” McDonald ”

သူဟာ Multimixer သစ္သီးေ ဖ်ာ္စက္ အေရာင္းကိုယ္စားလွ ယ္လုပ္ေနတံုးမွာ San Bernardino ၿမိဳ႕မွာရိွတဲ့ စားေသာ က္ဆိုင္တခုကေန သူ႔ဆီကို ေဖ်ာ္စက္ ၈ လံုး လွမ္းမွာလိုက္တယ္။ ေဖ်ာ္စက္ဝယ္သူ အရမ္းနဲေန တဲ့အခ်ိန္မွာ စက္ ၈ လံုးေတာင္ မွာတယ္ဆိုေတာ့ ထူးဆန္းလြန္းလို႔ သူဟာ အေၾကာင္းရင္းကို စံုစမ္းခ်င္လို႔ အဲဒီၿမိဳ႕ေလးကို သြားလိုက္တယ္။

ဟိုေရာက္ေတာ့ သူ႔ဆီက စက္ေတြကို ဝယ္သူဟာ Dick McDonald နဲ႔ Mac McDonald ညီ အကို ၂ ေယာက္ ဖြင့္ထားတဲ့ ဟမ္းဘာဂါဆိုင္ေသးေလး တခုကဆိုတာ သိလိုက္ရတယ္။ သူဟာ အဲဒီဆိုင္ေလး ထဲက ျမင္ကြင္းကို ျမင္ေတြ႕လိုက္တဲ့အခါ အၾကံတခု ရလိုက္တယ္။ အဲဒီအၾကံကို အေကာင္အထည္ေဖၚရင္းနဲ႔ သူဟာ ကမာၻအႏွံ႔မွာ မက္ေဒၚနယ္ဆိုင္ေတြ ဖြင့္လွစ္လာႏိုင္ခဲ့တယ္။ သူ႔နာမည္က ေရးကေရာ့ (Ray Kroc) ပါ။

သူ မက္ေဒၚနယ္ဆိုင္ေတြကို ကမာၻအႏွံ႔မွာ ဖြင့္ႏိုင္ေအာင္ ဘယ္လိုႀကိဳးစားလုပ္ေဆာင္ခဲ့တယ္ဆိုတာ သိခ်င္ရင္္ ဖတ္ၾကည့္လိုက္ပါ။

သူအသက္ ၅၀ အရြယ္ မွာ ေဖ်ာ္စက္ေတြရဲ႕ေရာင္းအား က်သြားတယ္။ အေၾကာင္းက အဲဒီအခ်ိန္ ၁၉၅၀ ခုႏွစ္ေက်ာ္ကာလမွာ ၿမိဳံ႕ထဲက လူေတြဟာ အသစ္တိုးခ်ဲ႔ေဆာက္လုပ္ေနတဲ့ ၿမိဳ႕ျပင္က ရပ္ကြက္ေတြ ဆီကို ေျပာင္းေရႊ႕ကုန္ၾကတယ္။

ဒါေၾကာင့္ ၿမိဳ႕ထဲမွာ ဖြင့္ထားတဲ့ သစ္သီးေဖ်ာ္ရည္ဆိုင္ေတြဟာ ဝယ္ေသာက္သူနည္းသြားလို႔ တျဖည္းျဖည္းခ်င္း ပိတ္ပစ္လိုက္္ၾကရတယ္။ သူ ့အတြက္လဲ Mutimixer ဝယ္တဲ့ေဖါက္သယ္ေတြ အေတာ္ေလးေလ်ာ့နည္းသြားတယ္။

ဒီအခ်ိန္မွာ ကာလီဖိုးနီးယားျပည္နယ္ San Bernardino ၿမိဳ႕မွာရိွတဲ့ စားေသာက္ဆိုင္တခုကေန သူ ့ဆီကို ေဖ်ာ္စက္ ၈ လံုးလွမ္းမွာလိုက္တယ္။ အရင္ကလဲ အဲဒီဆိုင္က စက္အလံုးေပါင္း ၃၀ ေက်ာ္ သူ႔ဆီကေန ဝယ္ဖူးခဲ့တယ္။ ေဖ်ာ္စက္ဝယ္သူအရမ္းနဲေနတဲ့အခ်ိန္မွာ အခုလို စက္ ၈ လံုးႀကီးမ်ားေတာင္ မွာတယ္ဆိုေတာ့ ကေရာ့ဟာ အေတာ္ေလးအံ့ၾသသြားတယ္။

မွာတဲ့အေၾကာင္းရင္းကို သိခ်င္လို႔ သူဟာ Bernardino ၿမိဳ႕ေလးကို သြားလိုက္တယ္။ ဟိုေရာက္ေတာ့ သူ႔ေဖ်ာ္စက္ေတြကို Dick McDonald နဲ႔ Mac McDonald ညီအကို ၂ ေယာက္ ဖြင့္ထားတဲ့ စားေသာက္ဆိုင္ေသးေလးတခုက မွာတယ္ဆိုတာကို သိရတယ္။ ဟမ္းဘာဂါအစာနဲ႔ ေဖ်ာ္ရည္ေတြေရာင္းတဲ့ ဆိုင္ေသးေလးပါ။ ကေရာ့ဟာ အဲဒီဆိုင္ထဲေရာက္သြားေတာ့ သူ တခါမွ

မျမင္ဖူးတဲ့ ျမင္ကြင္းကို ေတြ႕လိုက္ရတယ္။ ပံုမွန္စားေသာက္ဆိုင္ေတြမွာ စားေသာက္သူေတြက စားပြဲမွာထိုင္ၿပီး စားခ်င္တာကို စားပြဲထိုးကို မွာလိုက္မယ္။ စားပြဲထိုးက စားစရာကို ယူလာၿပီး စားပြဲေပၚလာခ်ေပးမယ္။ အခုဆိုင္မွာက အဲဒီလိုမ်ိဳးမဟုတ္္ပဲ self- service ပံုစံ တန္းစီဝယ္စားေနၾကတယ္။ ေနာက္ၿပီး ဆိုင္ထဲမွာလဲ စားပြဲ၊ ကုလားထိုင္ မခ်၊ မခင္းထားဘူး။

စားစရာဝယ္ၿပီးတဲ့လူေတြဟာ ဆိုင္ထဲမွာ မတ္တတ္ရပ္ၿပီး စားခ်င္စား၊ ဒါမွမဟုတ္ ဆိုင္အျပင္ကို အထုတ္နဲ႔ သယ္သြားလို႔ရတယ္။ ေနာက္ၿပီး ေရာင္းတဲ့ အစားအေသာက္ေတြကလဲ ဟမ္းဘာဂါ၊ အာလူးေက်ာ္၊ ႏို႔၊ ေကာ္ဖီနဲ႔ သစ္သီးေဖ်ာ္ရည္ေတြပါပဲ။

ေနာက္ထပ္ထူးျခားတာတခု ရိွေသးတယ္။ အဲဒါက စားစရာကို မွာလိုက္ရင္ အလြန္ဆံုးတစ္မိနစ္ေလာက္ပဲ ေစာင့္ရတယ္။ ဆိုင္မွာ လူေတြအမ်ားႀကီး တန္းစီဝယ္ေနၾကတာကို ကေရာ့ ေတြ႔ရတယ္။ အဲဒီျမင္ကြင္းကို ၾကည့္ရင္း ကေရာ့ေခါင္းထဲမွာ အၾကံတခု ေပၚလာတယ္။ ဒီလို တမူထူးျခားတဲ့ ဆိုင္မိ်ဳးေတြကို ေနရာအႏွံ႔မွာ ဖြင့္လိုက္္ရင္ အျမတ္အစြန္းေတြ

အမ်ားႀကီးရႏိုင္မယ္ေပါ့။ သူက မက္ေဒၚနယ္ညီအကို ၂ ေယာက္ကို တျခားေနရာေတြမွာ ဆိုင္ေတြတိုးခ်ဲ႕ဖြင့္ဖို႔ အၾကံေပးတယ္။ ဒါေပမဲ့ ညီအကို ၂ ေယာက္က ဆိုင္ေတြတိုးခ်ဲ႕ဖြင့္လိုက္ရင္ လုပ္ငန္း မႏိုင္မနင္းျဖစ္မွာကို စိုးရိမ္လို႔ တိုးခ်ဲ႕မဖြင့္ခ်င္ဘူးလို႔ ျပန္ေျပာတယ္။

ဒီေတာ့ ကေရာ့က ဆိုင္ေတြကို တိုးခ်ဲ႕ဖြင့္ေရာင္းတာကို သူလုပ္ခ်င္တယ္။ သူ႔ကို လုပ္ခြင့္ေပးရင္ ေကာ္မရွင္ေပးပါမယ္လို႔ကမ္းလွမ္းတယ္။ ညီအကို ၂ ေယာက္ကလဲ သေဘာတူလိုက္ၾကတယ္။ ဒါေပမဲ့ ဟမ္းဘာဂါ လုပ္တာကို ညီအကိုေတြ ၫႊန္ျပတဲ့နည္းအတိုင္းပဲ တေသြမသိမ္းလုပ္ပါမယ္လို႔ ကေရာ့က သေဘာတူရတယ္။ ကေရာ့က ၁၉၅၅ ခုႏွစ္ ဧၿပီလမွာ ပထမဆံုးဟမ္းဘာဂါဆိုင္ကို

ခ်ီကာဂိုၿမိဳ႕ျပင္ တေနရာ Des Plaines နယ္ေျမမွာ ဖြင့္လွစ္လိုက္တယ္။ သူဟာ မက္ေဒၚနယ္ညီအကို ၂ ေယာက္ရဲ႕မူလဆိုင္လိုပဲ ဆိုင္ကိုသန္႔သန္႔ရွင္းရွင္းနဲ႔ စားစရာကိုလဲ အခ်ိန္တို အတြင္းရေအာင္ လုပ္ေပးတယ္။ ဟမ္းဘာဂါေတြ ကိုလဲ ညီအကိုေတြရဲ႕ အၫႊန္းအတိုင္း အတိအက်လုပ္တယ္။ ဆိုင္ကို McDonald လို႔ အမည္ေပးၿပီး ဆိုင္းဘုတ္တင္္လိုက္တယ္။ မက္ေဒၚနယ္ ၂ ဆိုင္၊

၃ ဆိုင္ဖြင့္ၿပီးခ်ိန္မွာ ဆိုင္ဖြင့္ခ်င္သူေတြ ေပၚလာတယ္။ ကေရာ့က ေကာ္မရွင္ယူၿပီး သူတို႔ကို ဆိုင္ဖြင့္ေရာင္းခြင့္ျပဳတယ္။ ဆိုင္ဖြင့္္လိုသူဟာ ကေရာ့ရဲ႕ဆိုင္အျပင္အဆင္နဲ႔ ဟမ္းဘာဂါ လုပ္နည္းေတြကို အတိက်လိုက္နာလုပ္ပါမယ္။ မလိုက္နာရင္

ဆိုင္ဖြင့္ခြင့္ကို ျပန္ရုတ္သိမ္းခံရမယ္။ အေလ်ာ္လဲ ေပးရမယ္လို ့စာခ်ဳပ္ေပၚမွာ လက္မွတ္ထိုးရတယ္။ ကေရာ့ဟာ အဲဒီဆိုင္က ေရာင္းရသမွ်ရဲ႕ ၁.၉ ရာခိုင္ႏူန္းကို ေကာ္မရွင္အျဖစ္ ေကာက္ယူတယ္။ အဲဒီအထဲက ၁.၅ ရာခိုင္ႏူန္းကို မက္ေဒၚနယ္ညီအကို

၂ ေယာက္ကို ေကာ္မရွင္ခ အျဖစ္ ျပန္ေပးရတယ္။ သူ႔အတြက္ ၀.၄ ရာခိုင္ႏူန္းပဲ က်န္တယ္။ ဒီလိုနဲ႔ သူဟာ McDonald ဆိုင္အသစ္ ၁၈ ဆိုင္ ဖြင့္လွစ္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ ဆိုင္ေတြဆီကရတဲ့ ေကာ္မရွင္ေငြထဲက ညီအကို ၂ ေယာက္ကို ေပးတဲ့ေငြႏူတ္ၿပီးလို႔

က်န္တဲ့ေငြ ၀.၄ ရာခိုင္ႏူန္းဟာ သူ ေန႔စဥ္ၿမိဳ႕တကာလွည့္ၿပီး ဆိုင္ေတြကို ၫႊန္ျပေပးေနရလို႔ ကုန္က်တဲ့စရိတ္နဲ႔ မကာမိေတာ့ဘူး။ အရံႈးျပလာေနတယ္။ မက္ေဒၚနယ္ညီအကိုနဲ႔ အေပးအယူ လုပ္ခဲ့တံုးက ေစ်းအရမ္းနဲသြားခဲ့တယ္ ဆိုတာကို သူ အခုမွသိေတာ့တယ္။ ဒါေပမဲ့ ေနာက္က်သြားၿပီ။ ျပန္ညွိလို႔ ရမွာမဟုတ္ဘူး။ အျမတ္ထြက္ေအာင္ သူ တခုခုလုပ္ရေတာ့မယ္။

ကေရာ့ရဲ႕ လုပ္ငန္းေတြ အႀကီးအက်ယ္ေအာင္ျမင္ေနတာကို ေတြ႕တဲ့ မက္ေဒၚနယ္ညီအကို ၂ ေယာက္ဟာ ေလာဘတက္လာၿပီး အရင္ကသေဘာတူထားခဲ့တဲ့ ေကာ္မရွင္ ၁.၅ ရာခိုင္ႏူန္းထက္ ပိုတိုးေပးဖို႔ ေတာင္းဆိုလာၾကတယ္။ ကေရာ့က သေဘာမတူလို႔ သူတို ့နဲ ့မၾကာခနစကားမ်ားၾကရတယ္။ စိတ္ပ်က္လာတဲ့ ကေရာ့ဟာ မက္ေဒၚနယ္ရဲ႕ပိုင္ဆိုင္မႈနဲ႔ လုပ္ပိုင္ခြင့္အားလံုးကို ညီအကို

၂ ေယာက္ဆီကေန ေဒၚလာ ၂.၇ သန္းနဲ႔ အၿပီးအျပတ္ ဝယ္ယူလိုက္တယ္။ အဲဒီေခတ္က ေဒၚလာ ၂.၇ သန္းဆိုတာ အခုေခတ္ဆိုရင္ ေဒၚလာသန္းေပါင္းမ်ားစြာနဲ ့ ညီမ်ွပါတယ္။ ညီအကို ၂ ေယာက္လဲ ေက်နပ္သြားၾကတယ္။ သိတ္မၾကာခင္မွာ ျပႆနာတခု တက္လာျပန္တယ္။ အဲဒါက မက္ေဒၚနယ္ဆိုင္ေတြကို ညီအကို ၂ ေယာက္ဆီက ဝယ္လိုက္တံုးက San Bernardino က သူတို႔ရဲ႕ မူလဆိုင္လဲပါတယ္လို႔ ကေရာ့က ေျပာတယ္။ ဟို ၂ ေယာက္ကလဲ အဲဒီမူလဆိုင္ဟာ ေရာင္းတဲ့အထဲမွာ မပါဘူးလို႔ ျငင္းတယ္။

ဒါကို အရမ္းစိတ္ဆိုးသြားတဲ့ ကေရာ့က သူအင္မတန္စိတ္ခ်ယံုၾကည္တဲ့ သူ ့တပည့္ကို ခုလို ေျပာျပတယ္။ “ငါဟာ ဘယ္သူ႔ကိုမွ အာဃာတ အၿငိဳးအေတးမထားတတ္ပါဘူး။ ဒါေပမဲ့ သူတို႔က သိတ္လြန္လာၿပီဆိုေတာ့ ငါ ေကာင္းေကာင္း ပညာေပးရေတာ့မယ္ကြာ”တဲ့။ ဒီေတာ့ ကေရာ့ ဘာလုပ္သလဲ။ သူတို႔ရဲ႕ မူလဆိုင္ေဘးနားကပ္ရက္မွာ မက္ေဒၚနယ္ ဆိုင္သစ္ႀကီးတခု ဖြင့္လိုက္တယ္။ အေရာင္းအဝယ္

စာခ်ဳပ္စည္းကမ္းအရ ေနရာတခုထဲမွာ McDonald နာမည္နဲ႔ ဆိုင္ ၂ ခုဖြင့္လို႔မရဘူး။ ဒါေၾကာင့္ ညီအကို ၂ ေယာက္ဟာ သူတို႔ဆိုင္နာမည္ ကို Big M လို႔ ေျပာင္းလိုက္ရတယ္။ လူေတြဟာ Big M မွာ ဝယ္မစားၾကလို႔ အဲဒီဆိုင္လဲ မၾကာခင္မွာ ပိတ္သိမ္းသြားရတယ္။ အခုေတာ့

ကေရာ့လဲ ညီအကို ၂ ေယာက္နဲ႔ အခ်င္းမ်ားစရာ အေၾကာင္းမရွိေတာ့ဘူး။ အခု ကေရာ့ဟာ McDonald ဆိုင္ေတြအားလံုးကို သူစိတ္တိုင္း က်လုပ္လို႔ ရသြားပါၿပီ။ ၁၉၆၅ ခုႏွစ္မွာ သူဟာ McDonald ဆိုင္ေပါင္း ၇၀၀ ေက်ာ္ ကို အေမရိကန္ျပည္နယ္ ၄၄ ခုမွာ ဖြင့္လွစ္လိုက္တယ္။

အဲဒီႏွစ္ ဧၿပီလမွာ McDonald ကို ရွယ္ယာဖြင့္ၿပီး လူထုကို စတင္ေရာင္းခ်ေပးတယ္။ စေရာင္းတဲ့ ရွယ္ယာအစုတစုရဲ ့ တန္ဖိုးဟာ ၂၂ ေဒၚ လာျဖစ္ေပမဲ့ ၂ ပါတ္အၾကာမွာ ၄၉ ေဒၚလာအထိ ေစ်းတက္သြားခဲ့သလို သူလဲ သန္းႂကြယ္သူေ႒း တေယာက္ ျဖစ္သြားခဲ့တယ္။

၁၉၇၀ ခုႏွစ္မကုန္ခင္မွာပဲ ကမာၻအႏွံ ့မွာ McDonald ဆိုင္ေပါင္း ၁,၅၀၀ ေက်ာ္ ဖြင့္လွစ္ႏိုင္ခဲ့တယ္။ McDonald ရဲ႕ေအာင္ျမင္မႈဟာ ဆိုင္ေတြ သန္႔ရွင္းသတ္ရပ္မႈရွိ္တာရယ္၊ မွာတဲ့ အစားအေသာက္ကို ျမန္ျမန္ရေအာင္ လုပ္ေပးနိုင္တာရယ္၊ ဟမ္းဘာဂါရဲ႕ အရသာေကာင္းတာေတြအျပင္ တျခားအရည္အခ်င္းတခု ရွိပါေသးတယ္။ အဲဒါက ပစၥည္းအရည္အေသြး ထိန္းသိမ္းထားမႈ

မွာ ထိပ္တန္း အဆင့္ျဖစ္လို႔ပါ။ အဲဒီျဖစ္ေအာင္လဲ McDonald ဆိုင္တိုင္းဟာ စာမ်က္ႏွာ ၇၅ မ်က္ႏွာရွိတဲ့ လက္စဲြစာအုပ္မွာပါတဲ့ ညွြန္ၾကား ခ်က္ေတြကို အတိအက် လိုက္နာရတယ္။ ဥပမာ ၾကက္သြန္ဥ၊ ခရမ္းခ်ဥ္သီးဆိုရင္ ဘယ္အရြယ္အစားပဲျဖစ္ရမယ္၊ လွီးရင္လဲ ဘယ္ေလာက္ အထူအပါးအတိအက် လွီးရမယ္။ ဟမ္းဘာဂါကို မီးဖုတ္တဲ့အခါ မီးဖိုထဲမွာ ဘယ္ေလာက္အပူခ်ိန္၊ ဘယ္ေလာက္ ၾကာေအာင္ထားရမယ္ကအစ အားလံုးကို အတိအက် လိုက္နာရတယ္။ ဒါေၾကာင့္လဲ အေမရိကန္၊ စကၤာပူ၊ အာဖရိက တကမာၻလံုးက

ဘယ္မက္ေဒါနယ္ဆိုင္ျဖစ္ျဖစ္ ဟမ္းဘာဂါေတြရဲ႕အရသာဟာ အတူတူျဖစ္ေနတာ ေတြ႔ရတယ္။

“ဆင္းရဲႏြံမွ ခ်မ္းသာဘံုသို႔” ထဲက စာျမည္း အပိုင္းေလးပါ။ အျပည့္အစံုကိုေတာ့ စာအုပ္မွာ ဖတ္ၾကည့္ၾကပါ။ စာအုပ္က ငယ္စဥ္က ဆင္းရဲလြန္းလွတဲ့ ဘဝကေန ကိုယ့္အားကိုယ္ကိုး ႀကိဳးစားရင္း နဲ႔ မီလ်ံနာ၊ ဘီလ်ံနာသူေ႒း ျဖစ္သြားၾကသူ (၂၃) ေယာက္ရဲ႕ တကယ့္ျဖစ္ရပ္မွန္ အေၾကာင္းေတြ ပါ။ ဒီစာအုပ္ကို ဖတ္ျခင္းျဖင့္ ဆင္းရဲလို႔၊ ဘြဲ႕မရလို႔ စိတ္ပ်က္အားငယ္ေနတဲ့ လူငယ္ေတြ အတြက္ စိတ္ခြန္အားျဖစ္ေစသလို ကိုယ္ပိုင္ စီးပြားေရးလုပ္ခ်င္သူေတြ၊ လုပ္ေနသူေတြ အတြက္ မီလ်ံနာ၊ ဘီလ်ံနာျဖစ္သြားသူေတြရဲ႕ စိတ္ဓါတ္၊ ခံယူခ်က္နဲ႔ သူတို႔ရဲ႕နည္းနာေကာင္းေတြလဲ ရလာႏိုင္ပါတယ္။

ဗန္းေမာ္သိန္းေဖ

Credit

Unicode

သူဟာ Multimixer သစ်သီးေ ဖျာ်စက် အရောင်းကိုယ်စားလှ ယ်လုပ်နေတုံးမှာ San Bernardino မြို့မှာရှိတဲ့ စားသော က်ဆိုင်တခုကနေ သူ့ဆီကို ဖျော်စက် ၈ လုံး လှမ်းမှာလိုက်တယ်။ ဖျော်စက်ဝယ်သူ အရမ်းနဲနေ တဲ့အချိန်မှာ စက် ၈ လုံးတောင် မှာတယ်ဆိုတော့ ထူးဆန်းလွန်းလို့ သူဟာ အကြောင်းရင်းကို စုံစမ်းချင်လို့ အဲဒီမြို့လေးကို သွားလိုက်တယ်။

ဟိုရောက်တော့ သူ့ဆီက စက်တွေကို ဝယ်သူဟာ Dick McDonald နဲ့ Mac McDonald ညီ အကို ၂ ယောက် ဖွင့်ထားတဲ့ ဟမ်းဘာဂါဆိုင်သေးလေး တခုကဆိုတာ သိလိုက်ရတယ်။ သူဟာ အဲဒီဆိုင်လေး ထဲက မြင်ကွင်းကို မြင်တွေ့လိုက်တဲ့အခါ အကြံတခု ရလိုက်တယ်။ အဲဒီအကြံကို အကောင်အထည်ဖေါ်ရင်းနဲ့ သူဟာ ကမ္ဘာအနှံ့မှာ မက်ဒေါ်နယ်ဆိုင်တွေ ဖွင့်လှစ်လာနိုင်ခဲ့တယ်။ သူ့နာမည်က ရေးကရော့ (Ray Kroc) ပါ။

သူ မက်ဒေါ်နယ်ဆိုင်တွေကို ကမ္ဘာအနှံ့မှာ ဖွင့်နိုင်အောင် ဘယ်လိုကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတာ သိချင်ရင် ဖတ်ကြည့်လိုက်ပါ။

သူအသက် ၅၀ အရွယ် မှာ ဖျော်စက်တွေရဲ့ရောင်းအား ကျသွားတယ်။ အကြောင်းက အဲဒီအချိန် ၁၉၅၀ ခုနှစ်ကျော်ကာလမှာ မြိုံ့ထဲက လူတွေဟာ အသစ်တိုးချဲ့ဆောက်လုပ်နေတဲ့ မြို့ပြင်က ရပ်ကွက်တွေ ဆီကို ပြောင်းရွှေ့ကုန်ကြတယ်။

ဒါကြောင့် မြို့ထဲမှာ ဖွင့်ထားတဲ့ သစ်သီးဖျော်ရည်ဆိုင်တွေဟာ ဝယ်သောက်သူနည်းသွားလို့ တဖြည်းဖြည်းချင်း ပိတ်ပစ်လိုက်ကြရတယ်။ သူ့အတွက်လဲ Mutimixer ဝယ်တဲ့ဖေါက်သယ်တွေ အတော်လေးလျော့နည်းသွားတယ်။

ဒီအချိန်မှာ ကာလီဖိုးနီးယားပြည်နယ် San Bernardino မြို့မှာရှိတဲ့ စားသောက်ဆိုင်တခုကနေ သူ့ဆီကို ဖျော်စက် ၈ လုံးလှမ်းမှာလိုက်တယ်။ အရင်ကလဲ အဲဒီဆိုင်က စက်အလုံးပေါင်း ၃၀ ကျော် သူ့ဆီကနေ ဝယ်ဖူးခဲ့တယ်။ ဖျော်စက်ဝယ်သူအရမ်းနဲနေတဲ့အချိန်မှာ အခုလို စက် ၈ လုံးကြီးများတောင် မှာတယ်ဆိုတော့ ကရော့ဟာ အတော်လေးအံ့သြသွားတယ်။

မှာတဲ့အကြောင်းရင်းကို သိချင်လို့ သူဟာ Bernardino မြို့လေးကို သွားလိုက်တယ်။ ဟိုရောက်တော့ သူ့ဖျော်စက်တွေကို Dick McDonald နဲ့ Mac McDonald ညီအကို ၂ ယောက် ဖွင့်ထားတဲ့ စားသောက်ဆိုင်သေးလေးတခုက မှာတယ်ဆိုတာကို သိရတယ်။ ဟမ်းဘာဂါအစာနဲ့ ဖျော်ရည်တွေရောင်းတဲ့ ဆိုင်သေးလေးပါ။ ကရော့ဟာ အဲဒီဆိုင်ထဲရောက်သွားတော့ သူ တခါမှ

မမြင်ဖူးတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။ ပုံမှန်စားသောက်ဆိုင်တွေမှာ စားသောက်သူတွေက စားပွဲမှာထိုင်ပြီး စားချင်တာကို စားပွဲထိုးကို မှာလိုက်မယ်။ စားပွဲထိုးက စားစရာကို ယူလာပြီး စားပွဲပေါ်လာချပေးမယ်။ အခုဆိုင်မှာက အဲဒီလိုမျိုးမဟုတ်ပဲ self- service ပုံစံ တန်းစီဝယ်စားနေကြတယ်။ နောက်ပြီး ဆိုင်ထဲမှာလဲ စားပွဲ၊ ကုလားထိုင် မချ၊ မခင်းထားဘူး။

စားစရာဝယ်ပြီးတဲ့လူတွေဟာ ဆိုင်ထဲမှာ မတ်တတ်ရပ်ပြီး စားချင်စား၊ ဒါမှမဟုတ် ဆိုင်အပြင်ကို အထုတ်နဲ့ သယ်သွားလို့ရတယ်။ နောက်ပြီး ရောင်းတဲ့ အစားအသောက်တွေကလဲ ဟမ်းဘာဂါ၊ အာလူးကျော်၊ နို့၊ ကော်ဖီနဲ့ သစ်သီးဖျော်ရည်တွေပါပဲ။

နောက်ထပ်ထူးခြားတာတခု ရှိသေးတယ်။ အဲဒါက စားစရာကို မှာလိုက်ရင် အလွန်ဆုံးတစ်မိနစ်လောက်ပဲ စောင့်ရတယ်။ ဆိုင်မှာ လူတွေအများကြီး တန်းစီဝယ်နေကြတာကို ကရော့ တွေ့ရတယ်။ အဲဒီမြင်ကွင်းကို ကြည့်ရင်း ကရော့ခေါင်းထဲမှာ အကြံတခု ပေါ်လာတယ်။ ဒီလို တမူထူးခြားတဲ့ ဆိုင်မျိုးတွေကို နေရာအနှံ့မှာ ဖွင့်လိုက်ရင် အမြတ်အစွန်းတွေ

အများကြီးရနိုင်မယ်ပေါ့။ သူက မက်ဒေါ်နယ်ညီအကို ၂ ယောက်ကို တခြားနေရာတွေမှာ ဆိုင်တွေတိုးချဲ့ဖွင့်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ ညီအကို ၂ ယောက်က ဆိုင်တွေတိုးချဲ့ဖွင့်လိုက်ရင် လုပ်ငန်း မနိုင်မနင်းဖြစ်မှာကို စိုးရိမ်လို့ တိုးချဲ့မဖွင့်ချင်ဘူးလို့ ပြန်ပြောတယ်။

ဒီတော့ ကရော့က ဆိုင်တွေကို တိုးချဲ့ဖွင့်ရောင်းတာကို သူလုပ်ချင်တယ်။ သူ့ကို လုပ်ခွင့်ပေးရင် ကော်မရှင်ပေးပါမယ်လို့ကမ်းလှမ်းတယ်။ ညီအကို ၂ ယောက်ကလဲ သဘောတူလိုက်ကြတယ်။ ဒါပေမဲ့ ဟမ်းဘာဂါ လုပ်တာကို ညီအကိုတွေ ညွှန်ပြတဲ့နည်းအတိုင်းပဲ တသွေမသိမ်းလုပ်ပါမယ်လို့ ကရော့က သဘောတူရတယ်။ ကရော့က ၁၉၅၅ ခုနှစ် ဧပြီလမှာ ပထမဆုံးဟမ်းဘာဂါဆိုင်ကို

ချီကာဂိုမြို့ပြင် တနေရာ Des Plaines နယ်မြေမှာ ဖွင့်လှစ်လိုက်တယ်။ သူဟာ မက်ဒေါ်နယ်ညီအကို ၂ ယောက်ရဲ့မူလဆိုင်လိုပဲ ဆိုင်ကိုသန့်သန့်ရှင်းရှင်းနဲ့ စားစရာကိုလဲ အချိန်တို အတွင်းရအောင် လုပ်ပေးတယ်။ ဟမ်းဘာဂါတွေ ကိုလဲ ညီအကိုတွေရဲ့ အညွှန်းအတိုင်း အတိအကျလုပ်တယ်။ ဆိုင်ကို McDonald လို့ အမည်ပေးပြီး ဆိုင်းဘုတ်တင်လိုက်တယ်။ မက်ဒေါ်နယ် ၂ ဆိုင်၊

၃ ဆိုင်ဖွင့်ပြီးချိန်မှာ ဆိုင်ဖွင့်ချင်သူတွေ ပေါ်လာတယ်။ ကရော့က ကော်မရှင်ယူပြီး သူတို့ကို ဆိုင်ဖွင့်ရောင်းခွင့်ပြုတယ်။ ဆိုင်ဖွင့်လိုသူဟာ ကရော့ရဲ့ဆိုင်အပြင်အဆင်နဲ့ ဟမ်းဘာဂါ လုပ်နည်းတွေကို အတိကျလိုက်နာလုပ်ပါမယ်။ မလိုက်နာရင်

ဆိုင်ဖွင့်ခွင့်ကို ပြန်ရုတ်သိမ်းခံရမယ်။ အလျော်လဲ ပေးရမယ်လို့စာချုပ်ပေါ်မှာ လက်မှတ်ထိုးရတယ်။ ကရော့ဟာ အဲဒီဆိုင်က ရောင်းရသမျှရဲ့ ၁.၉ ရာခိုင်နူန်းကို ကော်မရှင်အဖြစ် ကောက်ယူတယ်။ အဲဒီအထဲက ၁.၅ ရာခိုင်နူန်းကို မက်ဒေါ်နယ်ညီအကို

၂ ယောက်ကို ကော်မရှင်ခ အဖြစ် ပြန်ပေးရတယ်။ သူ့အတွက် ဝ.၄ ရာခိုင်နူန်းပဲ ကျန်တယ်။ ဒီလိုနဲ့ သူဟာ McDonald ဆိုင်အသစ် ၁၈ ဆိုင် ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆိုင်တွေဆီကရတဲ့ ကော်မရှင်ငွေထဲက ညီအကို ၂ ယောက်ကို ပေးတဲ့ငွေနူတ်ပြီးလို့

ကျန်တဲ့ငွေ ဝ.၄ ရာခိုင်နူန်းဟာ သူ နေ့စဉ်မြို့တကာလှည့်ပြီး ဆိုင်တွေကို ညွှန်ပြပေးနေရလို့ ကုန်ကျတဲ့စရိတ်နဲ့ မကာမိတော့ဘူး။ အရှုံးပြလာနေတယ်။ မက်ဒေါ်နယ်ညီအကိုနဲ့ အပေးအယူ လုပ်ခဲ့တုံးက ဈေးအရမ်းနဲသွားခဲ့တယ် ဆိုတာကို သူ အခုမှသိတော့တယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ ပြန်ညှိလို့ ရမှာမဟုတ်ဘူး။ အမြတ်ထွက်အောင် သူ တခုခုလုပ်ရတော့မယ်။

ကရော့ရဲ့ လုပ်ငန်းတွေ အကြီးအကျယ်အောင်မြင်နေတာကို တွေ့တဲ့ မက်ဒေါ်နယ်ညီအကို ၂ ယောက်ဟာ လောဘတက်လာပြီး အရင်ကသဘောတူထားခဲ့တဲ့ ကော်မရှင် ၁.၅ ရာခိုင်နူန်းထက် ပိုတိုးပေးဖို့ တောင်းဆိုလာကြတယ်။ ကရော့က သဘောမတူလို့ သူတို့နဲ့မကြာခနစကားများကြရတယ်။ စိတ်ပျက်လာတဲ့ ကရော့ဟာ မက်ဒေါ်နယ်ရဲ့ပိုင်ဆိုင်မှုနဲ့ လုပ်ပိုင်ခွင့်အားလုံးကို ညီအကို

၂ ယောက်ဆီကနေ ဒေါ်လာ ၂.၇ သန်းနဲ့ အပြီးအပြတ် ဝယ်ယူလိုက်တယ်။ အဲဒီခေတ်က ဒေါ်လာ ၂.၇ သန်းဆိုတာ အခုခေတ်ဆိုရင် ဒေါ်လာသန်းပေါင်းများစွာနဲ့ ညီမျှပါတယ်။ ညီအကို ၂ ယောက်လဲ ကျေနပ်သွားကြတယ်။ သိတ်မကြာခင်မှာ ပြဿနာတခု တက်လာပြန်တယ်။ အဲဒါက မက်ဒေါ်နယ်ဆိုင်တွေကို ညီအကို ၂ ယောက်ဆီက ဝယ်လိုက်တုံးက San Bernardino က သူတို့ရဲ့ မူလဆိုင်လဲပါတယ်လို့ ကရော့က ပြောတယ်။ ဟို ၂ ယောက်ကလဲ အဲဒီမူလဆိုင်ဟာ ရောင်းတဲ့အထဲမှာ မပါဘူးလို့ ငြင်းတယ်။

ဒါကို အရမ်းစိတ်ဆိုးသွားတဲ့ ကရော့က သူအင်မတန်စိတ်ချယုံကြည်တဲ့ သူ့တပည့်ကို ခုလို ပြောပြတယ်။ “ငါဟာ ဘယ်သူ့ကိုမှ အာဃာတ အငြိုးအတေးမထားတတ်ပါဘူး။ ဒါပေမဲ့ သူတို့က သိတ်လွန်လာပြီဆိုတော့ ငါ ကောင်းကောင်း ပညာပေးရတော့မယ်ကွာ”တဲ့။ ဒီတော့ ကရော့ ဘာလုပ်သလဲ။ သူတို့ရဲ့ မူလဆိုင်ဘေးနားကပ်ရက်မှာ မက်ဒေါ်နယ် ဆိုင်သစ်ကြီးတခု ဖွင့်လိုက်တယ်။ အရောင်းအဝယ်

စာချုပ်စည်းကမ်းအရ နေရာတခုထဲမှာ McDonald နာမည်နဲ့ ဆိုင် ၂ ခုဖွင့်လို့မရဘူး။ ဒါကြောင့် ညီအကို ၂ ယောက်ဟာ သူတို့ဆိုင်နာမည် ကို Big M လို့ ပြောင်းလိုက်ရတယ်။ လူတွေဟာ Big M မှာ ဝယ်မစားကြလို့ အဲဒီဆိုင်လဲ မကြာခင်မှာ ပိတ်သိမ်းသွားရတယ်။ အခုတော့

ကရော့လဲ ညီအကို ၂ ယောက်နဲ့ အချင်းများစရာ အကြောင်းမရှိတော့ဘူး။ အခု ကရော့ဟာ McDonald ဆိုင်တွေအားလုံးကို သူစိတ်တိုင်း ကျလုပ်လို့ ရသွားပါပြီ။ ၁၉၆၅ ခုနှစ်မှာ သူဟာ McDonald ဆိုင်ပေါင်း ၇၀၀ ကျော် ကို အမေရိကန်ပြည်နယ် ၄၄ ခုမှာ ဖွင့်လှစ်လိုက်တယ်။

အဲဒီနှစ် ဧပြီလမှာ McDonald ကို ရှယ်ယာဖွင့်ပြီး လူထုကို စတင်ရောင်းချပေးတယ်။ စရောင်းတဲ့ ရှယ်ယာအစုတစုရဲ့ တန်ဖိုးဟာ ၂၂ ဒေါ် လာဖြစ်ပေမဲ့ ၂ ပါတ်အကြာမှာ ၄၉ ဒေါ်လာအထိ ဈေးတက်သွားခဲ့သလို သူလဲ သန်းကြွယ်သူေဋ္ဌး တယောက် ဖြစ်သွားခဲ့တယ်။

၁၉၇၀ ခုနှစ်မကုန်ခင်မှာပဲ ကမ္ဘာအနှံ့မှာ McDonald ဆိုင်ပေါင်း ၁,၅၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့တယ်။ McDonald ရဲ့အောင်မြင်မှုဟာ ဆိုင်တွေ သန့်ရှင်းသတ်ရပ်မှုရှိတာရယ်၊ မှာတဲ့ အစားအသောက်ကို မြန်မြန်ရအောင် လုပ်ပေးနိုင်တာရယ်၊ ဟမ်းဘာဂါရဲ့ အရသာကောင်းတာတွေအပြင် တခြားအရည်အချင်းတခု ရှိပါသေးတယ်။ အဲဒါက ပစ္စည်းအရည်အသွေး ထိန်းသိမ်းထားမှု

မှာ ထိပ်တန်း အဆင့်ဖြစ်လို့ပါ။ အဲဒီဖြစ်အောင်လဲ McDonald ဆိုင်တိုင်းဟာ စာမျက်နှာ ၇၅ မျက်နှာရှိတဲ့ လက်စွဲစာအုပ်မှာပါတဲ့ ညှွန်ကြား ချက်တွေကို အတိအကျ လိုက်နာရတယ်။ ဥပမာ ကြက်သွန်ဥ၊ ခရမ်းချဉ်သီးဆိုရင် ဘယ်အရွယ်အစားပဲဖြစ်ရမယ်၊ လှီးရင်လဲ ဘယ်လောက် အထူအပါးအတိအကျ လှီးရမယ်။ ဟမ်းဘာဂါကို မီးဖုတ်တဲ့အခါ မီးဖိုထဲမှာ ဘယ်လောက်အပူချိန်၊ ဘယ်လောက် ကြာအောင်ထားရမယ်ကအစ အားလုံးကို အတိအကျ လိုက်နာရတယ်။ ဒါကြောင့်လဲ အမေရိကန်၊ စင်္ကာပူ၊ အာဖရိက တကမ္ဘာလုံးက

ဘယ်မက်ဒေါနယ်ဆိုင်ဖြစ်ဖြစ် ဟမ်းဘာဂါတွေရဲ့အရသာဟာ အတူတူဖြစ်နေတာ တွေ့ရတယ်။

“ဆင်းရဲနွံမှ ချမ်းသာဘုံသို့” ထဲက စာမြည်း အပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။ စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်း နဲ့ မီလျံနာ၊ ဘီလျံနာသူေဋ္ဌး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေ ပါ။ ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေ အတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင် စီးပွားရေးလုပ်ချင်သူတွေ၊ လုပ်နေသူတွေ အတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။

ဗန်းမော်သိန်းဖေ

Credit

Add a Comment

Your email address will not be published. Required fields are marked *