မဟာမြိုင်တောကြီး မှာ ပန်ထွာဘုရင်မကြီး ဆိုတာ အခုထိ တကယ် ရှိနေသေးလား ??

မဟာမြိုင်တောကြီးမှာ ပန်ထွာဘုရင်မကြီး အခုထိ တကယ်ရှိလို့လား ?? ဘုရင်မကြီးရဲ့ လုပ်ဆောင်မှုတွေက ဘာလဲ ?

ဖခင် ဒေါက်တာကွန်းမော် မိခင်‌ဒေါ်တင်ဉီးဝေ အားအမှုးထား၍ ဆွမ်း ဆေး ကျောင်း သင်္ကန်း အတွက် (၁) သိန်း ၄သောင်း နှင့် ဝါဆို သင်္ကန်း ကို သဲဖြူနှင့် မဟာမြိုင်ဆရာတော် ဘုရားကြီးအား လှုဒါန်းခဲ့ပါတယ်။

မဟာမြိုင်တောကြီး မှာ ပန်ထွာဘုရင်မကြီး ဆိုတာ အခုထိ တကယ် ရှိနေသေးလား ??

ဆရာတော်ကဲ့ သို့ သူတော်ကောင်းနှင့်နေရတဲ့ အေးချမ်းမှုဟာ တန်ဖိုးကြီးပါတယ် စစ်မှန်တယ် မေတ္တာ အေးချမ်းမှု ရခဲ့ပါတယ် ။ ဒဏ္ဍရီဆန်တဲ့ မဟာမြိုင်တောကြီးနှင့် ဗိဿနိုးဘုရင်မကြီး ပန်ထွာ အကြောင်း ဆရာတော်ဘုရားထံမှ မှတ်သားသမျှရေးလိုက်ပါတယ်။ စာချဘုန်းကြီးဖြစ်လို့ အရင်က ပန်ထွာဘုရင်မကြီးဆိုတာ ယုံဖို့ခက်‌နေတယ်။ အကြိမ်ကြိမ်ပင့်ခဲ့လို့ မဟာမြိုင်တောထဲ ရောက်ခဲ့တယ်။

မဟာမြိုင်တောမှာ အရင်က ရေတွင်းတူးလို့မရဘူး။ အခု တောင်ပေါ်မှာ ရေတွင်းတွေတူးထားတယ်။ အသီးအနှံ သစ်ပင်တွေ အများကြီးစိုက်ထားတယ်။ အစားအသောက်အတွက်ဖူလုံ တယ်။ စားလို့တောင်မနိုင်ဘူး။ မဟာမြိုင်မှာ ဘုရားစေတီတွေ အများကြီးတည်ထားတယ်။ နတ်ကောင်းနတ်မြတ်တွေရှိလို့ ကိစ္စတွေ အမြန်ပြီးတယ်။

မဟာမြိုင်တောကြီး မှာ ပန်ထွာဘုရင်မကြီး ဆိုတာ အခုထိ တကယ် ရှိနေသေးလား ??

အခုဆို ပန်ထွာဘုရင်မကြီးက ဘုန်းဘုန်းတို့နှင့် သာသနာပြုပြီး နတ်မင်းကြီးလေးပါးနောက်က တန်ခိုးထက်မြတ်တဲ့ နတ်ဖြစ်နေတယ်။ ပန်ထွာဘုရင်မကြီး နှင့် သူ့မယ်တော် စန္ဒာမုခိတို့က သာသနာပြု မယ်တော်တို့ပဲ။ ပါချုပ်ဆရာတော်နှင့် သီတဂူဆရာတော်တို့ လာတုန်းကလည်း စောင့်ရှောက်ခဲ့ကြတယ်။ မယ်တော်တို့ ရုပ်ထုတွေက တခါတလေ ဝမ်းနည်းဝမ်းသာ ရင် မျက်ရည်ကြတယ်။ တော်တော် ထူးဆန်းတယ်။

နတ် နဂါးတွေဆိုတာရှိကြတယ်။ နဂါးမင်း နဂါးမယ်တော် တို့ကို စိတ်နှင့်ပြောလို့ရတယ်။ တခါတရံ သိုက်တွေ အဆက်ရှိသူတွေကို ပူးကပ်ပြီး‌လိုတာတောင်းတတ်တယ်။ တခါက အရာရှိရဲ့ အမျိုးသမီးကို ဝင်ပူးနေတာကြာနေတော့ ရူးနေတာလို့ ထင်‌ပြီး စိတ္တဇဆေးရုံ ပြ ခါနီး ဆရာတော်တရားပွဲ လာတော့ ထို ပူးကပ်တဲ့ ပုဂွိုလ်ကို မဟာမြိုင်တောမှာ သာသနာပြုဖို့ ခေါ်သွားတော့မှ ထိုအမျိုးသမီး ပုံမှန်ဖြစ်သွားတယ်။

မဟာမြိုင်တောကြီး မှာ ပန်ထွာဘုရင်မကြီး ဆိုတာ အခုထိ တကယ် ရှိနေသေးလား ??

ဘုန်းဘုန်းက သူတို့တွေ (ကျွန်တော် အထင် နတ် ဒေဝါ သိုက် သူတော်စင် ဟုထင်ပါသည်) နှင့်စကားပြောရတယ်။ တခါလေ အိပ်တောင်မရဘူး။ ပင်လယ် မြစ်‌ တွေမှာ နဂါးစာကျွေးဖို့ နဂါးမင်း နဂါးမယ်တော်တို့ လျှောက်လို့ နဂါးစာ ကျွေးတော့ အဆက်ရှိသူတွေက လူးလိမ့်ကြတယ်။ ဒါကို မကောင်းမှုလို့မြင်ကြသူ‌တွေက တိုက်ခိုက်ကြတယ်။ နတ်နဂါး‌တွေ စိတ်ဆိုးရင် ရေကြီး မိုးကြီး ဒုက္ခပေး တိုက်ခိုက်တတ်ကြတယ်။

သတိပေးထား ရဲ့သားနှင့် ဆက်လုပ်ရင် အသက်ပါထိခိုက်တတ်တယ်။ (မှတ်ချက် ။ စာဖတ်သူ အထူးသတိထားကြပါရန်). နဂါးတွေက သာသနာပြုရန် အားသန်တယ်။ လူ့ဘဝမှာ နဂါးဆက်တွေများကြတယ်။ တခါက လူတယောက်က တပည့်တော်ကို နဂါးသိုက် ကလာ ခေါ်နေလို့ ဆရာတော် ကူညီပေး ပါ မေတ္တာပို့ပေးပိါ လို့ပြောတယ်။

ကူညီပေးပြီး အသက်ချမ်းသာသွားရော ဆရာတော်ဆီ တောင်မလာတော့ဘူး (မှတ်ချက်။ ကျေးဇူးရှင်ကို အမြဲသတိရ ကျေးဇူးပြန်ဆပ်ပါ) .

တရားအားထုတ်ကြ တရားအားထုတ်ကြ။ …………………..

ဆရာတော် ၏ အနှစ်ချုပ်စကားပါ။ အကျယ်မ ရေးသည်မှာ စာဖတ်သူ အချို့ ဉာဏ်မလိုက် နိုင်ရင် အကုသိုလ် ဖြစ်မှာစိုးလို့ မရေးပါ။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော့ အတွက် မကြာမီ မဟာမြိုင် တောထဲ တရားထိုင်ရန် အားဆေးတခွက်ဖြစ်ခဲ့ပါတယ်။ Credit photo. # original uploader

Add a Comment

Your email address will not be published. Required fields are marked *