မိန်းမဖြစ်သူရဲ့ သံသယတစ်ခုကြောင့် ဒီလိုအခြေအနေထိ ဒုက္ခရောက်ခဲ့ရတာပါ ဆိုတဲ့ မင်းရာဇာ

ဟိုအရင်တုန်းက ပရိသတ် အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အိမ်အကူကောင်မလေးကို အက်စစ်နဲ့ ပက်ခဲ့တဲ့အမှုကြောင့် တရားရင်ဆိုင်နေရပါတယ်။ သူကတော့ အင်တာဗျူးတိုင်းမှာ သူအက်စစ်နဲ့ ပက်ခဲ့တာ မဟုတ်ပါဘူးလို့လည်း ထပ်တလဲလဲ ဖြေကြားနေသူပါ။

မိန်းမဖြစ်သူရဲ့ သံသယတစ်ခုကြောင့် ဒီလိုအခြေအနေထိ ဒုက္ခရောက်ခဲ့ရတာပါ ဆိုတဲ့ မင်းရာဇာ

ဒီနေ့ ရုံးချိန်းမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ” မိန်းကလေး တစ်ယောက်ယောက် သူ့ဆီသွားကြည့်ပါ.. အက်စစ်ဒဏ်ရာ လုံးဝမရှိပါဘူး… အဓိကက သူ့အမေရယ် သူ့ပထွေးရယ် အဓိကပါ.. ငွေသိန်း(၁၀၀)လည်း ယူမယ်.. လူကိုလည်း အထဲ ထည့်မယ်လို့ ပြောပါတယ်.. သူ့အပေါ်မှာလည်း အများကြီး ကူညီပေးခဲ့တယ်..

မိန်းမဖြစ်သူရဲ့ သံသယတစ်ခုကြောင့် ဒီလိုအခြေအနေထိ ဒုက္ခရောက်ခဲ့ရတာပါ ဆိုတဲ့ မင်းရာဇာ

ဒီလောက်ထိ လုပ်လိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး… အခုလုပ်လိုက်တဲ့ ဟာကြီးက အရမ်းဆိုးပါတယ်.. အခုဟာက ကျွန်တော့်မိန်းမရဲ့ သံသယတစ်ခုကြောင့် ဖြစ်သွားတဲ့ အရာတစ်ခုကို အခွင့်အရေးသမားတွေ လက်ထဲရောက်သွားတဲ့ အခါကျတော့ အားလုံး ဒုက္ခရောက်သွားတာပါ.. ကျွန်တော် အက်စစ်နဲ့ လုံးဝ မပက်ခဲ့ပါဘူးဗျာ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

မိန်းမဖြစ်သူရဲ့ သံသယတစ်ခုကြောင့် ဒီလိုအခြေအနေထိ ဒုက္ခရောက်ခဲ့ရတာပါ ဆိုတဲ့ မင်းရာဇာ

ပရိသတ်ကြီးရေ မင်းရာဇာ ကတော့ လက်ရှိတရားရုံးနှစ်ခုမှာ အမှုရင်ဆိုင်နေရသလို ရုံးချိန်းတိုင်းမှာလည်း ပရိသတ်တွေကို အမှန်တရားချပြနိုင်ဖို့ အချိန်မရှိတဲ့ကြားက သူ့ပြောပြချင်တဲ့အကြောင်းအရာတွေ ဖြေကြားနေသူပါ။

Add a Comment

Your email address will not be published. Required fields are marked *