ယာဉ်မောင်းသူ တိုင်း သတိပြုသင့်တဲ့ ပလက်(plug) အကြောင်း
စေတနာ…မေတ္တာဖြင့်
V-Max Auto Service
Unicode
Spark plug တွေ မှာ အသုံးပြုတာကြာလာတဲ့ အခါ နီညိုရောင် အစွန်းလေးတွေကိုဖြ စ်နေတာကို အများဆုံး တွေ့ရပါတယ်။ အနီညိုေ ရာင်စွန်းလေးတွေ ဖြစ်ရတဲ့ အကြောင်းရင်းက တကယ်တော့ sparkplug တွေမှာ spark( မီး
တောက်) ထုတ်ပေးသ ကဲ့သိ ု့ သူ့ရဲ့ အနီးနားမှာ electrostatic induction (တည်ငြိမ် လျှပ်စစ်ညို့အား) ဟာလဲ အချိန်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီ induction (ညို့အား)ကြောင့် spark plug နားမှာ ရှိတဲ့ ဆီဆီချေးတွေ
ကို စွဲကပ်စေခြင်းဖြင့် နီညိုရောင် အစွန်းလေးကို အချိန်ကြာလာတာ နဲ့အမျ ဖြစ်ပေါ်လာစေပါတယ်။ အနီညိုရောင်စွန်းလေး တွေကို Coronastain(ကိုရိုနာစတိန်း)လို့ ခေါ်ပါတယ်။ Sparkplug ၏ လုပ်ငန်းဆောင်တာများအား
တစ်စုံတစ်ရာ ထိခိုက်မူ မရှိပါဘူး။ တိုက်ပစ်စီးတွေကြောင့် (သို့) ပလပ်စီးတွေကြောင့် ဆီယိုစိမ့်မူ့ ဖြစ်ပြီး ပလပ်ကို ထိခိုက်မူ့တွေ များစွာ ဖြစ်လာနိူင်ပါတယ်။ ပလပ်ရဲ့ သက်တမ်းပြည့်လို့ အသစ်လဲခဲ့မယ် ဆိုရင် ပလပ်ကွိုင် (သို့)
ပလပ်တွေမှာ ဆီဆိုနေလား အကယ်၍ ဆီဆိုနေခဲ့မယ် ဆိုရင် ဆီယိုစိမ့်နေတဲ့ တိုက်ပစ်စီးကို အရင်အသစ်လဲပြီး မှ ပလပ်အသစ်ကို လဲပေးပါ။မှတ်ချက်/ ဆီယိုစိမ့်မူ့တွေ ဖြစ်နေပါလျက်နဲ့ ပလပ်အသစ် ပဲ ထပ်ပြီးလဲခဲ့မယ် ဆိုရင်
ပလပ်ရဲ့သက်တမ်းက ရေရှည်အသုံးပြုလို့ ရမှာ မဟုတ်တော့ပါဘူး။
စေတနာ…မေတ္တာဖြင့်
V-Max Auto Service
Add a Comment
Your email address will not be published. Required fields are marked *