ခုနှစ်ရက် သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း (၁၃-၇-၂၀၂၀ To ၁၉-၇-၂၀၂၀)

တနင်္ဂနွေ သားသမီး

အစားမှားဆေးမှားဖြစ်တတ်တဲ့ ကာလပါ ခေါင်းတွေလည်း မကြာခဏ မူးနေတတ်ပြီး သတိမကြာခဏမေ့နေ တတ်ပါတယ် ကျန်းမာရေးအ ထူးသတိထားရမည့်အချိန်ပါ

ရေလမ်းခရီးရပ်ဝေးမထွက်ခွာသင့်ပါ ချစ်သူဘဝရက်ရှည်ကြာသူများမင်္ဂလာအမူပြုရပါလိမ့်မည် ထီ၇အစ၈အဆုံးထိုးပါ ယတြာ သပြေရွက်၆ရွက်ပေါ်တွင်ထိုင်၍ပုတီးစိပ်ပေးပါ

တနင်္လာသားသမီး

အပြောထက်အလုပ်နဲ့ပိုပြီးသက်သေပြရမယ့်ကာလပါ အလုပ်တွေဆက်တိုက်မနားမနေလုပ်ကိုင်နေရပါလိမ့်မည် အလွန်ပင်ပန်းမည့်ကာလပါ ကျန်းမာရေးတွင် သတိမကြာခဏမေ့ တာမျိုးဖြစ်နေ တတ် ပါတယ်

ငယ်ရွယ်သူများ အချစ်သစ်ထပ်ရှာချင် စိတ်တြွေဖစ်ပေါ်နေလိမ့်မည် ထီ ၆ အစ ၅ အဆုံးထိုးပါ ယတြာ ပန်းသီးတစ်လုံးတွင်နှင်းဆီပန်းစိုက်၍ဘုရားလှုဒါန်းပေးပါ

အင်္ဂါသားသမီး

ဒီလိုကာလတွေမှာအယူအဆမတူသူတွေနဲ့စကားများရန်ဖြစ်ရတတ်ပါတယ် မလိုအပ်ဘဲအပြိုင်အဆိုင်ပြောဆိုတာမျိုးတွေရှောင်ပါ

သွားလာလှုပ်ရှားမူ့များများပြုလုပ်ပေးပါသွေးလေးပြီးမလှုပ်ချင်မကိုင်ချင်ဖြစ်နေတတ်ပါတယ် ငယ်ရွယ်သူများချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိပါလိမ့်မည်

ထီ ၆ အစ ၅ အဆုံးထိုးပါ ယတြာ နှင်းဆီပန်းတစ်ပွင့်ကို ပန်းအိုးထဲ ထည့်၍စားပွဲခုံပေါ်တင်ထားလိုက်ပါ

ဗုဒ္ဓဟူးသားသမီး

အောင်မြင်မူတွေထူးထူးခြားခြားရရှိပါလိမ့်မည် ပေးဆပ်မူအတွက်ရလာဘ်ကောင်းတြွေပန်လည်ရရှိလာမယ့်ကာလပါ ဒီလိုအခြေအနေတွေမှာ အနိမ့်ဆုံး အနေအထားကနေ ရုတ်တရက်ကြီး အမြင့်မားဆုံးနေရာ တစ်ခုကိုရောက်ရှိသွား ပါလိမ့်မည်

ဒီလိုအချိန် ကာလတွေမှာ ရရှိလာသော အခွင့်အရေးအပေါ်တွေဝေမနေဘဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ရမည့်ကာလပါ သင့်အတွက် ကြိမ်းသေအောင်မြင်မည် လမ်းစများ ပွင့်လန်းနေပါပြီ ကျန်းမာရေးတွင် ဒူးအဆစ်အမြစ်များနာနေ ပါလိမ့်မည်

ငယ်ရွယ်သူများ အချစ်ရေးတွင် မင်္ဂလာကိစ္စအတွက်ကြိုတင်ပြင်ဆင်မူ များပြုလုပ်ရပါလိမ့်မည် ထီ 1 4 ပါသော ထီထိုးပါ ယတြာ ပန်းအဖြူ 5 ပွင့်ဘုရားလှူ ပေးပါ

ကြာသာပတေးသားသမီး

မိမိရဲ့လုပ်ရပ်အမှားကြောင့် မိတ်ဆွေကောင်းများကို လက်လွှတ်ဆုံးရှုံး ရတတ်ပါသည် အိမ်တွင်းရေး အိမ်ထောင်ရေးမှာလည်း အတွင်းတကျက်ကျက် စကားများနေရတတ်ပါသည်

ဒီလိုကာလတွေမှာ အရာရာတ ဇွတ်ထိုးမပြုမူမိဖို့အထူးသတိထားသင့်ပါသည် ကျန်းမာရေးတွင် အစာအိမ်ဝေဒနာဂရုပြုပါ ငယ်ရွယ်သူများဆေးရုံဆေးခန်း သွားရင်းချစ်သူရည်းစားရတတ်ပါသည်

မိမိစိတ်ဝင်စားရမည့်သူကိုတွေ့ပါလိမ့်မည် ထီ ၆ ၇ ပါသောထီထိုးပါ ယတြာ ခရေ ၆ညွှန့်ဘုရားလှူပါ လိပ်စာကျွေးပါ

သောကြာသားသမီး

လက်လွန်ထားသောငွေကြေး များပြန်တောင်းရ ခက်နေတတ် ပါသည် ဆွေမျိုးအပူသည် များကြောင့်ငွေကြေး အကုန်အကျများပါလိမ့်မည် လောင်းကစားလုံးဝအကျိုးမပေးတဲ့ကာလပါ

အတတ်နိုင်ဆုံးမိမိစိတ်မိမိထိန်း၍နောက်ဆုတ်လိုက်ပါ မရေရာတဲ့အလုပ်ကိုစီးပွားဖြစ်မကြိုးစားပါနှင့် ဆွေမျိုးထဲမှသက်ကြီးဝါကြီးများကိုကန်တော့ရပါလိမ့်မည် ကျန်းမာရေးဝမ်းကျန် ၍ခေါင်းမကြာခ ဏနောက်နေ တတ်ပါသည်

ငယ်ရွယ်သူများ အချစ်ရေးတွင်မှတ်တိုင် လိုနေရာမျိုးတွင် မကြာခဏဆုံရာမှ မျက်လုံးချင်းဆုံသတိထားမိပြီး အချစ်ဇာတ်လမ်းအစပျိုးပါလိမ့်မည် ထီ ၅ ၇ ပါသောထီထိုးပါ ယတြာ ပန်းသီး တွင်သပြေ တစ်ခက်စိုက်၍ ဘုရားလှူ ပေးပါ

စနေသားသမီး

တပည့်လက်အောက်ငယ်သားများထံမှလက်ဆောင်ပဏ္ဏာများရရှိပါမည် ကြွေးဟောင်းမြေဟောင်းများပြန်လည်ရရှိနိုင်သောကာလပါ

ရေလမ်းခရီး အန္တရယ်ရှိသောကြောင့် အတတ်နိုင်ဆုံးမသွားသင့်ပါ ကျန်းမာရေးတွင်ခါးနာဝေဒနာခံစားရပါလိမ့်မည် ငယ်ရွယ်သူများ မိမိချစ်ရသူထံမှ မိမိမျော်လင့်ထားသော အဖြေရလာဒ်ကောင်း သတင်းကြားရပါမည်

ထီ ၁ ၆ ပါသောထီထိုးပါ ယတြာ ပေါက်ပေါက်ဘုရားလှူ ပေးပါ

ကျော်ဘိုဘိုဟိန်း

Add a Comment

Your email address will not be published. Required fields are marked *