္ ပါလိမ့္မ ယ္။ Nay Thway

သတင္း အျပည့္ အစံု

ဗဟန္းၿမိဳ႕နယ္ အတြင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေနအိမ္ ၿခံအမွတ္ ( ၅၄ ) အတြင္း ေနထိုင္သူ တစ္ဦး မွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ရတယ္ လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫြန႔္ က အတည္ျပဳေျပာပါတယ္။

ပိုးေတြ႕လူနာသစ္မွာ အသက္ ၅၀ ဝန္းက်င္ အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ၿခံအမွတ္ ၅၄ အတြင္း စီမံအုပ္ခ်ဳပ္မႈ တာဝန္ယူ ထားသူ တစ္ဦးျဖစ္တယ္ လို႔လည္း ေဒါက္တာမ်ိဳးၫြန႔္က ဆို ပါတယ္။

“ ၿခံအမွတ္ ၅၄ မွာ စီမံအုပ္ခ်ဳပ္ဖို႔ အတြက္ တာဝန္ေပးထား တဲ့သူပါ။ ပိုးဘယ္လို ကူးစက္ခံရတဲ့ အေၾကာင္း အတည္ျပဳလို႔ မရေသးဘူး။ သူ႕ကိုေတာ့ ေဖာင္ႀကီးေဆး႐ုံမွာကုသဖို႔အတြက္ ပို႔ေဆာင္လိုက္ၿပီ။ သူနဲ႕ထိေတြ႕ခဲ့တဲ့ ပုဂၢိဳလ္ေတြကိုေတာ့ေဆး႐ုံကြာရန္တင္းထားတယ္လို႔သိရပါတယ္” လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာ ပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႕ စက္တင္ဘာ ၆ ရက္ မနက္ ၈ နာရီထုတ္ျပန္ခ်က္အရ ဗဟန္းၿမိဳ႕နယ္မွာေနထိုင္သူ ႏွစ္ဦးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိတဲ့အနက္ ႏွစ္ဦးစလုံးမွာ ဗဟန္းၿမိဳ႕နယ္၊ ၿခံအမွတ္ ( ၅၄) လိပ္စာေပးထား တဲ့ အမ်ိဳးသားႏွစ္ဦး လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ေလာေလာဆယ္ မွာေတာ့ တစ္ဦးမွာသာ ပိုးေတြ႕တယ္လို႔ သိရေၾကာင္း ေဒါက္တာမ်ိဳးၫႊန႔္က ဆိုပါတယ္။

အဆိုပါ ၿခံအမွတ္ ၅၄ လိပ္စာ ေပးထားသူ ႏွစ္ဦး အနက္ တစ္ဦး မွာေတာ့ ဘယ္သူဘယ္ဝါမွန္း အတိအက်မသိရေသးဘူး လို႔လည္း ဗဟန္းၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းျမင့္က ဆိုပါတယ္ ။

“ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည့္ရဲ႕ ၿခံအမွတ္ ၅၄ ကလို႔ေတာ့ ၾကားပါတယ္။ တစ္ျခားၿမိဳ႕နယ္မွာ ေနထုခိင္ၿပီး ဒီၿခံမွာ တစ္လမွ ၄ ရက္ေလာက္၊ တစ္ပတ္မွ တစ္ႀကိမ္ ၊ႏွစ္ႀကိမ္ အလုပ္ရွိလို႔ ဝင္ထြက္သြားလာ လို႔ ဗဟန္းလိပ္စာေပးထားတာလည္းျဖစ္ေကာင္းျဖစ္နိုင္ တယ္။ ” လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ဆိုပါတယ္။

လက္ရွိ ဒီကိစၥနဲ႕ပတ္သက္ၿပီး တိုင္းက်န္းမာေရးဦးစီးဌာနက အဓိက စီမံကြပ္ကဲေနတယ္လို႔လည္း ဗဟန္းၿမိဳ႕နယ္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနက က်န္းမာေရးဦးစီးမႉး ေဒါက္တာနီနီေသာ္က ဆိုပါတယ္။

“ ၿခံအမွတ္ ၅၄ က ဆိုတာဟုတ္ ပါတယ္ ။ ဒါကို တိုင္းက်န္းမာေရး ဦးစီးမႉး ကိုယ္တိုင္ပဲ စီမံကြပ္ကဲေန ပါတယ္။ အစ္မတို႔ဆီ ကိုေတာ့ ဘာမွ မၫြန္ၾကားေသးပါဘူး။ “ လို႔ ေဒါက္တာနီနီေသာ္က ေျပာပါတယ္။

ဝန္ႀကီးဌာန ရဲ႕ ဒီေန႕ မနက္ ထုတ္ျပန္ခ်က္ ထဲမွာ ပိုးေတြ႕လူနာ ၆၆ ဦးေတြ႕ရွိရတယ္ လို႔ ေဖာ္ျပထားရာ မွာ ဗဟန္းၿမိဳ႕နယ္မွာ ေနထိုင္သူ ႏွစ္ဦး ပါဝင္ေနၿပီး လူနာေတြ ရဲ႕ အေသးစိတ္အခ်က္အလက္ေတြ ကိုေတာ့ အခုခ်ိန္ထိ ထုတ္ျပန္ထားျခင္းမရွိေသးတာ လည္းျဖစ္ ပါတယ္ ။

Source;Duwn

Unicode

ယနေ့မ နက် ပိုးေ တွ့လူ နာစာရင်း မှာ ပါတဲ့ ဗဟ န်းမြို့နယ် က ၂ ယောက်စလုံး ဟာ အမေစု ရဲ့ ခြံအမှတ် ၅၄ က ဖြစ်ပါတယ်။ မကြာမီ အမေစု ကော့မှူးသွားဖို့ ရန်ကုန်လာဖို့ ရှိတဲ့အတွက် မနေ့က တခြံလုံးကို swab ယူတဲ့အခါ ပိုးတွေ့ရှိရတာဖြစ် ပါတယ် ။ တဦး က ကော့မှူး ဇာတိဖြစ်ပီး ခြံထဲ အမြဲနေသူဖြ စ်ကာ တဦးက မကြာခဏ ဝင်ထွက်သွားလာတတ် တဲ့ မရမ်းကုန်းဘက်ကလူတဦးလို့ သတိရ ပါတယ် ။ ထိတွေ့မှု ရှိသူ တိုင်းလွှတ်တော် ကိုယ်စားလှယ်တဦး အပါအဝင် ၆ ဦးလဲ HQ ဝင်နေ ပါတယ် ။

ဒါက ဘာကို ပြသလဲ ဆိုရင် ရန်ကုန်မှာ ကိုယ်တိုင်မသိတဲ့ Silent Carrier တွေ အများကြီး ရှိနေပီဆိုတာကို ပြသပါတယ်။ မိမိကိုယ်တိုင် silent carrier ဖြစ်နေနိုင်ပါတယ်။ မြန်မာပြည်မှာ COVID လူနာ ၇၅ % ဟာ ရောဂါလက္ခဏာမပြသပါဘူး။ ဒါကြောင့် ရန်ကုန်သားတို့ အထူးသတိထားပီး နေထိုင်ကြပါ။ မိမိအနားက လူတိုင်းမှာ ရောဂါရှိနေနိုင်တယ် ဆိုတဲ့ အသိ ကို ထည့်ထားပီး အစွမ်းကုန် ကာကွယ်ကြပါ ။ ဒါမှသာ ဒီကပ်ရောဂါဆိုးကြီး ကို ကျနော်တို့ အောင်မြင် ပါလိမ့်မ ယ်။ Nay Thway

သတင်း အပြည့် အစုံ

ဗဟန်းမြို့နယ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် ( ၅၄ ) အတွင်း နေထိုင်သူ တစ်ဦး မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က အတည်ပြုပြောပါတယ်။

ပိုးတွေ့လူနာသစ်မှာ အသက် ၅၀ ဝန်းကျင် အရွယ် အမျိုးသားဖြစ်ပြီး ခြံအမှတ် ၅၄ အတွင်း စီမံအုပ်ချုပ်မှု တာဝန်ယူ ထားသူ တစ်ဦးဖြစ်တယ် လို့လည်း ဒေါက်တာမျိုးညွန့်က ဆို ပါတယ်။

“ ခြံအမှတ် ၅၄ မှာ စီမံအုပ်ချုပ်ဖို့ အတွက် တာဝန်ပေးထား တဲ့သူပါ။ ပိုးဘယ်လို ကူးစက်ခံရတဲ့ အကြောင်း အတည်ပြုလို့ မရသေးဘူး။ သူ့ကိုတော့ ဖောင်ကြီးဆေးရုံမှာကုသဖို့အတွက် ပို့ဆောင်လိုက်ပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုတော့ဆေးရုံကွာရန်တင်းထားတယ်လို့သိရပါတယ်” လို့ ဒေါက်တာမျိုးညွန့်က ပြော ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၆ ရက် မနက် ၈ နာရီထုတ်ပြန်ချက်အရ ဗဟန်းမြို့နယ်မှာနေထိုင်သူ နှစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့အနက် နှစ်ဦးစလုံးမှာ ဗဟန်းမြို့နယ်၊ ခြံအမှတ် ( ၅၄) လိပ်စာပေးထား တဲ့ အမျိုးသားနှစ်ဦး လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လောလောဆယ် မှာတော့ တစ်ဦးမှာသာ ပိုးတွေ့တယ်လို့ သိရကြောင်း ဒေါက်တာမျိုးညွှန့်က ဆိုပါတယ်။

အဆိုပါ ခြံအမှတ် ၅၄ လိပ်စာ ပေးထားသူ နှစ်ဦး အနက် တစ်ဦး မှာတော့ ဘယ်သူဘယ်ဝါမှန်း အတိအကျမသိရသေးဘူး လို့လည်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုပါတယ် ။

“ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ခြံအမှတ် ၅၄ ကလို့တော့ ကြားပါတယ်။ တစ်ခြားမြို့နယ်မှာ နေထုခိင်ပြီး ဒီခြံမှာ တစ်လမှ ၄ ရက်လောက်၊ တစ်ပတ်မှ တစ်ကြိမ် ၊နှစ်ကြိမ် အလုပ်ရှိလို့ ဝင်ထွက်သွားလာ လို့ ဗဟန်းလိပ်စာပေးထားတာလည်းဖြစ်ကောင်းဖြစ်နိုင် တယ်။ ” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုပါတယ်။

လက်ရှိ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းကျန်းမာရေးဦးစီးဌာနက အဓိက စီမံကွပ်ကဲနေတယ်လို့လည်း ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီသော်က ဆိုပါတယ်။

“ ခြံအမှတ် ၅၄ က ဆိုတာဟုတ် ပါတယ် ။ ဒါကို တိုင်းကျန်းမာရေး ဦးစီးမှူး ကိုယ်တိုင်ပဲ စီမံကွပ်ကဲနေ ပါတယ်။ အစ်မတို့ဆီ ကိုတော့ ဘာမှ မညွန်ကြားသေးပါဘူး။ “ လို့ ဒေါက်တာနီနီသော်က ပြောပါတယ်။

ဝန်ကြီးဌာန ရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက် ထဲမှာ ပိုးတွေ့လူနာ ၆၆ ဦးတွေ့ရှိရတယ် လို့ ဖော်ပြထားရာ မှာ ဗဟန်းမြို့နယ်မှာ နေထိုင်သူ နှစ်ဦး ပါဝင်နေပြီး လူနာတွေ ရဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ အခုချိန်ထိ ထုတ်ပြန်ထားခြင်းမရှိသေးတာ လည်းဖြစ် ပါတယ် ။

Source;Duwn

Add a Comment

Your email address will not be published. Required fields are marked *