ဆောင်ထားခြင်းဖြင့် ကံကောင်း‌စေသော ခရမ်းစွဲကျောက် အကြောင်း….ဘယ်လိုလူတွေ ဆောင်ထားသင့်သလဲ

ခရမ်းစွဲကျောက်(Amethyst) ကို စိတ်တည်ငြိမ်စေတဲ့ကျောက် အဆိပ်အတောက် ဖယ်ရှားပေးသောကျောက်၊ စိတ်စွမ်းအားကို ကြီးထွားစေတဲ့ ကျောက် အဖြစ်ရှေးယခင် ကတည်းက အရေးကြီး တဲ့ ဆုံးဖြတ်ချက်များ မချမှတ်ခင် နှင့် လုပ်ငန်း ဆောင်တာ များ မစခင် မှာ အဆောင်ယတြာ အဖြစ် နဲ့ ခန္ဓာကိုယ်ပေါ် တွင်ဝတ်ဆင်ခဲ့ ကြပါတယ်။

ကံကောင်း‌စေသော ခရမ်းစွဲကျောက် အကြောင်း

ယနေ့ခေတ်မှာတော့ ခရမ်းစွဲ ကို ဆောင်ထား ခြင်းဖြင့် အရက်အမူး လွန် ခြင်း ဒဏ်မှ ပျောက်ကင်းစေနိုင်ခြင်း ၊ သူများ ပြုစား၍ မရခြင်း ၊ ဖိအား လျော့ စေခြင်း စ သော အကျိုးကျေးဇူးများ ရရှိမှာပါ။ ဒုတိယ ကမ္ဘာ စစ် အတွင်းမှာ ဥရောပ မှာ ရှိနေတဲ့ စစ်သားတွေ ဟာ စစ်ထွက် အဆောင်အဖြစ် ခရမ်းစွဲ ကို ဆောင်ကြပါတယ်။

ကံကောင်း‌စေသော ခရမ်းစွဲကျောက် အကြောင်း

ဒါ့ထက် ခရမ်းစွဲမှာ ရှိတဲ့ အစွမ်းတစ်ခု က ရောဂါကို ပြန်လည်သက်သာ ပျောက်ကင်းလာစေပါတယ် ♡ ခေါင်းအေးစေတာ မို့ တရားထိုင်တဲ့ အချိန်တိုင်း ခရမ်းစွဲကို အသုံးပြုကြတယ်လို့ ဆို ပါ တယ် ။ ဖေဖော်ဝါရီ မွေးလသမားများ နှင့် ဗုဒ္ဓဟူးနေ့ မွေးဖွား သူများ အတွက် ဆောင်ရမည့် ကျောက် အဆောင်ဖြစ်ပြီး သူ့ဂုဏ်သတ္တိ က ဝတ်ဆင်သူတိုင်းအပေါ် နန်းဆန်စေပါတယ်။

ကံကောင်း‌စေသော ခရမ်းစွဲကျောက် အကြောင်း

ခရမ်းစွဲကို အရောင် အားဖြင့် ခရမ်းရင့် ၊ ခရမ်းနု ၊ ပန်းခရမ်း ၃ ရောင် စသဖြင့် မြင် ရ မှာ ပါ။ ခရမ်းစွဲ ကို ဆောင်ထားခြင်း ဖြင့် အစာအဆိပ် ဖြစ်သည်များကို ဖယ်ရှားပေးပါတယ် ၊ လူကို လန်းဆန်းစေပြီး စိတ်နဲ့ ပတ်သက်တဲ့ ရောဂါများ ဖြစ်ပါပွား ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *