လူတိုင္းသိထားသင့္တဲ့ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္္ လက္မွတ္ထိုးပိုင္ခြင္႔ မရွိသည္႔႔ လူ ၄ မ်ိဳး(စာခ်ဳပ္္ ပ်က္ျပယ္သည္)

ေယဘုယ်အားျဖင့္္ သေဘာတူ စာခ်ဳပ္တစ္ခုတြင္ မည္သူမဆို လက္မွတ္ေရးထိုး စာခ်ဳပ္ျပဳလုပ္ခြင့္ရွိသည္ဟု ဆိုနိုင္ေသာ္လည္း ထိုသို႔ ျပဳလုပ္ခြင့္မရွိိသူမ်ားႏွင့္ ပတ္သက္၍ ဥပေဒက သတ္မွတ္ေပးထား သည္ကို သိသူလြန္ စြာ နည္းပါးၾကပါသည္။

တစ္နည္းျဖင့္ ဆိုေသာ ထိုသူမ်ားကိုိ အရည္အခ်င္း ပ်က္ယြင္မွုျဖင့္ ဥပေဒ သတ္မွတ္ေပးထားျခင္း ျဖစ္ပါသည္။ အဆိုပါပုဂၢိဳလ္မ်ား သေဘာတူစာခ်ဳပ္ ျပဳလုပ္ခြင့္ မရွိ။ အကယ္၍ ျပဳလုပ္ခဲ့ေသာ္ ထိုိသေဘာတူစာခ်ဳပ္သည္ ပ်က္ျပယ္သည္ပင္ ျဖစ္ပါသည္။

အရည္အခ်င္း ပ်က္ယြင္းမွုႏွင့္ ပတ္သက္၍ အပိုင္းႏွစ္ပိုင္း ရွိပါသည္။ တစ္ပိုင္းမွာ စိတ္ခ်ိဳ႕မွုအပိုင္း ျဖစ္ၿပီး ၊ အျခားတစ္ပိုိင္းမွာ သက္ဆိုင္ရာပုဂၢိဳလ္၏ လူေနမွုအဆင့္အတန္း ရာထူးအေျခအေနအရ ေပၚေပါက္မွုအပိုင္း ျဖစ္ ပါသည္။

စိတ္ခ်ိဳ႕တဲ့မွုအပိုင္းတြင္ အရြယ္မေရာက္ေသးသူျဖစ္ျခင္းႏွင့္ စိတ္႐ူးသြပ္သူ၊ မူးယစ္သူႏွင့္ က်ပ္မျပည့္သူမ်ား ပါဝင္ပါသည္။ ပဋိညာဥ္ဥပေဒအရ လူတစ္ေယာက္သည္္ အသက္ ( ၁၈ ) ျပည့္ပါမွ အရြယ္ေရာက္ပါသည္။

အရြယ္မေရာက္္ ေသးသူျဖစ္ပါက ( သို႔ိမဟုတ္ ) အသက္ျပည့္ေသးသူ မဟုတ္ပါက ပဋိိညာဥ္စာခ်ဳပ္ မျပဳလုပ္နိုင္ဟု ဆိုိရပါမည္။ ၎သည္ ပဋိညာဥ္စာခ်ဳပ္ျပဳလုပ္ပိုင္ခြင့္ အရည္အခ်င္း မရွိေသးသည့္အတြက္ အသာစီးရရွိၿပီး ၎၏ အက်ိဳး စီးပြား အလို႔ငွာ ျပဳလုပ္ထားသည့္ ပဋိညာဥ္ ျဖစ္ေစဦး တရားမဝင္ဟု ဆိုရပါမည္။

ထို႔အတူ ႐ူးသြပ္သူ ၊ မူးယစ္သူ၊ က်ပ္မျပည့္သူမ်ားသည္လည္း အရည္အခ်င္း ပ်က္ယြင္းမွုျဖစ္၍ အထက္ပါ အတိုင္း သေဘာတူစာခ်ဳပ္ ျပဳလုပ္ခြင့္ မရွိဟု ဆိုရပါမည္။

ယခု ဆက္လက္ၿပီး သက္ဆိုင္ရာ လူေနမွုအဆင့္အတန္း ရာထူး အေျခအေနအရ ေပၚေပါက္မွုအပိုင္းကို တင္ျပပါမည္။ တည္ေထာင္ဖြဲ႕စည္းထားေသာ သိုိ႔မဟုတ္ လုပ္ယူဖန္တီးထားေသာအေနအထားအရ ေပၚေပါက္ေသာ အရည္အခ်င္းပ်က္ယြင္းမွု – – – – – ။

ကုမၸဏီတစ္ခုသည္ အသင္းအဖြဲ႕ ဥပေဒကိုိ ေက်ာ္လြန္ၿပီး ပဋိညာဥ္ မျပဳလုပ္ရန္ ကုမၸဏီမ်ား အက္ဥပေဒက တားျမစ္ထားပါသည္။ ထိုသို႔ တားျမစ္ထားပါလ်က္ ေက်ာ္လြန္ၿပီး ပဋိညာဥ္စာခ်ဳပ္ ျပဳလုပ္ပါလၽွင္ ထိုစာခ်ဳပ္ ပ်က္ျပယ္ပါသည္။

နိုင္ငံေရး၊ လူမွုေရး အေျခအေနအရ ေပၚေပါက္ေသာ အရည္အခ်င္းပ်က္ယြင္းမွု —။ ဥပမာ – – လူမြဲအျဖစ္ စီရင္ဆုံးျဖတ္ ေၾကညာခံရသူတစ္ဦးသည္ အရည္အခ်င္း ပ်က္ယြင္းသူစာရင္တြင္ အၾကဳံးဝင္သည္ျဖစ္ ၍ ပဋိ ညာဥ္ စာခ်ဳပ္ မျပဳလုပ္နိုင္။ ျပဳလုပ္ပါက ထို စာခ်ဳပ္ပ်က္ျပယ္ပါသည္။

ထိမ္ျမားလက္ထပ္ ( သို႔မဟုတ္ ) အိိမ္ေထာင္ျပဳသူ အေနအထားအရ အရည္အခ်င္း ပ်က္ယြင္းမွု။

၁၈၈၈ ခုႏွစ္ မတိုင္မီက အဂၤလိပ္ ဥပေဒတစ္ရပ္ ရွိခဲ့ဖူးပါသည္။ ထိုိဥပေဒအရဆိုပါလၽွင္ အမ်ိဳးသမီးတစ္ဦးသည္ အိမ္ေထာင္ျပဳလိုက္သည္ႏွင့္ တစ္ၿပိဳင္တည္း ၎၏ ပိုင္ဆိုင္မွုအားလုံးသည္ ခင္ပြန္းသည္ထံ သို႔ ေျပာင္းလဲ ေရာက္ရွိသြားပါသည္။ ထို႔ေၾကာင့္ အိမ္ေထာင္သည္ အမ်ိဳးသမီးမ်ားသည္ မည္သည့္ ပိုင္ဆိုင္မွုမွ မရွိေတာ့ သည္ျဖစ္ျခင္းေၾကာင့္ ပစၥည္းႏွင့္ ပတ္သက္၍ ပဋိညာဥ္စာခ်ဳပ္ ျပဳလုပ္ခြင့္မရွိဟု ဆိုပါသည္။

ျမန္မာနိုင္ငံ အမ်ိဳးသမီးမ်ား လြန္စြာ ကံေကာင္းၾကပါသည္။ အဘယ္ေၾကာင့္ ဆိုိေသာ္ ထိုကဲ့သို႔ အရည္အခ်င္း ပ်က္ယြင္းမွုမ်ိဳး မရွိေသာေၾကာင့္ ျဖစ္ပါသည္။
(
အညႊန္း – ဦးေက်ာ္ေဇယ် ၊ စာခ်ဳပ္ခ်ဳပ္မည္ဆိုလၽွင္ ေဆာင္ရန္္ေရွာင္ရန္မ်ား ၊ စာ ၉၁ ) ။ DVBLawLab

Unicode

ယေဘုယျအားဖြင့် သဘောတူ စာချုပ်တစ်ခုတွင် မည်သူမဆို လက်မှတ်ရေးထိုး စာချုပ်ပြုလုပ်ခွင့်ရှိသည်ဟု ဆိုနိုင်သော်လည်း ထိုသို့ ပြုလုပ်ခွင့်မရှိသူများနှင့် ပတ်သက်၍ ဥပဒေက သတ်မှတ်ပေးထား သည်ကို သိသူလွန် စွာ နည်းပါးကြပါသည်။

တစ်နည်းဖြင့် ဆိုသော ထိုသူများကို အရည်အချင်း ပျက်ယွင်မှုဖြင့် ဥပဒေ သတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်များ သဘောတူစာချုပ် ပြုလုပ်ခွင့် မရှိ။ အကယ်၍ ပြုလုပ်ခဲ့သော် ထိုသဘောတူစာချုပ်သည် ပျက်ပြယ်သည်ပင် ဖြစ်ပါသည်။

အရည်အချင်း ပျက်ယွင်းမှုနှင့် ပတ်သက်၍ အပိုင်းနှစ်ပိုင်း ရှိပါသည်။ တစ်ပိုင်းမှာ စိတ်ချို့မှုအပိုင်း ဖြစ်ပြီး ၊ အခြားတစ်ပိုင်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ်၏ လူနေမှုအဆင့်အတန်း ရာထူးအခြေအနေအရ ပေါ်ပေါက်မှုအပိုင်း ဖြစ် ပါသည်။

စိတ်ချို့တဲ့မှုအပိုင်းတွင် အရွယ်မရောက်သေးသူဖြစ်ခြင်းနှင့် စိတ်ရူးသွပ်သူ၊ မူးယစ်သူနှင့် ကျပ်မပြည့်သူများ ပါဝင်ပါသည်။ ပဋိညာဉ်ဥပဒေအရ လူတစ်ယောက်သည် အသက် ( ၁၈ ) ပြည့်ပါမှ အရွယ်ရောက်ပါသည်။

အရွယ်မရောက် သေးသူဖြစ်ပါက ( သို့ိမဟုတ် ) အသက်ပြည့်သေးသူ မဟုတ်ပါက ပဋိညာဉ်စာချုပ် မပြုလုပ်နိုင်ဟု ဆိုရပါမည်။ ၎င်းသည် ပဋိညာဉ်စာချုပ်ပြုလုပ်ပိုင်ခွင့် အရည်အချင်း မရှိသေးသည့်အတွက် အသာစီးရရှိပြီး ၎င်း၏ အကျိုး စီးပွား အလို့ငှာ ပြုလုပ်ထားသည့် ပဋိညာဉ် ဖြစ်စေဦး တရားမဝင်ဟု ဆိုရပါမည်။

ထို့အတူ ရူးသွပ်သူ ၊ မူးယစ်သူ၊ ကျပ်မပြည့်သူများသည်လည်း အရည်အချင်း ပျက်ယွင်းမှုဖြစ်၍ အထက်ပါ အတိုင်း သဘောတူစာချုပ် ပြုလုပ်ခွင့် မရှိဟု ဆိုရပါမည်။

ယခု ဆက်လက်ပြီး သက်ဆိုင်ရာ လူနေမှုအဆင့်အတန်း ရာထူး အခြေအနေအရ ပေါ်ပေါက်မှုအပိုင်းကို တင်ပြပါမည်။ တည်ထောင်ဖွဲ့စည်းထားသော သို့မဟုတ် လုပ်ယူဖန်တီးထားသောအနေအထားအရ ပေါ်ပေါက်သော အရည်အချင်းပျက်ယွင်းမှု – – – – – ။

ကုမ္ပဏီတစ်ခုသည် အသင်းအဖွဲ့ ဥပဒေကို ကျော်လွန်ပြီး ပဋိညာဉ် မပြုလုပ်ရန် ကုမ္ပဏီများ အက်ဥပဒေက တားမြစ်ထားပါသည်။ ထိုသို့ တားမြစ်ထားပါလျက် ကျော်လွန်ပြီး ပဋိညာဉ်စာချုပ် ပြုလုပ်ပါလျှင် ထိုစာချုပ် ပျက်ပြယ်ပါသည်။

နိုင်ငံရေး၊ လူမှုရေး အခြေအနေအရ ပေါ်ပေါက်သော အရည်အချင်းပျက်ယွင်းမှု —။ ဥပမာ – – လူမွဲအဖြစ် စီရင်ဆုံးဖြတ် ကြေညာခံရသူတစ်ဦးသည် အရည်အချင်း ပျက်ယွင်းသူစာရင်တွင် အကြုံးဝင်သည်ဖြစ် ၍ ပဋိ ညာဉ် စာချုပ် မပြုလုပ်နိုင်။ ပြုလုပ်ပါက ထို စာချုပ်ပျက်ပြယ်ပါသည်။

ထိမ်မြားလက်ထပ် ( သို့မဟုတ် ) အိမ်ထောင်ပြုသူ အနေအထားအရ အရည်အချင်း ပျက်ယွင်းမှု။

၁၈၈၈ ခုနှစ် မတိုင်မီက အင်္ဂလိပ် ဥပဒေတစ်ရပ် ရှိခဲ့ဖူးပါသည်။ ထိုဥပဒေအရဆိုပါလျှင် အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုလိုက်သည်နှင့် တစ်ပြိုင်တည်း ၎င်း၏ ပိုင်ဆိုင်မှုအားလုံးသည် ခင်ပွန်းသည်ထံ သို့ ပြောင်းလဲ ရောက်ရှိသွားပါသည်။ ထို့ကြောင့် အိမ်ထောင်သည် အမျိုးသမီးများသည် မည်သည့် ပိုင်ဆိုင်မှုမှ မရှိတော့ သည်ဖြစ်ခြင်းကြောင့် ပစ္စည်းနှင့် ပတ်သက်၍ ပဋိညာဉ်စာချုပ် ပြုလုပ်ခွင့်မရှိဟု ဆိုပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများ လွန်စွာ ကံကောင်းကြပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုကဲ့သို့ အရည်အချင်း ပျက်ယွင်းမှုမျိုး မရှိသောကြောင့် ဖြစ်ပါသည်။
(
အညွှန်း – ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၉၁ ) ။ DVBLawLab

Add a Comment

Your email address will not be published. Required fields are marked *