မန္တလေး ခရိုင်၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်တာရိုး ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ၀န်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
Unicode
မန္တလေး ခရိုင်၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်တာရိုး၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဒေါ်အေးကြင် ထမင်း ဆိုင်အနီးရှိ ရွှေဂဲရေထိန်းတံခါး (ရေဆိုးထုတ်မြောင်း) ကျိုးပေါက်မှုနှင့်ပတ်သက်၍ ရွှေဂဲရေ ဆိုးထုတ်စက်ရုံ စီမံကိန်းကိုတာ ဝန် ယူ တည်ဆောက်နေသော တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီက ယင်းတို့တွင် တာဝန်ရှိသည်ဟု ဝန်ခံ ပြောကြားလိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။ အဆိုပါ ရွှေဂဲရေ ဆိုးထုတ်စက်ရုံ
ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ဝန်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
စီမံကိန်း ကို တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီမှာ တရုတ်နိုင်ငံအခြေ စိုက် CEEC-HEPDI & CNOOD ကုမ္ပဏီ ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Joint Venture ဖြစ်ကြောင်း သိရသည်။ စီမံ
ကိန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး တည်ဆောက်ရေး ကာလကို ကနဦး ၁၀ လ သတ် မှတ်၍ ထပ်တိုးကာလကို ၈ လ သတ်မှတ်ထားခဲ့ကြောင်း ယင်းနောက် ဒုတိယအကြိမ် အဆိုပြုထပ်တိုးကာလကို ၂၀၂၀
ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ဝန်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
ပြည့်နှစ် အောက်တိုဘာလ ထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ စီမံကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅၉ သန်း ဖြစ်ကြောင်းလည်း မန္တဆလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများ အရ သိရ
သည်။ “ကတ္တရာလမ်းအောက်မှာရှိတဲ့ မြေသားက လွယ်လွယ်ပြောရရင် မကျစ်လစ်ဘူး ။ အဲ့ဒီမြေသား ရဲ့အ ရှေ့ဘက်မှာ ရေဆိုးထုတ် သန့်စင်တဲ့ စီမံကိန်းလုပ်နေတယ် ။ စီမံကိန်းက အောက်ထဲမှာ ချိုင့်တွေ အနက်ကြီး တူးထား
ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ဝန်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
တယ် ။ အဲဒီလို တူးထားပြီးတော့ ကိုဗစ်ဖြစ်တဲ့ အခက်အခဲကြောင့် ပြီးအောင် မလုပ်နိုင်ဘူး ။ပြီးအောင် မလုပ်နိုင်တဲ့ အတွက်ကြောင့် ရေကန်ကြီး ဖြစ်နေတယ် ။ တစ်ဖက်က အနိမ့်ဖြစ် နေတယ် ။ တစ်ဖက်က ရေနဲ့ မြေနဲ့က အမြင့်
ဖြစ်နေတယ် ။ အဲဒီတော့ ရေက လမ်းအောက်က မြေ နည်းနည်းလေး ပွနေတယ် ။ မြေနည်းနည်းလေး ပွနေတဲ့နေရာကနေပြီးတော့ တဖြည်းဖြည်း ရေစိမ့်ထွက်ပြီး နောက်တော့ လုံးဝကို ရေစီးကြောင်းကြီးဖြစ်ပြီးတော့ ချောင်း ကြီးလို
ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ဝန်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
ဖြစ်ပြီး ရေစားပြီးတော့မှ ကျသွားတယ် ။ တာဝန်ရှိတဲ့ တရုတ်ကုမ္ပဏီနဲ မြို့ တော်ဝန်ကြီး ဦးဆောင်ပြီးတော့ ဆွေးနွေးနေတယ် ။ သူတို့ အနေနဲ့ ဒီလို ရေနစ်မြုပ်သွားတဲ့ ကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကို ဝန်ခံပါတယ် ။ လို အပ်တဲ့
တာဝန်ယူမှုတွေကို တာဝန်ယူသွားမယ်လို့ပြောတယ် ။ သူတို့က ADB AFB ရဲ ချေးငွေနဲ့လုပ်တယ် ။ နိုင်ငံတကာ တင်ဒါတွေ ဘာတွေခေါ်ပြီးတော့မှ စီစစ်ရွေးချယ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ် ။ စည်ပင်က ပေးထားတာ မဟုတ်ဘူး ။
ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ဝန်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
ကျနော်တို့ စည်ပင်က မပါဘူးတော့ မဟုတ်ဘူး ပါတယ် ။ ရွေးချယ်တဲ့ အပိုင်း ပေါ့ ။ အဓိက ADB ၊ AFB ကနေ နိုင်ငံတကာ တင်ဒါတွေ ခေါ်ပြီးတော့ ရွေးချယ်ပြီးတော့မှ စာချုပ် တွေ ချုပ်ပေးခဲ့တာ ။ မြို့တော် စည်ပင်က တ ပိုင်းတစအဖြစ်တော့ပါတယ် ။ သို့သော် အဓိက ဆောင်ရွက် တာကတော့ ADB ၊ AFB ရဲ့ အစီအမံနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ ယင်း
တာရိုးကျိုးပေါက်ခဲ့မှုကြောင့် အိမ်ထောင်စုပေါင်း ၂၄၇၁ စု၊ လူဦးရေ ၁၂၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း၊ ယခုအခါ မန္တလေးတိုင်းဒေသကြီး အစိုးရမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
ရွှေဂဲရေထိန်းတံခါး ကျိုးပျက်မှု အဓိကတာဝန်ရှိသူအဖြစ် ဝန်ခံလိုက်ရတဲ့ တရုတ်ကုမ္မဏီ
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် ညနေပိုင်းက ယင်းတာရိုးကျိုးပေါက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင် ကျိုးပေါက်နေသော တာရိုးအပေါက်ကို ကျောက်ခဲများချကာ ထိန်းသိမ်းနိုင်ခဲ့ကာ ပြုပြင်ထိန်း သိမ်းမှုများ ဆက်လက်လုပ်ဆောင်နေရသေးကြောင်း သိရသည်။
Ref ; ပန်ပန်/Myanmar Harp Media
Add a Comment
Your email address will not be published. Required fields are marked *