ေအာင္လအန္ဆန္ခ်န္ပီယံ ကာကြယ္ပြဲ အျဖစ္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါႏွင့္ထိုးသတ္ရမည္

ONE မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ျမန္မာႏိုင္ငံသား ေအာင္လအန္ဆန္သည္ ခ်န္ပီယံ ကာကြယ္ပြဲ အျဖစ္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါႏွင့္ ထိုးသတ္ ရမည္ျ ဖစ္သည္ ။ ” ONE Championship ” သည္ က်င္းပမည့္ ေနရာႏွင့္ ရက္ ကို မူ ျပန္လည္ထုတ္ျပန္ မည္ျဖစ္ သည္ ။

ေအာင္လအန္ဆန္သည္ ONE Championship မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု ကို ၂၀၁၇ ခုႏွစ္ ဇြန္ ၃၀ ရက္တြင္ ရယူႏိုင္ခဲ့ၿပီး ႏွစ္ႏွစ္ေက်ာ္ ကာလအတြင္း ခ်န္ပီယံကာကြယ္ပြဲ ( ၃ )ပြဲ ထိုးသတ္ ထားကာ ယခုပြဲ မွာ (၄) ပြဲေျမာက္ ခ်န္ပီယံဆု ကာကြယ္ပြဲလည္းျဖစ္ သည္ ။

ေအာင္လအန္ဆန္ ခ်န္ပီယံ ကာကြယ္ပြဲအျဖစ္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါ ႏွင့္ ထိုးသတ္ရမည္

ေအာင္လအန္ဆန္သည္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဘစ္ဒက္ရွ္ကို အႏိုင္ယူကာ မစ္ဒယ္ ဝိတ္တန္း ကမာၻ႔ခ်န္ပီယံျဖစ္လာခဲ့ၿပီး ၂၀၁၈ ခုႏွစ္ တြင္ ခ်န္ပီယံကာကြယ္ပြဲႏွစ္ပြဲ၊ ၂၀၁၉ ခုႏွစ္တြင္ ခ်န္ပီယံကာကြယ္ပြဲတစ္ပြဲ ထိုးသတ္ခဲ့သည္ ။ ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ ခ်န္ပီယံကာကြယ္ပြဲမ်ား အျဖစ္ ၂၀၁၈ ခုႏွစ္ ဇြန္ ၂၉ ရက္တြင္ ဂ်ပန္ႏိုင္ငံသား ဟဆဲဂါဝါကို ေနာက္ဆုံး အခ်ီတြင္လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၂၆ ရက္တြင္ လက္ဘႏြန္ႏိုင္ငံသား ကရာကီကို ပထမ အခ်ီတြင္ လည္းေကာင္း၊ ၂၀၁၉ ခုႏွစ္ မတ္ ၃၁ ရက္တြင္ ဂ်ပန္ႏိုင္ငံသား ဟဆဲဂါဝါကို ဒုတိယ အခ်ီတြင္လည္းေကာင္း သုံးပြဲစလုံး အလဲထိုးမ်ားျဖင့္ အႏိုင္ ရခဲ့သည္။

ေအာင္လအန္ဆန္သည္ ၂၀၁၉ ခုႏွစ္တြင္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲတစ္ပြဲႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ တစ္ပြဲ ထိုးသတ္ခဲ့ၿပီး ေအာက္တိုဘာ ၁၃ ရက္က ေနာက္ဆုံးထိုးသတ္သည့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲတြင္ စိန္ေခၚသူ ဖိလစ္ပိုင္ ႏိုင္ငံသား ဘရန္ဒန္ဗီရာကို ဒုတိယအခ်ီတြင္ ဒိုင္ပြဲရပ္ျဖင့္ အႏိုင္ရခဲ့သည္။ ေအာင္လအန္ဆန္သည္ ONE ၏ ဝိတ္တန္းႏွစ္ခု ခ်န္ပီယံျဖစ္ၿပီး လက္ရွိ အခ်ိန္တြင္ အေမရိကန္ႏိုင္ငံတြင္ ေလ့က်င့္ျပင္ဆင္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ေအာင္လအန္ဆန္ ခ်န္ပီယံ ကာကြယ္ပြဲအျဖစ္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါ ႏွင့္ ထိုးသတ္ရမည္

ONE Championship သည္ ေဖေဖာ္ဝါရီ ၇ ရက္ က အင္ဒိုနီးရွားႏိုင္ငံ၌ က်င္းပသည့္ၿပိဳင္ပြဲတြင္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါက ဘရာဇီးႏိုင္ငံသား လီအန္ဒ႐ိုကို အႏိုင္ရခဲ့ေသာေၾကာင့္ ေအာင္လ အန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို စိန္ေခၚခြင့္ရခဲ့ျခင္းျဖစ္သည္။

ေအာင္လအန္ဆန္ ခ်န္ပီယံ ကာကြယ္ပြဲအျဖစ္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါ ႏွင့္ ထိုးသတ္ရမည္

မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု စိန္ေခၚခြင့္ ရခဲ့သည့္ ဒီရစ္ဒါသည္ MMA ကစားသမားဘဝ ၁၁ ပြဲစလုံး အႏိုင္ရထားသူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွစတင္ကာ ONE Championship ႏွင့္ လက္တြဲခဲ့ျခင္းျဖစ္သည္။ ဒီရစ္ဒါသည္ ONE Championship ႏွင့္ သုံးပြဲ ထိုးသတ္ထားၿပီး သုံးပြဲစလုံး အႏိုင္ရထားကာ ေလးပြဲေျမာက္တြင္ ကမာၻ႔ခ်န္ပီယံဆု စိန္ေခၚခြင့္ ရခဲ့ျခင္းျဖစ္သည္။

ရႈိင္းထက္ေဇာ္ (TMD)

Unicode

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်သည် ချန်ပီယံ ကာကွယ်ပွဲ အဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ရမည်ြ ဖစ်သည် ။ ONE Championship သည် ကျင်းပမည့် နေရာနှင့် ရက်ကိုမူ ပြန်လည်ထုတ်ပြန် မည်ဖြစ် သည် ။

အောင်လအန်ဆန်သည် ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရယူနိုင်ခဲ့ပြီး နှစ်နှစ်ကျော် ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ ( ၃ )ပွဲ ထိုးသတ် ထားကာ ယခုပွဲ မှာ (၄) ပွဲမြောက် ချန်ပီယံဆု ကာကွယ်ပွဲလည်းဖြစ် သည် ။

အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ၊ ၂၀၁၉ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲတစ်ပွဲ ထိုးသတ်ခဲ့သည် ။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲများ အဖြစ် ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နောက်ဆုံး အချီတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် လက်ဘနွန်နိုင်ငံသား ကရာကီကို ပထမ အချီတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို ဒုတိယ အချီတွင်လည်းကောင်း သုံးပွဲစလုံး အလဲထိုးများဖြင့် အနိုင် ရခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတစ်ပွဲနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်က နောက်ဆုံးထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူ ဖိလစ်ပိုင် နိုင်ငံသား ဘရန်ဒန်ဗီရာကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ONE ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ပြီး လက်ရှိ အချိန်တွင် အမေရိကန်နိုင်ငံတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ONE Championship သည် ဖေဖော်ဝါရီ ၇ ရက် က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါက ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အနိုင်ရခဲ့သောကြောင့် အောင်လ အန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့် ရခဲ့သည့် ဒီရစ်ဒါသည် MMA ကစားသမားဘဝ ၁၁ ပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ ဒီရစ်ဒါသည် ONE Championship နှင့် သုံးပွဲ ထိုးသတ်ထားပြီး သုံးပွဲစလုံး အနိုင်ရထားကာ လေးပွဲမြောက်တွင် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့် ရခဲ့ခြင်းဖြစ်သည်။

ရှိုင်းထက်ဇော် (TMD)

Add a Comment

Your email address will not be published. Required fields are marked *