တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

တ႐ုတ္ နဲ႔ အေ မရိကန္ တို႔ ၿပိဳင္ဆိုင္ေနၾကတဲ့ ေန ရာမွာ ေနာက္ဆုံး ၿပိဳင္ကြင္း တစ္ခုက အဂၤါၿဂိဳ ဟ္ေခၚ မား စ္ေပၚမွာ ျဖစ္ပါတယ္။ ႏွစ္နိုင္ ငံစလုံး က ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ အတြင္းမွာ အဂၤါၿဂိဳဟ္ စူးစမ္းေရး အာကာသ ယာဥ္ေတြ လႊတ္တင္ခဲ့ တဲ့အတြက္ သုံးသပ္စ ရာေတြ ျဖစ္လာပါတယ္။ ဇူလိုင္လ ၂၃ ရက္က တ႐ုတ္ရဲ့ Tianwen-1 အာကာသယာဥ္ကို နိုင္ငံေတာင္ပိုင္း ဟိုင္နန္က ၽြန္းကေန ေလာင္း မတ္ခ်္ ဒုံးပ်ံနဲ႔ လႊတ္တင္နိုင္ခဲ့ပါတယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

အေမ ရိကန္ အာကာသေ အဂ်င္စီ နာဆာ ကလည္း ဇူလိုင္ ၃၀ ရက္မွာ ၿဂိဳဟ္ဆင္းယာဥ္ Perseverance ကို လႊတ္တင္ဖို႔ စီစဥ္ထားခဲ့ပါတယ္။ အဂၤါၿဂိဳဟ္ေပၚကို အာကာသယာဥ္ ပထမဆုံး ဆင္းသက္ခဲ့ၿပီး ႏွစ္ႏွစ္အၾကာမွာ ဒီလို အၿပိဳ င္အဆိုင္ ျဖစ္လာ တာပါ။ အေမရိကန္ေကာ တ႐ုတ္ပါ အခု ဇူလိုင္လ ထဲက လႊတ္တင္ခဲ့ၾကတဲ့ အာကာသ ယာဥ္ေတြဟာ ခုနစ္လအၾကာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေရာက္မွ အဂၤါၿဂိဳဟ္ကို ေရာက္ဖို႔ ေမၽွာ္လင့္ရပါတယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

မဆုတ္မနစ္တဲ့ ဇြဲလုံ႔လလို႔ အဓိပၸာယ္ရတဲ့ Perseverance ၿဂိဳဟ္ဆင္းယာဥ္ ကို ဖန္တီးရတဲ့ အေမရိကန္တို႔ ရည္ရြယ္ခ်က္က အဂၤါၿဂိဳဟ္ေပၚမွာ သက္ရွိေတြ ေနနိုင္ေခ် အတြက္ ေမးခြန္းေတြ အေျဖရွာဖို႔ပါ။ ၿဂိဳဟ္ရဲ့ သက္တမ္းရင့္ အပိုင္းမွာ လူေနနိုင္တဲ့ အေျခအေန ရွိမရွိနဲ႔ ပိုးမႊား ရွင္သန္မႈ အေထာက္အထားေတြ ရွာေဖြဖို႔လည္း ပါဝင္ပါတယ္။ ယာဥ္မွာ လြန္စက္လည္းပါလို႔ ေက်ာက္တုံး နမူနာေတြ စုေဆာင္းယူနိုင္ၿပီး ေနာက္လာမယ့္ ခရီးစဥ္ေတြမွာ ဒီယာဥ္ကို အရန္အျဖစ္ လည္း အသုံးခ် နိုင္ပါလိမ့္မယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

အေမရိကန္ရဲ့ခရီးစဥ္က နာဆာ အတြက္ သတၱမ အႀကိမ္ေျမာက္ အဂၤါၿဂိဳဟ္ စူးစမ္းေရး ခရီးစဥ္ျဖစ္ၿပီး စတုတၳေျမာက္ ၿဂိဳဟ္ဆင္း ယာဥ္ လႊတ္တင္မႈ ျဖစ္ပါတယ္။ ၿဂိဳဟ္နီႀကီးလို႔လည္း ေခၚၾကတဲ့ အဂၤါၿဂိဳဟ္ကို စူးစမ္းလိုစိတ္ ျပင္းစြာနဲ႔ အေမရိကန္တို႔ဟာ ၂၀၁၂ ကတည္းက ၿဂိဳဟ္ေပၚ ပို႔လႊတ္နိုင္ခဲ့တဲ့ ၿဂိဳဟ္ဆင္းယာဥ္ဟာ အခုအထိ အခ်က္အလက္ေတြ လွမ္းပို႔ေနတုန္းပါပဲ။

ေကာင္းကင္ဘုံ သစၥာရွာေဖြျခင္း လို႔ အဓိပၸာယ္ရတဲ့ Tianwen-1 ကေတာ့ တ႐ုတ္ရဲ့ ပထမဆုံး အဂၤါၿဂိဳဟ္ စူးစမ္းေရးယာဥ္ပါပဲ။ အဂၤါၿဂိဳဟ္ ေျမသား၊ ပထဝီဖြဲ႕တည္ပုံ၊ ပတ္ဝန္းက်င္၊ ေလထုနဲ႔ ေရရနိုင္တဲ့ သေကၤတေတြကို စူးစမ္းသြားဖို႔ ေမၽွာ္လင့္ရပါတယ္။ အေမရိကန္နဲ႔ မတူတဲ့ သူတို႔ရဲ့ စူးစမ္းတဲ့ နည္းလမ္း ေအာင္ျမင္မယ္ဆိုရင္ အေရးပါတဲ့ နည္းပညာ အခက္အခဲကို ထိုးေဖာက္ ေက်ာ္လႊားမႈျဖစ္မယ္လို႔ တ႐ုတ္ေတြက ဆိုပါတယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

Tianwen-1 စီမံကိန္း ေနာက္ကြယ္က ပညာရွင္အဖြဲ႕ ထုတ္ျပန္ထားတဲ့ စာတမ္း တစ္ေစာင္အရ တ႐ုတ္ေတြဟာ ၿဂိဳဟ္ပတ္လမ္းကိုသြား၊ ၿဂိဳဟ္ဆင္းယာဥ္ကို အျမန္ဆုံး ေစလႊတ္မယ္။ ၿပီးရင္ ပတ္လမ္းယာဥ္နဲ႔ ၿဂိဳဟ္ဆင္းယာဥ္ ပူးေပါင္း စူးစမ္းမယ့္ သေဘာပါ။ ၿဂိဳဟ္ဆင္းယာဥ္ မလႊတ္ခင္ အဂၤါၿဂိဳဟ္ဆီ ပတ္လမ္းယာဥ္ေတြ အရင္သြားတဲ့ နာဆာရဲ့ နည္းလမ္းနဲ႔ေတာ့ ကြဲျပားလွပါတယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

“အာကာသၿပိဳင္ပြဲ”

အဲဒီစာတမ္းမွာပဲ တ႐ုတ္ ပညာရွင္ေတြက သူတို႔ရဲ့ အဂၤါၿဂိဳဟ္ ဆိုင္ရာ အသိပညာေတြ မၾကဳံစဖူး အဆင့္အတန္း ကို ေရာက္ဖို႔ နိုင္ငံတကာ ပူးေပါင္း ေဆာင္ရြက္မႈ အခြင့္အလမ္းကို သတိျပဳမိ တာလည္း ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္နဲ႔ အေမရိကန္ အျပင္ အဂၤါၿဂိဳဟ္ကို အာကာသယာဥ္ ေစလႊတ္ထားတဲ့ ေနာက္တစ္နိုင္ငံ ရွိေနပါတယ္။ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (ယူေအအီး) နိုင္ငံပါ။ သူတို႔ကလည္း Hope Probe ဆိုတဲ့ အာကာသယာဥ္ကို ဇူလိုင္လ ၂၀ ရက္မွာ လႊတ္တင္ခဲ့ပါတယ္။ အာရပ္ကမၻာ အေနနဲ႔ ၿဂိဳဟ္တစ္ခုဆီ ပထမဆုံး အာကာသယာဥ္ ေစလႊတ္မႈ ျဖစ္ပါတယ္။

နာဆာနဲ႔ တ႐ုတ္ အာကာသ ပညာရွင္ေတြဟာ အတိတ္ကေတာ့ ပူးေပါင္း ေဆာင္ရြက္တဲ့ ဆက္ဆံေရး ရွိခဲ့ပါတယ္။ ISS နိုင္ငံတကာ အာကာသ စခန္းေပၚမွာ လက္တြဲ ေဆာင္ရြက္ခဲ့ၾကၿပီး တစ္ဦးရဲ့ ေအာင္ျမင္မႈကို တစ္ဦးက ခ်ီးက်ဴးခဲ့ဖူးပါတယ္။ ဥပမာ အေမရိကန္ေတြ မဆင္းဖူးတဲ့ လရဲ့ ေဝးကြာတဲ့ တစ္ဖက္ျခမ္းက မ်က္ႏွာျပင္ေပၚ တ႐ုတ္က ဆင္းသက္နိုင္တာမ်ိဳး ျဖစ္ပါတယ္။ တ႐ုတ္ဟာ ဒီလိုလုပ္နိုင္တဲ့ ကမၻာ့ပထမဆုံး နိုင္ငံ ျဖစ္ခဲ့ပါတယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

ဒါေပမယ့္ ဒီလိုပူးေပါင္း မႈေတြကို ဖီလာျပဳဖို႔ ေတာင္းဆိုခံလာရၿပီး အာကာသ ယွဥ္ၿပိဳင္မႈဟာလည္း နိုင္ငံေရးကို ေရွာင္လႊဲလို႔ မရေတာ့ပါဘူး။ နာဆာရဲ့ဟိုးအရင္ ၁၉၆၉ ခုႏွစ္က လေပၚ ပထမဆုံး လူဆင္းနိုင္ခဲ့တဲ့ သမိုင္းဝင္ ခရီးစဥ္ေတြေၾကာင့္ အေမရိကန္နဲ႔ ဆိုဗီယက္အၾကား စစ္ေအးတိုက္ပြဲကို ေလာင္စာျဖည့္ရာ ေရာက္ခဲ့တာကို အမွတ္ရလိုက္ပါ။ တ႐ုတ္ဟာ အေမရိကန္ကို အာကာသထဲမွာ ျဖတ္ေက်ာ္နိုင္ရင္ ရနိုင္တဲ့ ဂုဏ္သိကၡာ အလားအလာကို ေကာင္းေကာင္းႀကီး သတိျပဳမိပါတယ္။ Tianwen-1 ခရီးစဥ္ ေအာင္ျမင္သြားရင္ ေနာက္ဆုံးေတာ့ အဂၤါၿဂိဳဟ္ေပၚကို လူေတြလႊတ္ဖို႔ စီစဥ္လာမွာပါ။ တ႐ုတ္ဟာ ကမၻာေပၚမွာ သူ႔ရဲ့ ၾသဇာလႊမ္းမိုးမႈ ရဖို႔ကို ပိုမို ထက္ထက္သန္သန္ ေျပာဆိုေနပါတယ္။

ခန႔္ခန႔္ထည္ထည္ ျပန္လည္ ႏုပ်ိဳလာတဲ့ တ႐ုတ္ နိုင္ငံ အျဖစ္ ဆက္လက္ ခ်ီတက္ရင္း သမၼတရွီက်င့္ဖ်င္က အာကာသ စီမံကိန္းမွာ ေဒၚလာ ဘီလီယံခ်ီ ရင္းႏွီးျမႇုပ္ႏွံ ေစခဲ့ပါတယ္။ တ႐ုတ္ အစိုးရရဲ့ ၁၃ ႀကိမ္ေျမာက္ ငါးႏွစ္ စီမံကိန္းမွာ အာကာသကို သုေတသန ဦးစားေပးအျဖစ္ ေရြးထုတ္ခံရၿပီး အထူးသျဖင့္ အာကာသထဲ နက္နက္ရွိုင္းရွိုင္း စူးစမ္းဖို႔နဲ႔ ၿဂိဳဟ္ပတ္လမ္းသုံး အာကာသယာဥ္ေတြ တည္ေဆာက္ဖို႔ စီမံထားပါတယ္။ ၂၀၂၂ ခုႏွစ္မွာ အျမဲတမ္း အာကာသစခန္း တစ္ခု လႊတ္တင္ဖို႔ပါ စီစဥ္ေနၿပီး ဒီက တစ္ဆင့္ ၂၀၃၀ ျပည့္ႏွစ္ေတြ ေရာက္ရင္ လကို လူလိုက္ပါတဲ့ ခရီးစဥ္ေတြ လႊတ္လာနိုင္ပါတယ္။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

ဒီစီမံကိန္းဟာ မၾကာခင္က လေပၚလႊတ္ခဲ့တဲ့ အာကာသ ခရီးစဥ္ေတြက ေတြ႕ရွိခ်က္ေတြအေပၚ အေျခခံပါတယ္။ အဓိကအားျဖင့္ လေပၚ ေစလႊတ္ၿပီး စြန႔္ပစ္ခဲ့ရတဲ့ Yutu လဆင္းယာဥ္ေတြက ရတဲ့အခ်က္ေတြ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္က လရဲ့ေဝးကြာတဲ့ တစ္ဖက္ျခမ္းကို တ႐ုတ္က Yutu-2 ဆင္းသက္ေစနိုင္ခဲ့ၿပီး ႀကီးမားတဲ့ ေအာင္ျမင္မႈ ရရွိခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ရဲ့ ရည္မွန္းခ်က္က ၂၀၃၀ ဝန္းက်င္မွာ တ႐ုတ္ဟာ ကမၻာေပၚက အာကာသ အင္အားႀကီး နိုင္ငံတစ္ခုထဲ ပါဝင္လာဖို႔ပဲ” လို႔ တ႐ုတ္ရဲ့ နိုင္ငံေတာ္ အာကာသ အုပ္ခ်ဳပ္ေရး ဘုတ္အဖြဲ႕ ဒုတိယ အႀကီးအကဲ ဝူယန္ဟြာက ၂၀၁၆ မွာ ေျပာထားပါတယ္။

“အဂၤါၿဂိဳဟ္ ခရီးစဥ္”

တ႐ုတ္ဟာ အာကာသၿပိဳင္ပြဲထဲ ေနာက္က် ဝင္ေရာက္ခဲ့သူပါ။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြမွာ မၾကဳံစဖူး ေျခလွမ္းၾကဲႀကီးေတြ လွမ္းခဲ့တဲ့ တ႐ုတ္အေနနဲ႔ အေမရိကန္ကို ေက်ာ္တက္ဖို႔ (အနည္းဆုံးေတာ့ ေလလုံးထြားခြင့္ရဖို႔) အဂၤါၿဂိဳဟ္ေပၚ လူဆင္းနိုင္တာမ်ိဳး လုပ္ျပဖို႔ လိုပါတယ္။ ဒါေပမဲ့ ၁၉၇၂ ခုႏွစ္ ကတည္းက စခဲ့တဲ့ အေၾကာင္းတရား တစ္ခုက အာကာသစူးစမ္းေရး ခရီးစဥ္ အားလုံးကို ရိုေဘာ့ စက္႐ုပ္ေတြနဲ႔ လုပ္ေဆာင္လာၾကတာပါပဲ။ ကုန္က်စရိတ္ သက္သာ႐ုံမက ၾကာရွည္ အသုံးတည့္သလို ဒူေပနာေပလည္း ပိုခံပါတယ္။ အာကာသ စူးစမ္းမႈေၾကာင့္ တျခား ၿဂိဳဟ္တစ္ခုေပၚမွာ ပထမဆုံး အေနနဲ႔ အာကာသယာဥ္မႉး ေသဆုံးရတာ ဘယ္နိုင္ငံကမွ မလိုခ်င္ၾကပါဘူး။ (လူသားေတြကို ေဘးကင္းတာ မေသခ်ာဘဲနဲ႔ေတာ့ အာကာသထဲ မလႊတ္ခ်င္ၾကေတာ့ပါဘူး)။

တ႐ုတ္ နဲ႔ အေမရိကန္ တို႔ ရဲ့ ေနာက္ဆုံး ၿပိဳင္ကြင္း (သို႔) အဂၤါ ၿဂိဳဟ္ ေပၚက စီးခ်င္းထိုးပြဲ

အဂၤါၿဂိဳဟ္ေပၚ စက္႐ုပ္ယာဥ္ ဆင္းသက္ စူးစမ္းဖို႔ ဆိုတာကိုက ၿဂိဳဟ္ကို လႊမ္းျခဳံထားတဲ့ ဓာတ္ေငြ႕ေတြေၾကာင့္ အေတာ္ေလး ခက္ခဲပါတယ္။ လူသားေတြ ဆင္းသက္ဖို႔ ဆိုတာက ေနာက္ထပ္ မျဖစ္နိုင္စရာ စိန္ေခၚမႈပါ။ ဒါေပမယ့္ ၿဂိဳဟ္နီႀကီးေပၚ လူလႊတ္မယ္လို႔ နိုင္ငံေရးသမားေတြ ေလလုံး ထြားတာေတြက မရပ္တန႔္ခဲ့ပါဘူး။

သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္ အာကာသ ယာဥ္မႉးေတြကို လေပၚ ျပန္လႊတ္ဖို႔နဲ႔ ေနာက္ဆုံးမွာ အဂၤါၿဂိဳဟ္ေပၚ လႊတ္ဖို႔အထိ အာကာသ စူးစမ္းမႈ ဆန္းသစ္ တီထြင္ေရးမွာ ဦးေဆာင္ဖို႔ နာဆာကို အခြင့္အာဏာ ေပးခဲ့ပါတယ္။ ထရမ့္ဟာ စစ္တပ္ရဲ့ ဌာနခြဲသစ္ တစ္ခုအျဖစ္ အာကာသ တပ္ဖြဲ႕ကိုလည္း ထူေထာင္ေပးခဲ့ပါတယ္။ တပ္ဖြဲ႕ရဲ့ အလံတင္ အခမ္းအနားမွာ အာကာသဟာ အနာဂတ္ စစ္ေျမျပင္ ျဖစ္လာေနတယ္၊ ခံစစ္၊ ထိုးစစ္ ႏွစ္ရပ္လုံးနဲ႔ တျခား စစ္ကဏၭအမ်ားအျပားက အာကာသမွာ တည္တယ္လို႔ ထရမ့္က ေျပာခဲ့ပါတယ္။ ၾကားသိသမၽွနဲ႔ အစီရင္ခံစာေတြအရ အခု အာကာသမွာ အေမရိကန္က ေခါင္းေဆာင္ေနတယ္လို႔လည္း ထည့္ေျပာခဲ့ပါတယ္။

“သုံးသပ္ခ်က္”

အေမရိကန္ဟာ တ႐ုတ္ကို အာကာသမွာ ေက်ာ္တက္ခြင့္ျပဳမွာ မဟုတ္ပါဘူး။ “လကေန ေနာက္ထပ္လာမယ့္ အသံ လႊင့္ထုတ္ခ်က္ေတြမွာ မန္ဒရင္း ဘာသာစကားနဲ႔ ထုတ္လႊင့္မႈေတြ ပိုမ်ားလာမယ့္ အလားအလာေတြ ရွိတယ္” လို႔ အေမရိကန္ ေရတပ္ စစ္ဘက္ေကာလိပ္က ပါေမာကၡ ဂ်ဳန္းဂၽြန္ ဆန္ဖရီးစ္ရဲ့ ေျပာဆိုခ်က္ကို CNN က မႏွစ္က ကိုးကား ေဖာ္ျပခဲ့ဖူးပါတယ္။ နာဆာ အုပ္ခ်ဳပ္ေရးမႉး ဂ်င္ဘရီ ဒန္စတင္းက တအံ့တၾသနဲ႔ “အေမရိကန္ အာကာသယာဥ္မႉးေတြက အဂၤလိပ္လိုပဲ ေျပာတာပါ” လို႔ ဆိုခဲ့ပါတယ္။ တ႐ုတ္ေတြလည္း လေပၚ အာကာသယာဥ္ လႊတ္ထားနိုင္တာကို ထရမ့္ခန႔္အပ္တဲ့ နာဆာ အုပ္ခ်ဳပ္ေရးမႉး မခံစားနိုင္တာ ျဖစ္ေကာင္း ျဖစ္နိုင္ပါေၾကာင္း။ (မင္းျမတ္စံ)

Unicode

တရုတ် နဲ့ အေ မရိကန် တို့ ပြိုင်ဆိုင်နေကြတဲ့ နေ ရာမှာ နောက်ဆုံး ပြိုင်ကွင်း တစ်ခုက အင်္ဂါဂြို ဟ်ခေါ် မား စ်ပေါ်မှာ ဖြစ်ပါတယ်။ နှစ်နိုင် ငံစလုံး က ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ အတွင်းမှာ အင်္ဂါဂြိုဟ် စူးစမ်းရေး အာကာသ ယာဉ်တွေ လွှတ်တင်ခဲ့ တဲ့အတွက် သုံးသပ်စ ရာတွေ ဖြစ်လာပါတယ်။ ဇူလိုင်လ ၂၃ ရက်က တရုတ်ရဲ့ Tianwen-1 အာကာသယာဉ်ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်က ျွန်းကနေ လောင်း မတ်ချ် ဒုံးပျံနဲ့ လွှတ်တင်နိုင်ခဲ့ပါတယ်။

အမေ ရိကန် အာကာသေ အဂျင်စီ နာဆာ ကလည်း ဇူလိုင် ၃၀ ရက်မှာ ဂြိုဟ်ဆင်းယာဉ် Perseverance ကို လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်ကို အာကာသယာဉ် ပထမဆုံး ဆင်းသက်ခဲ့ပြီး နှစ်နှစ်အကြာမှာ ဒီလို အပြို င်အဆိုင် ဖြစ်လာ တာပါ။ အမေရိကန်ကော တရုတ်ပါ အခု ဇူလိုင်လ ထဲက လွှတ်တင်ခဲ့ကြတဲ့ အာကာသ ယာဉ်တွေဟာ ခုနစ်လအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရောက်မှ အင်္ဂါဂြိုဟ်ကို ရောက်ဖို့ မျှော်လင့်ရပါတယ်။

မဆုတ်မနစ်တဲ့ ဇွဲလုံ့လလို့ အဓိပ္ပာယ်ရတဲ့ Perseverance ဂြိုဟ်ဆင်းယာဉ် ကို ဖန်တီးရတဲ့ အမေရိကန်တို့ ရည်ရွယ်ချက်က အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေနိုင်ချေ အတွက် မေးခွန်းတွေ အဖြေရှာဖို့ပါ။ ဂြိုဟ်ရဲ့ သက်တမ်းရင့် အပိုင်းမှာ လူနေနိုင်တဲ့ အခြေအနေ ရှိမရှိနဲ့ ပိုးမွှား ရှင်သန်မှု အထောက်အထားတွေ ရှာဖွေဖို့လည်း ပါဝင်ပါတယ်။ ယာဉ်မှာ လွန်စက်လည်းပါလို့ ကျောက်တုံး နမူနာတွေ စုဆောင်းယူနိုင်ပြီး နောက်လာမယ့် ခရီးစဉ်တွေမှာ ဒီယာဉ်ကို အရန်အဖြစ် လည်း အသုံးချ နိုင်ပါလိမ့်မယ်။

အမေရိကန်ရဲ့ခရီးစဉ်က နာဆာ အတွက် သတ္တမ အကြိမ်မြောက် အင်္ဂါဂြိုဟ် စူးစမ်းရေး ခရီးစဉ်ဖြစ်ပြီး စတုတ္ထမြောက် ဂြိုဟ်ဆင်း ယာဉ် လွှတ်တင်မှု ဖြစ်ပါတယ်။ ဂြိုဟ်နီကြီးလို့လည်း ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ကို စူးစမ်းလိုစိတ် ပြင်းစွာနဲ့ အမေရိကန်တို့ဟာ ၂၀၁၂ ကတည်းက ဂြိုဟ်ပေါ် ပို့လွှတ်နိုင်ခဲ့တဲ့ ဂြိုဟ်ဆင်းယာဉ်ဟာ အခုအထိ အချက်အလက်တွေ လှမ်းပို့နေတုန်းပါပဲ။

ကောင်းကင်ဘုံ သစ္စာရှာဖွေခြင်း လို့ အဓိပ္ပာယ်ရတဲ့ Tianwen-1 ကတော့ တရုတ်ရဲ့ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ပါပဲ။ အင်္ဂါဂြိုဟ် မြေသား၊ ပထဝီဖွဲ့တည်ပုံ၊ ပတ်ဝန်းကျင်၊ လေထုနဲ့ ရေရနိုင်တဲ့ သငေ်္ကတတွေကို စူးစမ်းသွားဖို့ မျှော်လင့်ရပါတယ်။ အမေရိကန်နဲ့ မတူတဲ့ သူတို့ရဲ့ စူးစမ်းတဲ့ နည်းလမ်း အောင်မြင်မယ်ဆိုရင် အရေးပါတဲ့ နည်းပညာ အခက်အခဲကို ထိုးဖောက် ကျော်လွှားမှုဖြစ်မယ်လို့ တရုတ်တွေက ဆိုပါတယ်။

Tianwen-1 စီမံကိန်း နောက်ကွယ်က ပညာရှင်အဖွဲ့ ထုတ်ပြန်ထားတဲ့ စာတမ်း တစ်စောင်အရ တရုတ်တွေဟာ ဂြိုဟ်ပတ်လမ်းကိုသွား၊ ဂြိုဟ်ဆင်းယာဉ်ကို အမြန်ဆုံး စေလွှတ်မယ်။ ပြီးရင် ပတ်လမ်းယာဉ်နဲ့ ဂြိုဟ်ဆင်းယာဉ် ပူးပေါင်း စူးစမ်းမယ့် သဘောပါ။ ဂြိုဟ်ဆင်းယာဉ် မလွှတ်ခင် အင်္ဂါဂြိုဟ်ဆီ ပတ်လမ်းယာဉ်တွေ အရင်သွားတဲ့ နာဆာရဲ့ နည်းလမ်းနဲ့တော့ ကွဲပြားလှပါတယ်။

“အာကာသပြိုင်ပွဲ”

အဲဒီစာတမ်းမှာပဲ တရုတ် ပညာရှင်တွေက သူတို့ရဲ့ အင်္ဂါဂြိုဟ် ဆိုင်ရာ အသိပညာတွေ မကြုံစဖူး အဆင့်အတန်း ကို ရောက်ဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းကို သတိပြုမိ တာလည်း ဖော်ပြခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် အပြင် အင်္ဂါဂြိုဟ်ကို အာကာသယာဉ် စေလွှတ်ထားတဲ့ နောက်တစ်နိုင်ငံ ရှိနေပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံပါ။ သူတို့ကလည်း Hope Probe ဆိုတဲ့ အာကာသယာဉ်ကို ဇူလိုင်လ ၂၀ ရက်မှာ လွှတ်တင်ခဲ့ပါတယ်။ အာရပ်ကမ္ဘာ အနေနဲ့ ဂြိုဟ်တစ်ခုဆီ ပထမဆုံး အာကာသယာဉ် စေလွှတ်မှု ဖြစ်ပါတယ်။

နာဆာနဲ့ တရုတ် အာကာသ ပညာရှင်တွေဟာ အတိတ်ကတော့ ပူးပေါင်း ဆောင်ရွက်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ISS နိုင်ငံတကာ အာကာသ စခန်းပေါ်မှာ လက်တွဲ ဆောင်ရွက်ခဲ့ကြပြီး တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ချီးကျူးခဲ့ဖူးပါတယ်။ ဥပမာ အမေရိကန်တွေ မဆင်းဖူးတဲ့ လရဲ့ ဝေးကွာတဲ့ တစ်ဖက်ခြမ်းက မျက်နှာပြင်ပေါ် တရုတ်က ဆင်းသက်နိုင်တာမျိုး ဖြစ်ပါတယ်။ တရုတ်ဟာ ဒီလိုလုပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုပူးပေါင်း မှုတွေကို ဖီလာပြုဖို့ တောင်းဆိုခံလာရပြီး အာကာသ ယှဉ်ပြိုင်မှုဟာလည်း နိုင်ငံရေးကို ရှောင်လွှဲလို့ မရတော့ပါဘူး။ နာဆာရဲ့ဟိုးအရင် ၁၉၆၉ ခုနှစ်က လပေါ် ပထမဆုံး လူဆင်းနိုင်ခဲ့တဲ့ သမိုင်းဝင် ခရီးစဉ်တွေကြောင့် အမေရိကန်နဲ့ ဆိုဗီယက်အကြား စစ်အေးတိုက်ပွဲကို လောင်စာဖြည့်ရာ ရောက်ခဲ့တာကို အမှတ်ရလိုက်ပါ။ တရုတ်ဟာ အမေရိကန်ကို အာကာသထဲမှာ ဖြတ်ကျော်နိုင်ရင် ရနိုင်တဲ့ ဂုဏ်သိက္ခာ အလားအလာကို ကောင်းကောင်းကြီး သတိပြုမိပါတယ်။ Tianwen-1 ခရီးစဉ် အောင်မြင်သွားရင် နောက်ဆုံးတော့ အင်္ဂါဂြိုဟ်ပေါ်ကို လူတွေလွှတ်ဖို့ စီစဉ်လာမှာပါ။ တရုတ်ဟာ ကမ္ဘာပေါ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ရဖို့ကို ပိုမို ထက်ထက်သန်သန် ပြောဆိုနေပါတယ်။

ခန့်ခန့်ထည်ထည် ပြန်လည် နုပျိုလာတဲ့ တရုတ် နိုင်ငံ အဖြစ် ဆက်လက် ချီတက်ရင်း သမ္မတရှီကျင့်ဖျင်က အာကာသ စီမံကိန်းမှာ ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ စေခဲ့ပါတယ်။ တရုတ် အစိုးရရဲ့ ၁၃ ကြိမ်မြောက် ငါးနှစ် စီမံကိန်းမှာ အာကာသကို သုတေသန ဦးစားပေးအဖြစ် ရွေးထုတ်ခံရပြီး အထူးသဖြင့် အာကာသထဲ နက်နက်ရှိုင်းရှိုင်း စူးစမ်းဖို့နဲ့ ဂြိုဟ်ပတ်လမ်းသုံး အာကာသယာဉ်တွေ တည်ဆောက်ဖို့ စီမံထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ အမြဲတမ်း အာကာသစခန်း တစ်ခု လွှတ်တင်ဖို့ပါ စီစဉ်နေပြီး ဒီက တစ်ဆင့် ၂၀၃၀ ပြည့်နှစ်တွေ ရောက်ရင် လကို လူလိုက်ပါတဲ့ ခရီးစဉ်တွေ လွှတ်လာနိုင်ပါတယ်။

ဒီစီမံကိန်းဟာ မကြာခင်က လပေါ်လွှတ်ခဲ့တဲ့ အာကာသ ခရီးစဉ်တွေက တွေ့ရှိချက်တွေအပေါ် အခြေခံပါတယ်။ အဓိကအားဖြင့် လပေါ် စေလွှတ်ပြီး စွန့်ပစ်ခဲ့ရတဲ့ Yutu လဆင်းယာဉ်တွေက ရတဲ့အချက်တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က လရဲ့ဝေးကွာတဲ့ တစ်ဖက်ခြမ်းကို တရုတ်က Yutu-2 ဆင်းသက်စေနိုင်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ၂၀၃၀ ဝန်းကျင်မှာ တရုတ်ဟာ ကမ္ဘာပေါ်က အာကာသ အင်အားကြီး နိုင်ငံတစ်ခုထဲ ပါဝင်လာဖို့ပဲ” လို့ တရုတ်ရဲ့ နိုင်ငံတော် အာကာသ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ ဒုတိယ အကြီးအကဲ ဝူယန်ဟွာက ၂၀၁၆ မှာ ပြောထားပါတယ်။

“အင်္ဂါဂြိုဟ် ခရီးစဉ်”

တရုတ်ဟာ အာကာသပြိုင်ပွဲထဲ နောက်ကျ ဝင်ရောက်ခဲ့သူပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ မကြုံစဖူး ခြေလှမ်းကြဲကြီးတွေ လှမ်းခဲ့တဲ့ တရုတ်အနေနဲ့ အမေရိကန်ကို ကျော်တက်ဖို့ (အနည်းဆုံးတော့ လေလုံးထွားခွင့်ရဖို့) အင်္ဂါဂြိုဟ်ပေါ် လူဆင်းနိုင်တာမျိုး လုပ်ပြဖို့ လိုပါတယ်။ ဒါပေမဲ့ ၁၉၇၂ ခုနှစ် ကတည်းက စခဲ့တဲ့ အကြောင်းတရား တစ်ခုက အာကာသစူးစမ်းရေး ခရီးစဉ် အားလုံးကို ရိုဘော့ စက်ရုပ်တွေနဲ့ လုပ်ဆောင်လာကြတာပါပဲ။ ကုန်ကျစရိတ် သက်သာရုံမက ကြာရှည် အသုံးတည့်သလို ဒူပေနာပေလည်း ပိုခံပါတယ်။ အာကာသ စူးစမ်းမှုကြောင့် တခြား ဂြိုဟ်တစ်ခုပေါ်မှာ ပထမဆုံး အနေနဲ့ အာကာသယာဉ်မှူး သေဆုံးရတာ ဘယ်နိုင်ငံကမှ မလိုချင်ကြပါဘူး။ (လူသားတွေကို ဘေးကင်းတာ မသေချာဘဲနဲ့တော့ အာကာသထဲ မလွှတ်ချင်ကြတော့ပါဘူး)။

အင်္ဂါဂြိုဟ်ပေါ် စက်ရုပ်ယာဉ် ဆင်းသက် စူးစမ်းဖို့ ဆိုတာကိုက ဂြိုဟ်ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့တွေကြောင့် အတော်လေး ခက်ခဲပါတယ်။ လူသားတွေ ဆင်းသက်ဖို့ ဆိုတာက နောက်ထပ် မဖြစ်နိုင်စရာ စိန်ခေါ်မှုပါ။ ဒါပေမယ့် ဂြိုဟ်နီကြီးပေါ် လူလွှတ်မယ်လို့ နိုင်ငံရေးသမားတွေ လေလုံး ထွားတာတွေက မရပ်တန့်ခဲ့ပါဘူး။

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် အာကာသ ယာဉ်မှူးတွေကို လပေါ် ပြန်လွှတ်ဖို့နဲ့ နောက်ဆုံးမှာ အင်္ဂါဂြိုဟ်ပေါ် လွှတ်ဖို့အထိ အာကာသ စူးစမ်းမှု ဆန်းသစ် တီထွင်ရေးမှာ ဦးဆောင်ဖို့ နာဆာကို အခွင့်အာဏာ ပေးခဲ့ပါတယ်။ ထရမ့်ဟာ စစ်တပ်ရဲ့ ဌာနခွဲသစ် တစ်ခုအဖြစ် အာကာသ တပ်ဖွဲ့ကိုလည်း ထူထောင်ပေးခဲ့ပါတယ်။ တပ်ဖွဲ့ရဲ့ အလံတင် အခမ်းအနားမှာ အာကာသဟာ အနာဂတ် စစ်မြေပြင် ဖြစ်လာနေတယ်၊ ခံစစ်၊ ထိုးစစ် နှစ်ရပ်လုံးနဲ့ တခြား စစ်ကဏ္ဌအများအပြားက အာကာသမှာ တည်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ကြားသိသမျှနဲ့ အစီရင်ခံစာတွေအရ အခု အာကာသမှာ အမေရိကန်က ခေါင်းဆောင်နေတယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။

“သုံးသပ်ချက်”

အမေရိကန်ဟာ တရုတ်ကို အာကာသမှာ ကျော်တက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ “လကနေ နောက်ထပ်လာမယ့် အသံ လွှင့်ထုတ်ချက်တွေမှာ မန်ဒရင်း ဘာသာစကားနဲ့ ထုတ်လွှင့်မှုတွေ ပိုများလာမယ့် အလားအလာတွေ ရှိတယ်” လို့ အမေရိကန် ရေတပ် စစ်ဘက်ကောလိပ်က ပါမောက္ခ ဂျုန်းဂျွန် ဆန်ဖရီးစ်ရဲ့ ပြောဆိုချက်ကို CNN က မနှစ်က ကိုးကား ဖော်ပြခဲ့ဖူးပါတယ်။ နာဆာ အုပ်ချုပ်ရေးမှူး ဂျင်ဘရီ ဒန်စတင်းက တအံ့တသြနဲ့ “အမေရိကန် အာကာသယာဉ်မှူးတွေက အင်္ဂလိပ်လိုပဲ ပြောတာပါ” လို့ ဆိုခဲ့ပါတယ်။ တရုတ်တွေလည်း လပေါ် အာကာသယာဉ် လွှတ်ထားနိုင်တာကို ထရမ့်ခန့်အပ်တဲ့ နာဆာ အုပ်ချုပ်ရေးမှူး မခံစားနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်း။(မင်းမြတ်စံ)

Add a Comment

Your email address will not be published. Required fields are marked *