ကိုရိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္ေရးဝတ္စံုမ်ား စကၤာပူႏွင့္ဂ်ပန္ႏိုင္ငံမ်ား မွ ျမန္မာ မွာယူ

တ႐ုတ္ႏိုင္ငံ မွ စတင္ျဖစ္ပြားၿပီး အျခားႏိုင္ငံမ်ားသို ႔ကူးစက္ ပ်ံ႕ပြားလ်က္ ရွိသည့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ေရး ဝတ္စုံမ်ား ကို စကၤာပူႏွင့္ ဂ်ပန္ႏိုင္ငံမ်ား မွ မွာယူထားေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ မွ သိရ သည္ ။

ကိုရိုနာ ဗိုင္းရပ္စ္ ေရာဂါကာကြယ္ေရးဝတ္စံုမ်ား စကၤာပူႏွင့္ ဂ်ပန္ႏိုင္ငံမ်ား မွ ျမန္မာမွာယူ

“မီးသတ္တပ္ဖြဲ႕ အေနနဲ႔ ျမန္မာႏိုင္ငံ အတြင္း ကူးစပ္ေရာဂါေတြျဖစ္ပြားခဲ့ရင္ ဝင္ေရာက္ ကူညီေဆာင္႐ြက္ တဲ့ အခါ လုပ္ရဲကိုင္ရဲဖို႔ အတြက္ ႀကိဳတင္ျပင္ဆင္တဲ့ သေဘာပါ ” ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ ၫႊန္ၾကားေရးမႉး ဦးသိန္းထြန္းဦး က ေျပာသည္ ။

ကိုရိုနာ ဗိုင္းရပ္စ္ ေရာဂါကာကြယ္ေရးဝတ္စံုမ်ား စကၤာပူႏွင့္ ဂ်ပန္ႏိုင္ငံမ်ား မွ ျမန္မာမွာယူ

ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ အေနျဖင့္ ကူးစပ္ေရာဂါ ကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆာင္႐ြက္ရာ တြင္ ေဒါက္တာေဇာ္မ်ိဳးေဆြကိုဖိတ္ၾကား၍ အသိပညာေပးျခင္း၊ ဝတ္စုံဝတ္ဆင္မႈအျပင္ လူနာသယ္ေဆာင္ျခင္းမ်ား ကိုလည္းေလ့က်င့္ သင္ၾကားေပးလ်က္ရွိသည္ ။

ထို႔ျပင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဥ္းသည့္ ႀကိဳတင္သိရွိထားရန္လိုအပ္ေသာ အခ်က္အလက္မ်ား၊ ကူးစပ္ေရာဂါကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ (PPE) လုံၿခဳံစြာဝတ္ဆင္မႈ၊ လူနာသယ္ေဆာင္ျခင္း သင္ခန္းစာမ်ားႏွင့္ Bio-Safety (ဇီဝလုံၿခဳံေရး) လုပ္ငန္းစဥ္မ်ားကို ျမန္မာ့မီးသတ္တပ္ဖြဲ႕မွ ရွာေဖြကယ္ဆယ္ေရးအထူးတပ္ဖြဲ႕ရဲေဘာ္မ်ားကို စြမ္းေဆာင္ရည္ျမႇင့္တင္ေစရန္ ႀကိဳတင္ေလ့က်င့္မႈမ်ားျပဳလုပ္ ထားေၾကာင္း သိရိွရသည္။

ကိုရိုနာ ဗိုင္းရပ္စ္ ေရာဂါကာကြယ္ေရးဝတ္စံုမ်ား စကၤာပူႏွင့္ ဂ်ပန္ႏိုင္ငံမ်ား မွ ျမန္မာမွာယူ

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကမာၻတလႊား ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံတြင္ ျဖစ္ပြားေနတာျဖစ္ျပီးျမန္မာႏုိင္ငံတြင္လည္း ေနျပည္ေတာ္၊ က်ဳိင္းတုံ၊ ရန္ကုန္၊ မင္းျပားတုိ႔တြင္ ၀ူဟန္ဗုိင္းရပ္စ္ သံသယလူနာမ်ား ေတြ႕ရွိထားေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက တရား၀င္ သတင္းထုတ္ျပန္ထားပါတယ္။

Unicode

တရုတ်နိုင်ငံမှစတင်ဖြစ်ပွားပြီး အခြားနိုင်ငံများသို့ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးဝတ်စုံများကို စင်္ကာပူနှင့် ဂျပန်နိုင်ငံများမှ မှာယူထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

“မီးသတ်တပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းကူးစပ်ရောဂါတွေဖြစ်ပွားခဲ့ရင် ဝင်ရောက်ကူညီဆောင်ရွက်တဲ့အခါ လုပ်ရဲကိုင်ရဲဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောပါ” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ကူးစပ်ရောဂါ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဒေါက်တာဇော်မျိုးဆွေကိုဖိတ်ကြား၍ အသိပညာပေးခြင်း၊ ဝတ်စုံဝတ်ဆင်မှုအပြင် လူနာသယ်ဆောင်ခြင်းများ ကိုလည်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသည့် ကြိုတင်သိရှိထားရန်လိုအပ်သော အချက်အလက်များ၊ ကူးစပ်ရောဂါကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ (PPE) လုံခြုံစွာဝတ်ဆင်မှု၊ လူနာသယ်ဆောင်ခြင်း သင်ခန်းစာများနှင့် Bio-Safety (ဇီဝလုံခြုံရေး) လုပ်ငန်းစဉ်များကို မြန်မာ့မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ရဲဘော်များကို စွမ်းဆောင်ရည်မြှင့်တင်စေရန် ကြိုတင်လေ့ကျင့်မှုများပြုလုပ် ထားကြောင်း သိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကမ္ဘာတလွှား နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ဖြစ်ပွားနေတာဖြစ်ပြီးမြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ကျိုင်းတုံ၊ ရန်ကုန်၊ မင်းပြားတို့တွင် ဝူဟန်ဗိုင်းရပ်စ် သံသယလူနာများ တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *