ဗဟန္းၿမိဳ႔နယ္ Fashion ဆိုင္တစ္ဆိုင္ အတြင္းသို႔ mask တပ္ထားသည့္ အမ်ိဳးသားတစ္ဦးမွ ဝင္ေရာက္ၿပီး ဓားျပၿခိမ္းေျခာက္ကာ ေငြမ်ားလုယက္မႈ ထပ္မံျဖစ္ပြား

ဗဟန္းၿမိဳ႔နယ္ ေရခဲဆိုင္ မွတ္တိုင္ အနီးရိွ Fashion ဆိုင္တစ္ဆိုင္ အတြင္းသို႔ mask တပ္ထားသၫ့္ အမ်ိဳးသားတစ္ဦးမွ ဝင္ေရာက္ၿပီး ဓားကိုင္ၿခိမ္းေျခာက္ကာ ေငြမ်ားလုယက္မႈ ေဖေဖာ္ဝါရီ ၇ ရက္ ညပိုင္းက ျဖစ္ပြားခဲ့သည္။ ေဖေဖာ္ဝါရီ ၇ ရက္၊ ည ၇ နာရီခြဲေက်ာ္ခန႔္တြင္ ဗဟန္းၿမိဳ႔နယ္၊ ကမ႓ာေအးဘုရားလမ္း၊ ေရခဲဆိုင္မွတ္တိုင္ အနီးရိွ The Avenue Fashion ဆိုင္သို႔ အမ်ိဳးသားတစ္ဦးမွ mask တပ္ကာ လ်ွာထိုးဦးထုပ္ေဆာင္းၿပီး ဆိုင္အတြင္းသို႔ ဝင္လာခဲ့ေၾကာင္း သိရသည္။

1
2

ယင္းေနာက္ အဆိုပါ အမ်ိဳးသားမွာ ဆိုင္အတြင္း လွၫ့္ၾကၫ့္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ဆိုင္ေကာင္တာသို႔ ေရာက္လာၿပီးေကာင္တာမွ အမ်ိဳးသားအား ဓားျပၿခိမ္းေျခာက္ကာ ေငြမ်ားလုယက္ခဲ့ေၾကာင္း ဆိုင္မွ စံုစမ္းသိရိွရသည္။

3
4

ျဖစ္စဉ္ႏွင့္ပတ္သတ္၍ The Avenue မွ တာဝန္ရိွသူတစ္ဦးအား ဆက္သြယ္ေမးျမန္းရာ ျဖစ္ပြားခဲ့သည္မွာ ဟုတ္မွန္ေၾကာင္း၊ အသက္ ၃၅ ႏွစ္ဝန္းက်င္ အမ်ိဳးသားတစ္ဦးမွ ဆိုင္ဝန္ထမ္းအား ဓားျဖင့္ ၿခိမ္းေျခာက္ကာ ေငြမ်ားေတာင္းယူသြားေၾကာင္း၊ လုယူခံရသၫ့္ ေငြပမာဏအား ဆိုင္မွ ေျပာၾကားျခင္း မရိွေၾကာင္း သိရသည္။ အဆိုပါ ျဖစ္စဉ္ႏွင့္ပတ္သတ္၍ အမႈဖြင့္ရန္ေဆာင္ရြက္လ်ွက္ရိွေၾကာင္း ဆိုင္မွတာဝန္ရိွသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

Unicode

ဗဟန်းမြို့နယ် ရေခဲဆိုင် မှတ်တိုင် အနီးရှိ Fashion ဆိုင်တစ်ဆိုင် အတွင်းသို့ mask တပ်ထားသည့် အမျိုးသားတစ်ဦးမှ ဝင်ရောက်ပြီး ဓားကိုင်ခြိမ်းခြောက်ကာ ငွေများလုယက်မှု ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်၊ ည ၇ နာရီခွဲကျော်ခန့်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရေခဲဆိုင်မှတ်တိုင် အနီးရှိ The Avenue Fashion ဆိုင်သို့ အမျိုးသားတစ်ဦးမှ mask တပ်ကာ လျှာထိုးဦးထုပ်ဆောင်းပြီး ဆိုင်အတွင်းသို့ ဝင်လာခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ အမျိုးသားမှာ ဆိုင်အတွင်း လှည့်ကြည့်ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ကောင်တာသို့ ရောက်လာပြီးကောင်တာမှ အမျိုးသားအား ဓားပြခြိမ်းခြောက်ကာ ငွေများလုယက်ခဲ့ကြောင်း ဆိုင်မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ The Avenue မှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း၊ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးမှ ဆိုင်ဝန်ထမ်းအား ဓားဖြင့် ခြိမ်းခြောက်ကာ ငွေများတောင်းယူသွားကြောင်း၊ လုယူခံရသည့် ငွေပမာဏအား ဆိုင်မှ ပြောကြားခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ အမှုဖွင့်ရန်ဆောင်ရွက်လျှက်ရှိကြောင်း ဆိုင်မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *