ကမာၻ႕တန္ဖိုးအႀကီးဆုံး အမုိက္စား တိုက္ခိုက္ေရး ရဟတ္ယာဥ္ ( ၁၀ ) စီး

တိုက္ခိုက္ေရး ရဟတ္ယာဥ္ေတြဟာ ေျမျပင္ ေဝဟင္ပစ္မွတ္ေတြ အတြက္ လက္နက္အမ်ိဳးမ်ိဳး တပ္ဆင္ထားၿပီး ေလတပ္အတြက္ အလြန္အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ပါတယ္။ လူသယ္ပို႔မႈ၊ ေနရာမေ႐ြးသြားလာနိုင္မႈ စတာေတြေၾကာင့္ မရွိမျဖစ္ဆိုေပမဲ့ နိုင္ငံတိုင္း တိုက္ခိုက္ေရး ရဟတ္ယာဥ္ေတြ မပိုင္ဆိုင္ပါဘူး။ အဓိကကေတာ့ ေစ်းအလြန္ႀကီးတာပါ။ အခု ကမာၻ႔ေစ်းအႀကီးဆုံး တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၁၀ မ်ိဳးကိုေဖာ္ျပေပးမွာပါ။

၁၀။ Bell AH-1 Super Cobra

Bell AH-1 Super Cobra

AH-1 W Super Cobra ဟာ Bell Textron က ထုတ္လုပ္ၿပီး US ေရတပ္သုံး ရဟတ္ယာဥ္ျဖစ္ပါတယ္။ ၁၉၈၅ မွစတင္အသုံးျပဳခဲ့ၿပီး ၂၀ မမ အေျမာက္၊ ရ၅၀ ပတ္လည္ စက္ေသနတ္၊ ေလေပၚပစ္၊ ေျမျပင္ပစ္ ဒုံးၾကည္ေတြ၊ အလိုအေလ်ာက္ ဒုံက်ည္ေတြနဲ႕ ဗုံးေတြတပ္ဆင္ထားပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၁၀.၇ သန္းပါ။

၉။ MI-24

MI-24

MI-24 ကေတာ့ ေပၚတာၾကာေပမဲ့ ေလေပၚပစ္လက္နက္ ၅၀ ေက်ာ္ပါတဲ့ နာမည္ႀကီး တိုက္ေလယာဥ္တစ္မ်ိဳးျဖစ္ပါတယ္။ ႐ုရွားမွာ အဓိကအသုံးျပဳၿပီး အစီး ရ၀၀ ေက်ာ္ရွိပါတယ္။ တစ္ျခား အသုံးျပဳသူေတြကေတာ့ အယ္ဂ်ီးရီးယား၊ အန္ဂိုလာ၊ ဘယ္လာရပ္၊ ခ်က္၊ ဟန္ေဂရီ၊ အိႏၵိယ၊ ကာဇက္စတန္၊ လစ္ဗ်ားနဲ႕ ပိုလန္တို႔ုျဖစ္ပါတယ္။ ၂.၄ မမ မီနီဂန္း၊ ဖ်က္အားျပင္း ၃၀ မမ GSH 30k အလိုအေလ်ာက္ေသနတ္ ကို ရဟတ္ရယာဥ္ရဲ႕ ေဘးႏွစ္ဖက္မွာ တပ္ဆင္ထားပါတယ္။ အျပင္ဘက္မွာ တင့္ကားဖ်က္ ဒုံးက်ည္ေတြတပ္ဆင္ထားၿပီး MI-24 တစ္စီးကို ေဒၚလာ ၁၂ သန္း တန္ပါတယ္။

၈။ WZ-10

WZ-10

WZ-10 ဟာ ၁၉၉၀ အလယ္ပိုင္းေလာက္မွာ စတင္စမ္းသပ္ခဲ့တဲ့ တ႐ုတ္တိုက္ခိုက္ေရး ရဟတ္ယာဥ္ျဖစ္ပါတယ္။ Eurocopter ႏွင့္ Augusta မွ နည္းပညာ အေထာက္အပ့ံမ်ားစြာနဲ႕ ဒီဇိုင္းထုတ္ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ဒီရဟတ္ယာဥ္မွာ ကို္ယ္ထည္အေသးနဲ႕ ေရွ႕ေႏွာက္ ၂ ေယာက္ေမာင္းပိုင္းေလာ့ခန္း ပုံစံျဖစ္ပါတယ္။ အေရးႀကီးတဲ့ေနကာေတြကို က်ည္ကာေတြနဲ႕ တပ္ဆင္ထားမယ္လို႔ ယူဆရပါတယ္။ လက္နက္မ်ားမွာ ၃၀ မမ စက္ေသနတ္၊ HJ8/HD 9 တင့္ကားဖ်က္ပဲ့ထိန္းဒုံးက်ည္၊ အသစ္ထုတ္ HJ10 တင့္ကားဖ်က္ဒုံးက်ည္၊ TY-90 ေလယာဥ္ပစ္ဒုံးက်ည္ တို႔ပါဝင္ၿပီး ေစ်းႏႈန္းမွာ ေဒၚလာ ၁၇ သန္းျဖစ္ပါတယ္။

၇။ MI-28N

MI-28N

MI-28 သိုမဟုတ္ Havoc ဟာ ႐ုရွားေလတပ္မွာ မ်ိဳးကြဲ ၆ မ်ိဳးေလာက္ရွိၿပီး အခုဟာက MI-28 Night Hunter ျဖစ္ပါတယ္။ ပုံမွန္ပုံစံ ပိုင္းေလာ့အေရွ႕အေနာက္နဲ႕ လက္နက္က အေရွ႕မွာရွိပါတယ္။ ေခါင္းေအာက္မွာ ၃၀ မမ အေျမာက္ကိုတပ္ဆင္ထားၿပီး ၈၀ မမ ဒုံးက်ည္ ၂ လုံးသယ္ေဆာင္နိုင္ပါတယ္။ တင့္ကားဖ်က္ ပဲထိန္းဒုံးက်ည္ ၁၆ လုံးပါဝင္ၿပီး ေစ်ႏႈန္းကေတာ့ ေဒၚလာ ၁၈ သန္းျဖစ္ပါတယ္။

၆။ Bell AH-1Z Viper

Bell AH-1Z Viper

ဒီရဟတ္ယာဥ္ဟာ H1 အဆင့္ျမင့္အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ AH -1 အေပၚမွာ အေျခခံၿပီးအေမရိကန္ေရတပ္နဲ႕ ပူေပါင္းၿပီးေဆာက္လုပ္ထားတဲ့ အင္ဂ်င္ ၂ လုံးတပ္ ရဟတ္ယာဥ္ပါ။ ဒီရဟတ္ဟာဥ္ဟာ off-the- shelf အီလက္ေရာနစ္စနစ္ကိုသုံးထားၿပီး ေန႕ညသာမက ဆိုး႐ြားတဲ့ရာသီဥတုမွာပါေမာင္းႏွင္နိုင္ပါတယ္။ အနီေအာက္ေရာင္ျခည္ညျမင္ကြင္း နဲ႕ ပစ္မွတ္ရွာေဖြမႈ ေဆာ့ဖ္ဝဲအသစ္ ပါဝင္ပါတယ္။ လက္နက္ ကိုေျပာင္းလဲတပ္ဆင္နိုင္ၿပီး ၂ တန္ေလာက္ကို အေတာင္မွာတပ္ဆင္နိုင္ပါတယ္။ ပုံမွန္အားျဖင့္ Hellfire တင့္ကားဖ်က္ဒုံးက်ည္ ၁၆ လုံး၊ ရ၀ မမ ဒုံးက်ည္ေတြ တပ္ဆင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၃၁ သန္းပါ။

၅။ KA-52 Alligator

KA-52 Alligator

KA-52 ဟာ ေန႕ညသုံးလို႔ရၿပီး KA-50 ကို ၂ ေယာက္စီးျပဳလုပ္ထားတဲ့ ဘက္စုံသုံး ရဟတ္ယာဥ္ျဖစ္ပါတယ္။ ႐ုရွားထုတ္ျဖစ္ၿပီး ၂၀၀၈ မွာ အနည္းငယ္သာ ေရာင္းခ်ခဲ့ပါတယ္။ က်ည္ကာ အကာေတြဟာ၂၃ မမ ဒုံးက်ည္ကိုခံနိုင္ပါတယ္။ ပိုင္းေလာ့ခုံထုတ္လို႔ရၿပီး အင္ဂ်င္တစ္လုံးပ်က္ေနရင္ေတာင္ ပ်ံလို႔ရပါတယ္။ ေဘးဘက္မွာ ၃၀ မမ အေျမာက္ေတြတပ္ဆင္ထားၿပီး တင့္ကားဖ်က္ဒုံးက်ည္ Vicker၊ ေလယာဥ္ပစ္ဒုံးက်ည္ AGlove၊ ရိုးရိုးဒုံးက်ည္ေတြနဲ႕ ဗုံးေတြကို ႀကိဳက္တဲ့ပုံစံနဲ႕ေပါင္းစပ္ တပ္ဆင္လို႔ရပါတယ္။ ေစ်းႏႈန္းကေတာ့ ၃၂ သန္းျဖစ္ပါတယ္။

၄။ Eurocopter Tiger

Eurocopter Tiger

ျပင္သစ္မွာ နဲ႕ ဂ်ာမနီမွာ Tiger လို႔သိၾကတဲ့ RC-665 ဟာ ၁၉၈၄ မွာ အဆင့္ျမင့္ဘက္စုံသုံး တိုက္ပြဲတာဝန္ေတြ အတြက္ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ Lockheed Martin Hellfire II ၈ ခုပါၿပီး ေျမျပင္ပစ္ဒုံးက်ည္နဲ႕ ေလယာဥ္ပစ္ဒုံးက်ည္ေတြပါဝင္ပါတယ္။ Hellfire II မွာ ၈ ကီလိုမီတာ အထိ ရွာနိုင္တဲ့ ေလဆာရွာေဖြစနစ္ပါဝင္ၿပီးေတာ့ Nexer ၃၀ မမ အေျမာက္၊ ရ၀ မမ ဒုံးက်ည္နဲ႕ Mistral ေလယာဥ္ပစ္ဒုံးက်ည္တို႔ ပါဝင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၃၉ သန္းပါ။

၃။ Denel AH-2 Rooivalk

Denel AH-2 Rooivalk

ေတာင္အာဖရိက Denel Aviation ရဲ႕ ေနာက္ဆုံးေပၚ တိုက္ခိုက္ေရးရဟတ္ယာဥ္ျဖစ္ပါတယ္။ ေခါင္းပိုင္းမွာ ၂၀ မမ အေျမာက္ကိုတပ္ဆင္ထားၿပီး ကမာၻ႔အားအျပင္းဆုံး တင့္ကားဖ်က္ ပဲ့ထိန္းဒုံးက်ည္ တစ္မ်ိဳးျဖစ္တဲ့ zt6 macapa ကို ၁၆ လုံးအထိသယ္ေဆာင္နိုင္ပါတယ္။ US တင့္ကားဖ်က္ ဒုံးက်ည္အေသးေတြကိုလည္း သယ္ေဆာင္နိုင္ၿပီး တာတိုေလယာဥ္ပစ္ ဒုံးက်ည္မ်ား ကိုလည္း တပ္တင္နိုင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ သန္း ၄၀ ျဖစ္ပါတယ္။

၂။ T-129

T-129

T-129 ကို အလည္ပိုင္း Agusta Westland နဲ႕ တူရကီ ေလေၾကာင္းစက္႐ုံ ပူးေပါင္းတည္ေဆာက္ခဲ့တာပါ။ အီတလီထုတ္ A-129 Mangusta ကို တူရကီ အတြက္ လိုအပ္သလိုျပင္ဆင္ၿပီး တူရကီမွာ ထုတ္လုပ္ထားတာပါ။ တူရကီရဲ႕နည္းပညာျမင့္ ေလယာဥ္အီလက္ထေရာနစ္ လက္နက္စနစ္၊ ကာကြယ္မႈစနစ္ ေတြနဲ႕တစ္ျခားဟာေတြပါဝင္ပါတယ္။ T-129 မွာ ၂၀ မမ ၃ ေၾကာင္း အေျမာက္ကို အေရွ႕မွာ တပ္ဆင္ထားၿပီး Stinger ေလယာဥ္ပစ္ အေျမာက္ေတြပါဝင္ပါတယ္။ ေဒၚလာ ၅၀.၉ သန္းတန္ေၾကးရွိပါတယ္။

၁။ AH-64D Apache Longbow

AH-64D Apache Longbow

AH-64D Apache ဟာ အေမရိကန္ လက္နက္ႀကီးတပ္ရဲ႕ တိုက္ခိုက္ေရးရဟတ္ယာဥ္ျဖစ္ပါတယ္။ တိုက္ပြဲၫႊန္ၾကားမႉ အဆင့္ျမင့္ ယာဥ္ေမာင္းခန္း ဆက္သြယ္ေရး၊ လက္နက္မ်ားႏွင့္ တည္ေနရာျပစနစ္မ်ား ပါဝင္ပါတယ္။ Hellfire ၁၆ လုံး၊ တင့္ကားဖ်က္ဒုံးက်ည္ ၂ လုံး၊ ေလယာဥ္ကာကြယ္ေရး စနစ္မ်ားကို တိုက္ခိုက္ဖို႔္ AGM 122 ျဖာထြက္မႈဖ်က္ေျမျပင္ပစ္အေျမာက္၊ aim 92 stinger ၄ လုံး၊ သို႔မဟုတ္ ၄ Mistral သို႔မဟုတ္ aim-9 Sidewander တာတိုပစ္ ေလယာဥ္ပစ္အေျမာက္မ်ား တပ္ဆင္နိုင္ပါတယ္။ AH-64D ဟာ ကမာၻေပၚမွာ ေစ်းအႀကီးဆုံး ရဟတ္ယာဥ္ျဖစ္ၿပီး ေဒၚလာ ၆၁ သန္း တန္ပါတယ္။

Unicode

တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဟာ မြေပြင် ဝေဟင်ပစ်မှတ်တွေ အတွက် လက်နက်အမျိုးမျိုး တပ်ဆင်ထားပြီး လေတပ်အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ လူသယ်ပို့မှု၊ နေရာမရွေးသွားလာနိုင်မှု စတာတွေကြောင့် မရှိမဖြစ်ဆိုပေမဲ့ နိုင်ငံတိုင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ မပိုင်ဆိုင်ပါဘူး။ အဓိကကတော့ ဈေးအလွန်ကြီးတာပါ။ အခု ကမ္ဘာ့ဈေးအကြီးဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၀ မျိုးကိုဖော်ပြပေးမှာပါ။

၁၀။ Bell AH-1 Super Cobra

Bell AH-1 Super Cobra

AH-1 W Super Cobra ဟာ Bell Textron က ထုတ်လုပ်ပြီး US ရေတပ်သုံး ရဟတ်ယာဉ်ဖြစ်ပါတယ်။ ၁၉၈၅ မှစတင်အသုံးပြုခဲ့ပြီး ၂၀ မမ အမြောက်၊ ရ၅၀ ပတ်လည် စက်သေနတ်၊ လေပေါ်ပစ်၊ မြေပြင်ပစ် ဒုံးကြည်တွေ၊ အလိုအလျောက် ဒုံကျည်တွေနဲ့ ဗုံးတွေတပ်ဆင်ထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀.၇ သန်းပါ။

၉။ MI-24

MI-24

MI-24 ကတော့ ပေါ်တာကြာပေမဲ့ လေပေါ်ပစ်လက်နက် ၅၀ ကျော်ပါတဲ့ နာမည်ကြီး တိုက်လေယာဉ်တစ်မျိုးဖြစ်ပါတယ်။ ရုရှားမှာ အဓိကအသုံးပြုပြီး အစီး ရ၀၀ ကျော်ရှိပါတယ်။ တစ်ခြား အသုံးပြုသူတွေကတော့ အယ်ဂျီးရီးယား၊ အန်ဂိုလာ၊ ဘယ်လာရပ်၊ ချက်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ ကာဇက်စတန်၊ လစ်ဗျားနဲ့ ပိုလန်တို့ဖြစ်ပါတယ်။ ၂.၄ မမ မီနီဂန်း၊ ဖျက်အားပြင်း ၃၀ မမ GSH 30k အလိုအလျောက်သေနတ် ကို ရဟတ်ရယာဉ်ရဲ့ ဘေးနှစ်ဖက်မှာ တပ်ဆင်ထားပါတယ်။ အပြင်ဘက်မှာ တင့်ကားဖျက် ဒုံးကျည်တွေတပ်ဆင်ထားပြီး MI-24 တစ်စီးကို ဒေါ်လာ ၁၂ သန်း တန်ပါတယ်။

၈။ WZ-10

WZ-10

WZ-10 ဟာ ၁၉၉၀ အလယ်ပိုင်းလောက်မှာ စတင်စမ်းသပ်ခဲ့တဲ့ တရုတ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပါတယ်။ Eurocopter နှင့် Augusta မှ နည်းပညာ အထောက်အပံ့များစွာနဲ့ ဒီဇိုင်းထုတ် တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီရဟတ်ယာဉ်မှာ ကိုယ်ထည်အသေးနဲ့ ရှေ့နှောက် ၂ ယောက်မောင်းပိုင်းလော့ခန်း ပုံစံဖြစ်ပါတယ်။ အရေးကြီးတဲ့နေကာတွေကို ကျည်ကာတွေနဲ့ တပ်ဆင်ထားမယ်လို့ ယူဆရပါတယ်။ လက်နက်များမှာ ၃၀ မမ စက်သေနတ်၊ HJ8/HD 9 တင့်ကားဖျက်ပဲ့ထိန်းဒုံးကျည်၊ အသစ်ထုတ် HJ10 တင့်ကားဖျက်ဒုံးကျည်၊ TY-90 လေယာဉ်ပစ်ဒုံးကျည် တို့ပါဝင်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၁၇ သန်းဖြစ်ပါတယ်။

၇။ MI-28N

MI-28N

MI-28 သိုမဟုတ် Havoc ဟာ ရုရှားလေတပ်မှာ မျိုးကွဲ ၆ မျိုးလောက်ရှိပြီး အခုဟာက MI-28 Night Hunter ဖြစ်ပါတယ်။ ပုံမှန်ပုံစံ ပိုင်းလော့အရှေ့အနောက်နဲ့ လက်နက်က အရှေ့မှာရှိပါတယ်။ ခေါင်းအောက်မှာ ၃၀ မမ အမြောက်ကိုတပ်ဆင်ထားပြီး ၈၀ မမ ဒုံးကျည် ၂ လုံးသယ်ဆောင်နိုင်ပါတယ်။ တင့်ကားဖျက် ပဲထိန်းဒုံးကျည် ၁၆ လုံးပါဝင်ပြီး ဈေနှုန်းကတော့ ဒေါ်လာ ၁၈ သန်းဖြစ်ပါတယ်။

၆။ Bell AH-1Z Viper

Bell AH-1Z Viper

ဒီရဟတ်ယာဉ်ဟာ H1 အဆင့်မြင့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် AH -1 အပေါ်မှာ အခြေခံပြီးအမေရိကန်ရေတပ်နဲ့ ပူပေါင်းပြီးဆောက်လုပ်ထားတဲ့ အင်ဂျင် ၂ လုံးတပ် ရဟတ်ယာဉ်ပါ။ ဒီရဟတ်ဟာဉ်ဟာ off-the- shelf အီလက်ရောနစ်စနစ်ကိုသုံးထားပြီး နေ့ညသာမက ဆိုးရွားတဲ့ရာသီဥတုမှာပါမောင်းနှင်နိုင်ပါတယ်။ အနီအောက်ရောင်ခြည်ညမြင်ကွင်း နဲ့ ပစ်မှတ်ရှာဖွေမှု ဆော့ဖ်ဝဲအသစ် ပါဝင်ပါတယ်။ လက်နက် ကိုပြောင်းလဲတပ်ဆင်နိုင်ပြီး ၂ တန်လောက်ကို အတောင်မှာတပ်ဆင်နိုင်ပါတယ်။ ပုံမှန်အားဖြင့် Hellfire တင့်ကားဖျက်ဒုံးကျည် ၁၆ လုံး၊ ရ၀ မမ ဒုံးကျည်တွေ တပ်ဆင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၁ သန်းပါ။

၅။ KA-52 Alligator

KA-52 Alligator

KA-52 ဟာ နေ့ညသုံးလို့ရပြီး KA-50 ကို ၂ ယောက်စီးပြုလုပ်ထားတဲ့ ဘက်စုံသုံး ရဟတ်ယာဉ်ဖြစ်ပါတယ်။ ရုရှားထုတ်ဖြစ်ပြီး ၂၀၀၈ မှာ အနည်းငယ်သာ ရောင်းချခဲ့ပါတယ်။ ကျည်ကာ အကာတွေဟာ၂၃ မမ ဒုံးကျည်ကိုခံနိုင်ပါတယ်။ ပိုင်းလော့ခုံထုတ်လို့ရပြီး အင်ဂျင်တစ်လုံးပျက်နေရင်တောင် ပျံလို့ရပါတယ်။ ဘေးဘက်မှာ ၃၀ မမ အမြောက်တွေတပ်ဆင်ထားပြီး တင့်ကားဖျက်ဒုံးကျည် Vicker၊ လေယာဉ်ပစ်ဒုံးကျည် AGlove၊ ရိုးရိုးဒုံးကျည်တွေနဲ့ ဗုံးတွေကို ကြိုက်တဲ့ပုံစံနဲ့ပေါင်းစပ် တပ်ဆင်လို့ရပါတယ်။ ဈေးနှုန်းကတော့ ၃၂ သန်းဖြစ်ပါတယ်။

၄။ Eurocopter Tiger

Eurocopter Tiger

ပြင်သစ်မှာ နဲ့ ဂျာမနီမှာ Tiger လို့သိကြတဲ့ RC-665 ဟာ ၁၉၈၄ မှာ အဆင့်မြင့်ဘက်စုံသုံး တိုက်ပွဲတာဝန်တွေ အတွက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Lockheed Martin Hellfire II ၈ ခုပါပြီး မြေပြင်ပစ်ဒုံးကျည်နဲ့ လေယာဉ်ပစ်ဒုံးကျည်တွေပါဝင်ပါတယ်။ Hellfire II မှာ ၈ ကီလိုမီတာ အထိ ရှာနိုင်တဲ့ လေဆာရှာဖွေစနစ်ပါဝင်ပြီးတော့ Nexer ၃၀ မမ အမြောက်၊ ရ၀ မမ ဒုံးကျည်နဲ့ Mistral လေယာဉ်ပစ်ဒုံးကျည်တို့ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၉ သန်းပါ။

၃။ Denel AH-2 Rooivalk

Denel AH-2 Rooivalk

တောင်အာဖရိက Denel Aviation ရဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပါတယ်။ ခေါင်းပိုင်းမှာ ၂၀ မမ အမြောက်ကိုတပ်ဆင်ထားပြီး ကမ္ဘာ့အားအပြင်းဆုံး တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည် တစ်မျိုးဖြစ်တဲ့ zt6 macapa ကို ၁၆ လုံးအထိသယ်ဆောင်နိုင်ပါတယ်။ US တင့်ကားဖျက် ဒုံးကျည်အသေးတွေကိုလည်း သယ်ဆောင်နိုင်ပြီး တာတိုလေယာဉ်ပစ် ဒုံးကျည်များ ကိုလည်း တပ်တင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ သန်း ၄၀ ဖြစ်ပါတယ်။

၂။ T-129

T-129

T-129 ကို အလည်ပိုင်း Agusta Westland နဲ့ တူရကီ လေကြောင်းစက်ရုံ ပူးပေါင်းတည်ဆောက်ခဲ့တာပါ။ အီတလီထုတ် A-129 Mangusta ကို တူရကီ အတွက် လိုအပ်သလိုပြင်ဆင်ပြီး တူရကီမှာ ထုတ်လုပ်ထားတာပါ။ တူရကီရဲ့နည်းပညာမြင့် လေယာဉ်အီလက်ထရောနစ် လက်နက်စနစ်၊ ကာကွယ်မှုစနစ် တွေနဲ့တစ်ခြားဟာတွေပါဝင်ပါတယ်။ T-129 မှာ ၂၀ မမ ၃ ကြောင်း အမြောက်ကို အရှေ့မှာ တပ်ဆင်ထားပြီး Stinger လေယာဉ်ပစ် အမြောက်တွေပါဝင်ပါတယ်။ ဒေါ်လာ ၅၀.၉ သန်းတန်ကြေးရှိပါတယ်။

၁။ AH-64D Apache Longbow

AH-64D Apache Longbow

AH-64D Apache ဟာ အမေရိကန် လက်နက်ကြီးတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပါတယ်။ တိုက်ပွဲညွှန်ကြားမှူ အဆင့်မြင့် ယာဉ်မောင်းခန်း ဆက်သွယ်ရေး၊ လက်နက်များနှင့် တည်နေရာပြစနစ်များ ပါဝင်ပါတယ်။ Hellfire ၁၆ လုံး၊ တင့်ကားဖျက်ဒုံးကျည် ၂ လုံး၊ လေယာဉ်ကာကွယ်ရေး စနစ်များကို တိုက်ခိုက်ဖို့် AGM 122 ဖြာထွက်မှုဖျက်မြေပြင်ပစ်အမြောက်၊ aim 92 stinger ၄ လုံး၊ သို့မဟုတ် ၄ Mistral သို့မဟုတ် aim-9 Sidewander တာတိုပစ် လေယာဉ်ပစ်အမြောက်များ တပ်ဆင်နိုင်ပါတယ်။ AH-64D ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရဟတ်ယာဉ်ဖြစ်ပြီး ဒေါ်လာ ၆၁ သန်း တန်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *