“ကၽြန္ေတာ္ တို႔အေနနဲ႔ ေနာက္ထပ္ေၾကာက္စရာေကာင္းတဲ့ အစုိးရကုိထပ္ လုိခ်င္လုိ႔လား” ဟု ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ေမးခြန္းထုတ္

ေနာက္ထပ္ ေၾကာက္စရာေကာင္းေသာ အစိုးရကို ထပ္လိုခ်င္လို႔လားဟု ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေမးခြန္းထုတ္လုိက္သည္။ ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီလ ၇ ရက္က က်င္းပသည့္ လူထုေတြ႕ဆုံပြဲ၌ အထက္ပါအတုိင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

1

“ ကၽြန္ေတာ္တုိ ျပည္သူေတြအေနနဲ႔ စည္းကမ္းရွိဖုိ႔လုိပါတယ္။ ကၽြန္ေတာ္တုိ႔ အေနနဲ႔က ျပည္သူေတြေရာ၊ ကၽြန္ေတာ္တုိ႔ေရာ ေၾကာက္ခဲ့ရၿပီးပါၿပီ။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ေနာက္ထပ္ေၾကာက္စရာေကာင္းတဲ့ အစုိးရကုိ ထပ္လုိခ်င္လုိ႔လား” ဟု ရန္ကုန္ တုိင္းေဒသႀကီး အစုိးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္း ကေျပာသည္။

2

အဆိုပါ လူထုေတြ႕ဆံုပြဲတြင္ ျပည္သူတစ္ဦးက လမ္းေဘးေစ်းသည္မ်ား ကိုေနရာခ်ထားေပးေရးႏွင့္ ပတ္သက္၍ တင္ျပရာတြင္ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားျခင္း ျဖစ္သည္။ ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီမွ အႏိုင္ရရွိခဲ့ၿပီး အစိုးရတစ္ရပ္ဖြဲ႕စည္းႏုိင္ခဲ့သည္။

Unicode

နောက်ထပ် ကြောက်စရာကောင်းသော အစိုးရကို ထပ်လိုချင်လို့လားဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မေးခွန်းထုတ်လိုက်သည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို ပြည်သူတွေအနေနဲ့ စည်းကမ်းရှိဖို့လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့က ပြည်သူတွေရော၊ ကျွန်တော်တို့ရော ကြောက်ခဲ့ရပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ နောက်ထပ်ကြောက်စရာကောင်းတဲ့ အစိုးရကို ထပ်လိုချင်လို့လား” ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြည်သူတစ်ဦးက လမ်းဘေးဈေးသည်များ ကိုနေရာချထားပေးရေးနှင့် ပတ်သက်၍ တင်ပြရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ ပြီးခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အနိုင်ရရှိခဲ့ပြီး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *