ခုနှစ်ရက် သားသမီး တစ်ပါတ်စာ ဟော စာတမ်းများ.(30.7.2020 မှ 5.8.2020) အထိ
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး/ရာဟု
ကြာသပေတး
သောကြာ
စေန
Unicode
(၇)ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ
တနင်္ဂနွေ
ဒီကာလအတွင်း မှာတော့ အလုပ်အကိုင် အကြံအစည် သစ်များ ကိုလည်း စတင်လုပ်ကိုင်ရန် အချိန်ကောင်း ဖြစ်ပါသည်။ အသိဉာဏ်ကို ဦးစားပေး၍ ဖြေရှင်းပေးပါက သင့်ရည်မှန်းချက်များ ပြည့်စုံလာပါလိမ့်မည်။ သင့်အား အထူးမှာကြားလိုသည်မှာ မည်သည့်လုပ်ငန်းပြဿနာတွေကိုပဲ လုပ်လုပ် အချိန်ယူစဉ်းစားပြီးမှသာ လုပ်ကိုင်သင့်ပါသည်။ ကံဇာတာမညံ့ပါ။ ငွေဝင်မည်။ ငွေကံကောင်းသော ကာလဖြစ်ပါသည်။ မျက်နှာပွင့်လန်းနေမည်။ သင်၏ခက်ခဲ နေသော ငွေကြေးများ၊ အကြံအစည်များကို ကူညီပံ့ပိုးပေးမည့် မိတ်ဆွေ တစ်ဦး မမျှော်လင့်ဘဲ ရောက်ရှိလာတတ်ပါ သည်။ လုပ်ငန်းခွင်အတွင်း၌ နေရာကောင်းသို့ ပြောင်းရွှေ့လုပ်ကိုင်ရခြင်း၊ ရာထူးတိုးခြင်း၊ ခရီးဝေးသွားရခြင်း၊ ကြုံတွေ့ရတတ်ပါသည်။ အကျိုးဆောင်လုပ်ငန်းများ လုပ်သူများအဖို့ မျှော်မှန်းထားသည့်အတိုင်း ဖြစ်ပေါ်မလာဘဲ ထစ်ငေါ့နေ တတ်သည်။ အမှုအခင်းတွေ့ကြုံနေရသူဖြစ်ပါက ဥပဒေနားလည်သူတစ်ဦးထံမှ အကူအညီများ ရရှိလာ တတ်ပါသည်။ ငယ်ရွယ်သူများ၊ အချစ်ရေးနှင့် ပညာရေး ရောထွေးဆက်နွယ်မှုများ ကြုံတွေ့နေရတတ်ပါသည်။ အိမ်ထောင်ရေးအညံ့မရှိပေမယ့် သိပ်မနွေးထွေးဘူးလို့မြင်ပါတယ်။ကျန်းမာရေးအားနည်းချက်တွေရှိပါတယ်။ ခေါင်း လျှော်တာမျိုးကိုချိန်ဆပြီးမှလုပ်စေချင်ပါတယ်။
အကျိုးပေးဂဏန်း 1/3/7 အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရမည်။ ယတြာ အုန်းထမင်း ဆွမ်းချက်ပြီး ဘုရားကပ်ပါ။
တနင်္လာ
ဒီကာလအတွင်းမှာတော့ အရာရာအနစ်နာခံရမည့်ကာလ ဖြစ်ပါသည်။ မမျှော်လင့်သော စိတ်ထိခိုက်စရာ အချို့ကို ကြုံမည်။ သစ္စာမရှိသူနဲ့တွေ့ရမည်။ မာယာတွေ၊ လှည့်စားမှုတွေကို သိသိနှင့် ခံနေရမည်။ စိတ်မကောင်း ဖြစ်ရမည်။ သည်ကာလမျိုးမှာ မိတ်ဆွေတု၊ မိတ်ဆွေစစ်တွေ ကို ခွဲခြားနားလည်သွားမည်။ အလုပ်တွေကို ပုံမှန်ပဲ လုပ်ပါ။ ဘာမှအကျိုးမရှိတာကိုအင်တိုက်၊ အားတိုက်မလုပ်ပါနှင့်။ ငွေတွေ ဝင်လာလျှင်လည်း အရင်လှူဖြစ်ဖို့မမေ့ ပါနှင့်။ သိပ်အစွဲအလမ်းမထားပါနှင့်။ ယခုကာလ အနစ်နာခံသမျှ အနာဂတ်တွင် ကောင်းမည်။ အိမ်ထောင်ရှင်များ သဘောထားကြီးပါ။ နားလည်ခွင့်လွှတ်ခြင်းကို လက်နက်သဖွယ် သဘောထားပါ။ အနွံတာခံလိုက်ပါ။ အံ့အားသင့် စရာတွေ ကြုံမည်။ ငွေကြေးဥစ္စာများ ဝင်လာမည်။ အလုပ်အကိုင်ကောင်းမည်။ စည်းစိမ် တိုးမည်။ သို့သော် စိတ် ထိခိုက် ရမည်။ လိမ်လည်လှည့်ဖြားမှုတွေ ကြုံရမည်။ ငယ်ရွယ် သူများ အချစ်ရေး ရှုပ်ထွေးနေမည်။ မာယာတွေ ကြား ရောက်နေမည်။ ဆုံးဖြတ်ရခက်နေမည်။ ကျန်းမာရေးကတော့ သင့်အပေါ်မှာပဲ တည်နေပါတယ်။ သိပ်အပင် ပန်းခံရင် ကျန်းမာရေး ညံ့နေပါမည်။ စိတ်ပင်ပန်းမှုဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါသည်။ ဘာသိဘာသာ နေပါ။ သွက်လပ်ပေါ့ပါးစွာနေပါ။ ကျန်းမာရေးကောင်း ပါလိမ့်မည်။
အကျိုးပေးဂဏန်း 1/2/4 အထူးဟော ကံအားနည်းနေသည်။ ယတြာ ငွေ၂၀၀ ခန့် ပံ့သကူပစ်လိုက်ပါ။
အင်္ဂါ
ဒီကာလအတွင်း မထင်မှတ်ထားသော အလုပ် ဟောင်းများမှ ငွေရ မည်။ ကံကောင်းနေမည်။ ကြံစည်လုပ်ကိုင် သမျှ ငွေရလွယ်သော အချိန်ကာလဖြစ်သော်လည်းငွေမမြဲတဲ့ကံမျိုးလဲကျရောက်နေချိန်ဖြစ်ပါသည်။ နာမည်ဂုဏ် သတင်း ကျော်ကြားမည်။ ကြောငြာအားကောင်းမှုကြောင့် လုပ်ငန်းတိုးတတ်မှုကို ခံစားရမည်။ ဝန်ထမ်းများ ရာထူးတိုးတတ်ကိန်းရှိသည်။ လုပ်ငန်းအသုံးပြုရန်အိုင်တီပစ္စည်းများရရှိတတ်သည်။ အောက်ခြေလွတ်တတ်သည်။ အသေးစားလုပ်ငန်းများကြီးကဲသူတို့ ကြောင့် စီးပွားရေး လုပ်ရကိုင်ရခက်နေမည်။ နည်းပညာ၊ ဆက်သွယ်ရေး လုပ်ငန်းများ အောင်မြင်မည်။ အိမ်ထောင်ရေးတွင် စိတ်ကူးတွေ လွဲချော်နေမည်။ သားသမီးများနှင့် ပတ်သက် ၍ စကားများရမည်။ ဆွေမျိုးများ ပြန်သွားလျှင် လည်း ရန်ဖြစ်ရတတ်သည်။ နောက်ပိုင်းတွင်တော့ သာယာပျော်ရွှင်မှု ပိုများသည်။ ပညာရေးတွင် တစ်ဆင့်မြင့် ပညာများ သင်ယူခွင့်ရမည်။ သင်္ချာနှင့် ကျက်စာများ ညံ့နေမည်။ အချစ်ရေး တွင် ချစ်သူနှင့် လမ်းခွဲရတတ်သည်။ ကျန်းမာရေးတွင် ဆီးရောဂါနှင့် မီးယပ်ရောဂါများ ဖြစ်လွယ်သည်။ ခန္ဓာကိုယ် အောက်ပိုင်း ကိုက်ခဲနာကျင်မည်။ အစာမှားခြင်း၊ မသန့်ရှင်းသော လေများ ကို ရှူသွင်းမှုများကြောင့် အဆုတ်ထိခိုက် နိုင်ပါသည်။
အကျိုးပေးဂဏန်း 2/3/5 အထူးဟော ကံသင့်ပါတယ်။ ယတြာ ခရေပန်း/ခရေညွန့်ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဤကာလများတွင် အလုပ်သစ်များ ပေါ်ပေါက် လာမည်။ အလုပ်လျှောက် လျှင်လည်း ရလွယ်သည်။ ဒါပေမဲ့ အလုပ်ဟောင်းမှာလည်း မပြီးပြတ်အောင် ရှင်းနေရ မည်။ အချိန်ပိုင်းလုပ် ဖို့လျှောက်ထားတဲ့ အလုပ်တွေကနေ ဆက်သွယ်မှုများ ရရှိလာမည်။ စက်၊ ယာဉ်၊ အရောင်းအဝယ်နှင့် အကျိုးဆောင် အလုပ်များမှ ငွေဝင်မည်။ လက်ဝတ် ရတနာအဟောင်းများ ဝင်လာမည်။ စိန်ထည် အကျိုးပေးမည်။ ရံဖန်ရံခါ စိတ်အားငယ်မှုများ ကြုံမည်။ လုပ်ငန်းပိုင်း အတိုက်အခံ၊ အခက်အခဲအချို့ ရင်ဆိုင်တွေ့ကြုံရသော်လည်း အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်။ ခရီး သွားရန် စီစဉ်ပြီး မှ ပျက်သွားမည်။ ကျန်းမာရေးတွင် စိတ်ဂနာမငြိမ်၊ တုပ်ကွေး၊ အပူဖုများ ပေါက်မည်။ ယားယံမည်။ သွားနာမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက် ရာထူးတတ်မည်။ ငွေကြေးထောက်ပံ့ရလိမ့်မည်။ ကိုယ်ကစိတ် မတို လျှင် အိမ်တွင်းရေး အဆင်ပြေမည်။ အိမ်ထောင်ဘက်မှာ အလုပ်ရှုပ်နေ၍ နားလည်မှုပေးရန် လိုအပ်သည်။ ပညာရေး အလွန်ကောင်းမွန်နေ သည်။ အလုပ်များနေတဲ့ အတွက်အချိန်လု၍ ပညာသင်ကြားနေရမည်။ အချစ်ရေး တွင် အလုပ်တူ လုပ်ဖေါ်ကိုင်ဖက်များနှင့် ခင်မင်မိရာမှ ချစ်မိသွားလိမ့်မည်။ အဆင့်တူ၊ ပညာတူသူများ ဖြစ်လိမ့်မည်။
အကျိုးပေးဂဏန်း 3/6/8 အထူးဟော အလုပ်ကံ၊စီးပွားကံမြင့်မားနေမည်။ ယတြာ ဆေးဝါးဒါနလုပ္ပါ။
ကြာသပေတး
ယခုအချိန်တွင် လခစားအလုပ်နှင့် လုပ်အားစိုက်သော အလုပ်များမှသာ ငွေဝင်မည်။ ယာဉ်၊ ကားနှင့် လက်ဝတ်ရတနာများ အောက်ဈေးဖြင့် ရောင်းနေရမည်။ ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့် အခြားကုန်ကျစရိတ် များနေ၍ အိတ်စိုက်သုံးစွဲနေရမည်။ မြေယာ၊ အဆောက်အဦးများ ဈေးမြင့်နေသော်လည်း အဝယ်မလိုက်၊ ငှားလျှင် ငွေရလွယ်မည်။ လုပ်ငန်းရှင်များ အောက်လက်ငယ်သား ကြောင့် ဆုံးရှုံးနစ်နာရမှုများ ကြုံတွေ့ရတတ်သည်။ စိတ်ဆိုး ဒေါသဖြစ်ရမှုနှင့် စိတ်အလိုမကျ ပေါက်ကွဲလိုမှုများ လွှမ်းမိုးနေမည်။ အိမ်ထောင်ရေးတွင် အခေါ်အပြောနည်းနေ မည်။ ခွဲနေရမှုများက များနေမည်။ စကားပြောလျှင် အလုပ်အကြောင်းများသာ ပြောဖြစ်၍ အေးစက်နေသော အိမ်ထောင်ရေးပင်ဖြစ်သည်။ ပညာရေးတွင် သင်ယူလိုသော ပညာရပ်တွေ များနေမည်။ ပင်ပန်းခက်ခဲမှုများ ရှိနေမည်။မိတ်ဆွေတွေနဲ့ ပညာချင်း ဖလှယ်ဖြစ်မည်။ အချစ်ရေး ပြောင်းပြန် ဖြစ်နေမည်။ ရွေးရခက်နေမည်။ အလုပ်ထဲမှ ချစ်သူနှင့် ခွဲခွာရမည်။ အိန္ဒေရြှင် လူပျိုကြီး၊ အပျိုကြီးများချစ်ရသူနှင့် တွေ့မည်။ ကျန်းမာရေးတွင် ဝမ်းပျက်မည်။ ဗိုက်ပွ၊ လေထိုး၊ လေအောင့် ၊ အစာမကြေ ဖြစ်မည်။ ရေလမ်းခရီး၊တောထဲခရီးသွားရာမှ ရောဂါများ ရလာမည်။
အကျိုးပေးဂဏန်း 7/4/5 အထူးဟော စိတ်လေလွင့်နေတတ်ပါတယ်။ ယတြာ သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။
သောကြာ
ဤကာလတွင် သင့်အတွက် အပြောင်းအလဲမြန်သော အချိန်ဖြစ်သည်။ ကတိပျက်မှု များခြင်း၊ ချိန်းထားရာမှ လွဲခြင်း၊ စာချုပ်စာတမ်း ဖောက်ဖျက်မှုများ ကြုံမည်။ ငွေကြေးဖလှယ်မှု၊ ငွေလွှဲမှုများ အမြတ်ရမည်။ ပညာသင်ပေး ခြင်း၊ မိမိပညာကို တန်ဖိုးရှိစွာအသုံးချခြင်းကြောင့်ငွေရလာမည်။အခွင့်အရေးကောင်းများ မိမိနှင့် မိသားစုတွင် တွေ့ကြုံရတတ်ပါသည်။ ကျန်းမားရေးအညံ့နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ တွေ့ကြုံရတတ်ပါသည်။ ဝီရိယ၏အကျိုးကြောင့် သာအောင်မြင်မှုရနိုင်တဲ့ကာလပါ။ မိတ်ဆွေတွေရဲ့အကူအညီဖြင့် အကျိုးဆောင် အလုပ်များ ငွေဝင်မည်။ အိမ်ထောင်ရေးတွင် စကားများ၊ ရန်ဖြစ်နေရ၍ အစေးမကပ်နိုင်အောင်ဖြစ်နေမည်။ နောက်ပိုင်း လင်မယားချင်း ခွဲနေရတတ်သည်။ သွေးအေးနေမည်။ သားသမီးတို့ ကြောင့်ပြန်လည် သင့်မြတ်မည်။ ပညာရေး ကံကောင်းနေမည်။ ဆရာ၊ မိဘတို့၏ အကူအညီရမည်။ အလုပ်ကိစ္စများ သူတစ်ပါးအား အကူအညီပေးမှု ကြောင့် ပညာရေး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်မည်။ အချစ်ရေးသည် မတည်ငြိမ်သော အချစ်၊ အချစ်ဟောင်းများ နှင့် ဝေးနေချိန်၊ အချစ်သစ်ကလည်း မရေရာ၊ လိမ်ညာခံရမှုများ နေမည်။ အချစ်အတွက် ပံ့ပိုးမှုမှန်သမျှ အချည်းအနှီး ဖြစ်နေမည်။
အကျိုးပေးဂဏန်း 1/5/6 အထူးဟော အရေးကြီးတာကို ဦးစားပေးလုပ်ကိုင်ပါ။ ယတြာ ဒီကာလအတွင်း သစ်သီးတွေဘုရားကပ်ပါ။
စေန
ဤကာလတွင် စက်မှု၊ လယ်ယာမြေနှင့် အဆောက်အဦးဆိုင်ရာများ၊ ပုံနှိပ်လုပ်ငန်းများ ဖြည်းဖြည်းနှင့် မှန်မှန်အဆင်ပြေမည်။ စီးပွားတတ်မည်။ နိုင်ငံခြားငွေများ ဝင်မည်။ လူမျိုးခြားတို့နှင့် စပ်တူလုပ်ဖြစ်မည်။ အစိုးရ ဆိုင်ရာ အလုပ်များအတွက် ငွေသွင်းဖြစ်မည်။ အခန်းနှင့် အဆောက်အဦးများ ငှားထားသော်လည်း ငွေပုံမှန်မရ ဖြစ်မည်။ ကြိုးစားထားသမျှ အရာမထင်၊ ငြိမ်နေလျှင် အကောင်းဆုံး အချိန်ဖြစ်သည်။ ကျန်းမာရေးအနည်းငယ် ညံ့နေမည်။ ခါးနာခြင်း၊ ချော်လဲခြင်းများ ရှိမည်။ မိန်းကလေးများမီးယပ်ရောဂါများ ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်သင့်ပါသည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ မူမမှန် မှုများ တွေ့ကြုံရမည်။ အိမ်ထောင်ဖက်အတွက် စိတ်အပူရဆုံးအချိန်ဖြစ်သည်။ လက်ရှိပညာရေးကို စိတ်မဝင်စားနိုင်အောင်ဖြစ်မည်။ ငွေသွင်းပြီးမှ သင်တန်းမတတ် ဖြစ်ရမှု များ ကြုံတွေ့ရမည်။ သင်ခဲ့ပြီးသော သင်ခန်းစာများကို ပို၍တိုးတတ်အောင်ပြုလုပ်လျှင် အကောင်းဆုံးဖြစ် မည်။ အချစ်ရေးတွင် ဆွေးနွေးရှင်းပြရသမျှ အချည်းအနှီးဖြစ်မည်။ လုပ်ငန်းရှင်များ အတိုက်အခံ၊ အခက်အခဲ များကြားမှ ထူးခြားသည့်ကံကောင်းမှုများ တွေ့ကြုံရမည်။ ထီပေါက်တတ်သောကာလဖြစ်သည်။
အကျိုးပေးဂဏန်း 2/6/7 အထူးဟော ကံမြင့်မားနေမည်။ ယတြာ နွားနို့ဘုရားကပ်လှူပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Add a Comment
Your email address will not be published. Required fields are marked *