Unicode
ဒီတစ်ခေါက် မှာတော့ ထူးထူးဆန်းဆန်း အကြောင်းအရာလေး တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကျောက်တုံးကြီး တစ်တုံးကို မှ ထုခွဲပြီး တည်ဆောက်ထားတဲ့ အိန္ဒိယနိုင်ငံ က ဘုရားကျောင်း တစ်ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုမျိုး ထုခွဲ တည်ဆောက်ထားလဲ ဆိုတာကတော့ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်နော်…
လူပေါင်း (၁)ထောင်ကျော် နဲ့ အချိန် ၃ နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီးခဲ့တဲ့ အံ့ဖွယ်ဘုရားကျောင်း
The Kailasa လို့ အမည်ရတဲ့ ဘုရားကျောင်းဟာ ဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားတွေ လည်ပတ်မှု အများဆုံးက နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက် ကတော့ ဒီဘုရားကျောင်းကြီးရဲ့ မူလဇာစ်မြစ် နဲ့ ဘယ်သူတွေ တည်ဆောက်ခဲ့ကြလဲ ဆိုတာကို ယနေ့ချိန်အထိ အဖြေမရှာနိုင်ကြသေးပါဘူး ။ ဒါ့အပြင် ပညာရှင်တွေဟာ ဘုရားကျောင်းကြီးရဲ့ သက်တမ်း ဘယ်လောက်ရှိနေပြီလဲ ဆိုတာကိုလည်း မခန့်မှန်းနိုင်ကြသေးပါဘူး ။
လူပေါင်း (၁)ထောင်ကျော် နဲ့ အချိန် ၃ နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီးခဲ့တဲ့ အံ့ဖွယ်ဘုရားကျောင်း
ပထမဦးဆုံး ဘုရားကျောင်းကြီး ရဲ့ တည်ဆောက်ပုံကို ကြည့်လိုက်မယ်ဆိုရင် များပြားလှတဲ့ ဗိသုကာ အနုပညာနဲ့ ပန်းပုပညာတို့ကို ကွဲကွဲပြားပြားနဲ့ တည်ဆောာက်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ တစ်ချို့ ပညာရှင်တွေကတော့ ဘုရားကျောင်းကြီးရဲ့ အရွယ်အစား ကိုကြည်ပြီး ရာစုနှစ်ပေါင်းများစွာက တည်ဆောက်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီး ဘုရားကျောင်းကြီး ကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင် U ပုံစံ တည်ဆောက်ထားပြီး ကျောင်းဆောင်တွေရဲ့ အပေါ်ကနေ အောက်ခြေအထိ ဆင်ရုပ်တုပေါင်းများစွာကို ထုလုပ်ထားတာ တွေ့ရတာပဲ ဖြစ်ပါတယ်။
လူပေါင်း (၁)ထောင်ကျော် နဲ့ အချိန် ၃ နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီးခဲ့တဲ့ အံ့ဖွယ်ဘုရားကျောင်း
ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ထားတဲ့ ဒီဘုရားကျောင်းကြီးကို အလုပ်သမားပေါင်း ၇၀၀၀ ကျော်နဲ့ အချိန်အတော်ကြာယူပြီး တည်ဆောက်ရမှာ ဖြစ်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထား ကြပါတယ်။ တစ်ချို့သော သမိုင်း အချက်အလက်တွေအရ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့တဲ့ အချိန်တုန်းက အလုပ်သမားတွေဟာ တစ်ရက်ကို ၁၈ နာရီလောက် အလုပ် လုပ်ကြရတယ်လို့ သိရပါတယ်။ နောက်ပြီး လျှပ်စစ်မီး မပေါ်ပေါက်သေးတဲ့ အချိန်မို့လို့ ဂူအ တွင်းပိုင်းကို အလင်းရောင်ရစေရန် မှန်တွေကို အသုံးပြုကာ ရောင်ပြန်နည်းနဲ့ အလင်းပေးထား ခဲ့ကြတာပဲ ဖြစ်ပါတယ်။
လူပေါင်း (၁)ထောင်ကျော် နဲ့ အချိန် ၃ နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီးခဲ့တဲ့ အံ့ဖွယ်ဘုရားကျောင်း
ထူးခြားတဲ့ အချက်ကတော့ ဘုရားကျောင်းကြီး အတွင်းမှာ မရေမတွက် နိုင်တဲ့ ပဟေဠိတွေ အများကြီး ရှိလို့နေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဘုရားကျောင်းအတွင်းက ရှေးဟောင်း အင်ဒို – ဥရောပ ဘာသာ စကားလုံးပေါင်း များစွာကို ဘာသာမပြန်နိုင် ကြသေးပါဘူး ။ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းကတော့ တစ်ချိန်တုန်းက ဟိန္ဒူဘုရားကျောင်းတွေကို ဖျက်စီးပစ်ခဲ့တဲ့ Mughal ဘုရင် Arangzeb ဆိုတဲ့ လူ ရှိခဲ့ပါတယ်။
လူပေါင်း (၁)ထောင်ကျော် နဲ့ အချိန် ၃ နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီးခဲ့တဲ့ အံ့ဖွယ်ဘုရားကျောင်း
တစ်နေ့မှာတော့ သူနဲ့ အပေါင်းအပါတွေဟာ ဒီဘုရားကျောင်းကြီးကို ဖျက်စီးဖို့ လူအင်အား ( ၁၀၀၀ ) လောက်သုံးပြီး ဖျက်စီးဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း အချိန် ( ၃ ) နှစ်သာ ကြာသွားပြီး ဘုရားကျောင်းရဲ့ အစိတ်အပိုင်း အနည်းငယ်လောက် သာ ဖျက်စီးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘုရင် Aranzgeb ဟာ လက်လျော့ခဲ့ပြီး ဘုရားကျောင်းကိုလည်း မဖျက်ဆီးခဲ့တော့ပါဘူး ။
လူပေါင်း (၁)ထောင်ကျော် နဲ့ အချိန် ၃ နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီးခဲ့တဲ့ အံ့ဖွယ်ဘုရားကျောင်း
ဒီလို ထူးဆန်းတဲ့ အကြောင်းတွေကြောင့်ပဲ Kailasa ဘုရားကျောင်းကြီးဟာ ယနေ့အချိန်အထိ နာမည်ကြီးလျက်ရှိပြီး ခရီးသွားသူတွေနဲ့ ပြည့်နှက်လို့နေတာပဲ ဖြစ်ပါတယ်။ Credit
Add a Comment
Your email address will not be published. Required fields are marked *