
ရန် ကုန် / ဖေဖော်ဝါရီ ၉






ေ ဖဖော်ဝါရီလ ၇ ရက်နေ့ တောင်ကြီးဆေးရုံကြီးတွင် တရုတ်နိုင်ငံမှ ပြန်လာသော အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် တရုတ်နိုင်ငံမှ ပြန်လာသော အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးတွင် တရုတ်နိုင်ငံမှ ပြန်လာသော အသက် ၄၅နှစ်အရွယ် အမျိုးသမီး တစ်ဦး စုစုပေါင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ သံသယလူနာ ၁၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Unicode

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁၃ ဦးရှိလာပြီး လူပေါင်း ၃၇၀၄၇ ကူးစက်ခံရ၊ မြန်မာနိုင်ငံတွင် သံသယလူနာ ၁၀ ဦးကို စောင့်ကြည့်စစ်ဆေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁၃ ဦးရှိလာပြီး လူပေါင်း ၃၇၀၄၇ ကူးစက်ခံထားရကာ

လူနာ ၂၁၅၂ ဦးမှာ ကုသ၍ ပျောက်ကင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ တစ်နေ့တည်းတွင်ပင် သေဆုံးသူ ၈၉ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ ၂၆၅၆ ဦးရှိကာ သေဆုံးသူ စုစုပေါင်း ၈၁၀ ဦးသည် SAR ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်နှင့် ထပ်တူရှိလာကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး သံသယလူနာ ၁၀ ဦးရှိနေပြီး စောင့်ကြည့်နေရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ တောင်ကြီးဆေးရုံကြီးတွင် တရုတ်နိုင်ငံမှ ပြန်လာသော အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် တရုတ်နိုင်ငံမှ ပြန်လာသော အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးတွင် တရုတ်နိုင်ငံမှ ပြန်လာသော အသက် ၄၅နှစ်အရွယ် အမျိုးသမီး တစ်ဦး

Add a Comment

Your email address will not be published. Required fields are marked *