တသက် လုံး ဂရုမစိုက် ခဲ့တဲ့ တရုတ် အစိုးရဟာ မြန်မာပြည် ကို အရေးတကြီး ဘာလို့ လာ လဲ …( အပိုင်တွက် ထားတာတွေ လက်မလွှတ်ဖို့ အရေး ဆင်ကြံကြံနေပြီလား တရုတ်ကြီး )















Unicode

တရုတ် နိုင်ငံခြားရေး ဌါနက ဘာလို့ လာ သ လဲ…. ?????

တသက်လုံး ဂရုမစိုက် ခဲ့တဲ့ တရုတ် အစိုးရဟာ ခုတော့ မြန်မာဆီ ကို အရေးတကြီးလာပြီ ဖြစ်တယ်.. အဆင့်မြင့် နိုင်ငံခြားရေးအရာ ရှိ ယန်ကျားချီ မနက်ဖြန် မြန်မာ ကို ရောက်မယ်ဖြစ် တယ်..

Mr. Yang Jiechi ဘာလို့ လာသလဲ ?????

မန္တလေး လားရှိုး မူဆယ် ရထားလမ်း ရန်ကုန်မြို့သစ်စီမံကိန်း ကျောက်ဖြူ မန္တလေး ရထားလမ်းစီမံကိန်းတို့ပါတဲ့ CMEC စီမံကိန်းအတွက် အကောင်အထည်ဖေါ်ဖို့ ဖြစ်တယ်. တရုတ် အရှေ့ဘက်ကမ်းရိုးတန်းဟာ အခုတော့ US – China trade war ဂယက်ကြောင့် စစ်ရေး တင်းမာ လျက်ရှိပြီး လမ်းကြောင်းပိတ်နေပြီဖြစ်တယ်.. သူ့အတွက်က ဗဟိုအာရှလမ်းကြောင်း ကာဇက်စတန်. ဥစဘက်ကစ္စတန်, တာဂျစ်ကစ္စတန် တို့ဘက်က မဝင်ချင်ရင် ????

ပင်လယ်ဘက် အနီးဆုံး လမ်းကြောင်း အတိုဆုံး ရင်းနှီးမြုပ်နှံမှု MOU တွေ MOA တွေလုပ်ပြီးသား မြန်မာ ရခိုင်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ SEZ ရန်ကုန် အနောက်ဘက်က မြို့သစ်စီမံကိန်း နဲ့ ရေနက်ဆိပ်ကမ်း အဆင်သင့် ရှိနေတယ်.

ဒီအမြင် ဟာ တရုတ်တို့ အတွက် အများကြီးအကျိုး ရှိနေတယ်. ကျောက်ဖြူပင်လယ်ရေလမ်းကြောင်းက မရရင် အရင် ဗြိတိသျှတို့ဝင်ခဲ့တဲ့ သုံးခဲ့တဲ့ ရေလမ်းကြောင်း ဧရာဝတီ မြစ်ကနေ ဆန်တက်မယ်. ရွေးချယ်စရာ အလွန်ကောင်း တယ်. ဒါကြောင့် မြန်မာအစိုးရဟာ သူ့လက်ထဲက လွတ်ထွက်မသွားဖို့အရေးကြီးနေ တယ်.. မြန်မြန်အုပ်စီးမိဖို့ လိုနေတယ်.

ရွေးကောက်ပွဲ ကလည်း နီးနေပြီ. နောက် အစိုးရ လက်ထက်မယ် အလှည့်အပြောင်း ဖြစ်မသွားဖို့ အရေးပါနေ တယ်. မြန်မာ့အရေးကတော့ အရေးကြီးတဲ့ အလှည့် အပြောင်းဘက် ကို ရောက်နေပြီဖြစ်တယ်. Virus ကလည်း တကျော့ပြန် ပျံ့နှံ့နေပြီ

ကျွန်တော် တို့ပြောနေ တဲ့ ProChina policy တရုတ်လိုလား မူဝါဒဟာ မြန်မာ အတွက်တော့ လိုက်ကာ မှားဖွင့်မိတဲ့ ပြဇတ် လိုပဲ ဆက်ကရင်း နဲ့ အမှားတွေ ဆက်ကျူးလွန်မိတဲ့ အဖြစ်ပဲ.

အချိန်မီ ရပ်တန်း က ရပ်ပြီး တိုင်းပြည် အတွက် ပြတ်သားစွာ ရပ်တည်သင့်ပြီ.. မနှစ်က သမ္မတ XI နဲ့ နေပြည်တော် မှာ ချုပ်ဆိုခဲ့တဲ့ BRI 33 ချက်ထဲက ကျန်နေသေးတဲ့ MOU 14 ချက် နဲ့ Letters 10 ချက်ကို သတိထားဖို့ လိုတယ်လို့ သတိပေးချင် ပါတယ်..

တိုင်းပြည် ကံကောင်းပါစေ , M Kawn La

Add a Comment

Your email address will not be published. Required fields are marked *