ခုလိုကျပ်တည်းနေတဲ့ ကိုဗစ်ကာလကြီးမှာ အလုပ်သမား အယောက် ၃၀ ကျော်လုံး ကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေလိုက်တဲ့ အလုပ်ရှင်(ရုပ်သံ)

ဒီနေ့ တပည့်တွေကိုမုန့်ဖိုး တယောက် ၁၀ သိန်းပေးလိုက်ပါပီ. အားလုံးအတွက် စုစုပေါင်း သိန်း ၃၀၀ ဝန်းကျင်ပါ… ကိုယ်လည်းအဆင်ပြေလို့ ချမ်းသာလို့တော့မဟုက်ပါဘူး. ဒါပေမယ့် သူတို့အတွက်တော့ လိုအပ်တာတွေအတွက်ထောက်ပန့်မူ့တခု ဖြစ်ကြပါစေ..

အလုပ်သမား အယောက် ၃၀ ကျော်လုံး ကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေလိုက်တဲ့ အလုပ်ရှင်
အလုပ်သမား အယောက် ၃၀ ကျော်လုံး ကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေလိုက်တဲ့ အလုပ်ရှင်

ဘာပဲပြောပြော ဒီလိုပေးရတဲ့ဘဝကို ကျေနပ်ပါတယ် ယူသောလက်မဖြစ်ချင် ပေးသောလက်ပဲ ဖြစ်ပါရစေပေါ့.

လွန်ခဲ့တဲ့ ၁၂ နှစ်က ကိုယ်က တလမှ ၁၂၀၀၀၀ ပဲရခဲ့တဲ့ ဝန်ထမ်းတယောက် ကနေ ဒီလိုနေရာလေးတခုဖြစ်လာဖို့ တပည့်တွေက ကိုယ့်ရဲ့ရဲဖော်ရဲဘက်တွေပါပဲ.. ဝန်ထမ်း ဘဝနေ လုပ်ငန်းရှင်ဖြစ်လာတဲ့အတွက် ဝန်ထမ်းဘဝရဲ့အခက်ကိုလဲ သိတယ် လုပ်ငန်းရှင် တယောက်ရဲ့ အခက်အခဲတွေကိုလဲ သိပါတယ်.

အလုပ်သမား အယောက် ၃၀ ကျော်လုံး ကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေလိုက်တဲ့ အလုပ်ရှင်
အလုပ်သမား အယောက် ၃၀ ကျော်လုံး ကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေလိုက်တဲ့ အလုပ်ရှင်

ဒီနှစ်ခုကြား ဘဝထဲမှာ အဆင်ပြေပြေနေနိုင်ဖို့ အတွက် အမြဲကြိုးစားနေတယ် နောင်နှစ်တွေမှာလဲ အမြဲပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်.. ဘယ်အရာမှတော့ ကြိုပြောလို့မရတဲ့ အတွက် မဆုက်မနစ်သော ဇွဲ လုံ့ လ ဝီရိယ ကြိုးစားကြပါစို့..

အားလုံးပျော်ရွှင်ပါကြပါစေ တပည့်တို့…

အလုပ်သမား အယောက် ၃၀ ကျော်လုံး ကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေလိုက်တဲ့ အလုပ်ရှင်

ဝန်ထမ်း ၃၀ ကျော်ရဲ့နောက်ကမှီခိုနေတဲ့ မိသားစု ၃၀ ကျော်လည်း ပျော်ရွှင်ကြပါစေ..Ko Latt

Add a Comment

Your email address will not be published. Required fields are marked *