ကွာရှင်းခဲ့ပီးနောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့ အကျင့်စရိုက်တစ်ချို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

မယ်လိုဒီ ကတော့ အမျိုးသား နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ၉ ရက်နေ့ က သူမရဲ့ ဆိုရှယ်မီဒီယာ ကနေ အတိအလင်း ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ ချစ်စရာကောင်း တဲ့ သားလေးနဲ့ အတူ ရှိနေပြီး အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင်တော့ မှာပဲ ဖြစ်ပါတယ်။

ကွာရှင်းခဲ့ပီးနောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့ အကျင့်စရိုက်တစ်ချို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

သူမရဲ့ ဆိုရှယ် မီဒီယာကနေ အိမ်ထောင်ရေး ကွာရှင်းမှု အကြောင်း အသိပေးခဲ့တာ ဖြစ်တဲ့အတွက် ခင်ပွန်းဟောင်းဖြစ်တဲ့ ကိုသာကောင်း နဲ့ ပက်သက်ပြီး ပရိတ်သတ် သိချင်နေခဲ့တဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားပေမဲ့လည်း ယောက္ခမကို အမေလိုပဲ ဆက်ချစ်နေမယ်လို့လည်း ဆိုပါတယ်။

မယ်လိုဒီ ပြောထားတာကတော့ “ကျွန်မယောက္ခမ ကမ္ဘာပေါ်မှာ ကျွန်မအပေါ် နားလည်ပေးနိုင်ဆုံးပါ အတိတ်ဘဝကအမေလို့တောင် တင်စားထားတဲ့ မေမေပါ ဘယ်လိုအနေအထားဖြစ်ဖြစ် ခံစားချက်ထပ်တူကျတဲ့မေမေပါ ကျွန်မကိုသမီးအရင်းလို ချစ်တဲ့မေမေပါအမြဲတမ်း အမေလိုမျိုးချစ်သွားမှာပါ

ကွာရှင်းခဲ့ပီးနောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့ အကျင့်စရိုက်တစ်ချို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

ကိုသာကောင်း မူးယစ်ဆေးဝါးကင်းရှင်း လောင်းကစားကင်းရှင်း မိန်းမကိစ္စကင်းရှင်း သူတစ်ယောက်တည်းဆို သူ့ဘဝက ပိုသာယာပါလိမ့်မယ် စိတ်ပုတ် စိတ်ယုတ် မရှိပါဘူး။အပေါင်းအသင်းအပေါ်တော့ အလွန်တရာအားနာတတ်ပြီး မိသားစုထက် ပိုချစ်တယ် ထင်ရအောင် သိတတ်သူပါ။ မတူညီမူများစွာနဲ့ညှိမရလို့ အကြင်လင်မယားဘဝကနေ အရင်လို သူငယ်ချင်းဘဝကို ပြန်သွားလိုက်တာပါ မိတ်ပျက်ပြီး ရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး..

ကွာရှင်းခဲ့ပီးနောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့ အကျင့်စရိုက်တစ်ချို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

သားလေးကို ကျွန်မ ခေါ်ထားတယ် သားလေးကကျွန်မနဲ့နေတယ် ဒါပေမယ့် အဖေဆီကို တစ်ပတ်မှာ တစ်ညအိပ်တော့ ပေးသွားပါတယ်(တစ်ခါတစ်လေ ၂ည) သူနဲ့ကျွန်မကြားမှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေး ဘာမှမရှိပါဘူး အဲ့ဒီတော့ ထူးခြား ဆန်းပြားတဲ့ သတင်းလဲမရှိပါဘူးဖြစ်ပျက်သမျှ တရားဝင်အားလုံးလုပ်ပြီးသားပါ မကြေငြာတာ က မလိုအပ်ဘဲ ပူပန်နေကြမှာစိုးလို့ရယ်

ကွာရှင်းခဲ့ပီးနောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့ အကျင့်စရိုက်တစ်ချို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

မလိုအပ်ဘဲ အကုသိုလ်ဖြစ်မှာစိုးလို့ပါကျွန်မတို့တွေ အားလုံးအေးဆေးပါ သူနဲ့ကျွန်မ မောင်နှမအဖြစ်မိသားစုအဖြစ်ဆက်တည်ရှိနေမှာပါ ချစ်ခင်သောသူများအားလုံးကိုလည်း အေးဆေးစေချင်ပါတယ် ကျွန်မ မနက်ကတည်းက အိမ်သန့်ရှင်းရေးလုပ် ဘုရားပန်းလဲ အဝတ်တွေရှင်း သားသားစာဖတိဖို့ကိစ္စတွေစီစဉ်နေရလို့ ကျန်တာတွေ မတွေးအားပါဘူးစိတ်လေ စိတ်ကစား ဆုံးဖြတ်ချက် မှားရမယ့်အရွယ်မဟုတ်တော့ပါဘူး အေးအေးလူလူ အခု ဘုရားဝတ်ပြုပြီးမှရေးတင်လိုက်တာပါရှင် ဒါကြောင့် ပူပန်ပေးကြသော ချစ်သောသူများအားလုံး မုန့်ပို့ပေးပြီး နှစ်သိမ့်နိုင်ပါတယ်ရှင်💐” လို့ ဆိုပါတယ်။

ကွာရှင်းခဲ့ပီးနောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့ အကျင့်စရိုက်တစ်ချို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

အခုဖော်ပြခဲ့တာကတော့ မယ်လိုဒီကိုယ်တိုင် ပြောပြတဲ့ သူမ အိမ်ထောင်ရေး ပြိုကွဲရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Add a Comment

Your email address will not be published. Required fields are marked *