အမေစု(၇၅) နှစ်ပြည့် မွေးနေ့လေး အတွက် သီချင်း လက်ဆောင်ပေးခဲ့တဲ့ မနော..“အသက်ရာကျော်ရှည်ပါစေ အမေ”


အမေစု (၇၅) နှစ်ပြည့် မွေးနေ့လေး အတွက် သီချင်း လက်ဆောင်ပေး ခဲ့တဲ့ မနော



အမေစု (၇၅) နှစ်ပြည့် မွေးနေ့လေး အတွက် သီချင်း လက်ဆောင်ပေး ခဲ့တဲ့ မနော


Unicode

ပရိသတ် ရဲ့ အချစ်တော် တေးသံရှင် မနောကတော့ သီချင်း အသစ်လေးတစ်ပုဒ် ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ ပါတယ်။ ဒီသီချင်းလေးကိုတော့ အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့ အတွက် မွေးနေ့လက်ဆောင် အနေနဲ့ သီဆိုခဲ့ခြင်းဖြစ် ပါတယ်တဲ့ ပရိသတ်ကြီးရေ.

ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အတွက် အယူမရှိ အပေးသာရှိတဲ့ မိခင်သဖွယ် အားကိုးရသူ အမေ ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်တော်တို့ ဒီသီချင်းလေးနဲ့ (၇၅) နှစ်ပြည့်မွေးနေ့ လက်ဆောင်ပါခင်ဗျာ…အသက်ရာကျော်ရှည်ပါစေအမေ…တေးချစ်သူများနှင့်အားလုံးသော မိတ်ဆွေများလည်း ရင်ထဲမှာရှိတဲ့ ဆုတောင်းလေးများဖြင့် ဆုတောင်းပေးကြရအောင်လားဗျာ” လို့ရေးသားကာ သူ့ သီဆိုထားတဲ့ “အသက်ရာကျော်ရှည်ပါစေ အမေ” ဆိုတဲ့သီချင်းလေးကို မျှဝေပေးခဲ့ပါတယ်။

ဒီကနေ့ ဇွန်လ(၁၉) ရက်နေ့ ကတော့ ပြည်သူတစ်ရပ်လုံးက လေးစားချစ်ခင်နေရသူ အမေစု ရဲ့(၇၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စိန်ရတု မွေးနေ့ပွဲလေး ဖြစ်တာမို့ အမေ့ကို ချစ်တဲ့သားတွေ သမီးတွေကတော့ ထူးထူးခြားခြားမွေးနေ့လေးဖြစ်အောင် တတ်နိုင်သလောက် ဖန်တီး ပေးနေကြတာပဲ ဖြစ်ပါတယ်။ အဆိုတော် မနောကတော့ အမေစုမွေးနေ့အမှီ သီချင်းလေး တစ်ပုဒ်ဖန်တီးခဲ့ပြီး ဒီနေ့မှာသီချင်းလက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… Source : မေနာ Ma Naw

Add a Comment

Your email address will not be published. Required fields are marked *