Facebook Profile ခဏခဏပြောင်းတတ်တဲ့လူ နဲ့၊ မပြောင်းတဲ့လူက ဘာကွာခြားမှုရှိသလဲ ?

ကိုယ့်ရဲ့ Facebook Profile ကို ခဏခဏ ပြောင်းရမှာ ကြိုက်တဲ့သူတွေရှိလား?

Profile ကိုကြည့်ပီးတော့ လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းလို့ရတယ် ဆိုတာ သင်သိပါသလား?

Social App ဖြစ်တဲ့ ဖေ့ဘုတ်ဖရိုဖိုင် နဲ့ ပတ်သက်ပီးတော့ သိသင့်တဲ့ အကြောင်းအရာတချို့ကို ဝေမျှပေးသွားမှာပါနော်။ ကျွန်တော်တို့ တွေ Person Acc Facebook သုံးတဲ့အခါမှာ မိမိရဲ့ ပရိုဖိုင်ပုံကို စိတ်ကြိုက်ထားပီးမှ အသုံးပြုတတ်ကြပါတယ်နော်။

တချို့လူတွေက ကိုယ့် ပုံမူရင်း အမှန်ကို တင်ပြီး အသုံးပြူသူတွေရှိသလို တချို့လူတွေကတော့ ကိုယ့်ပုံမူရင်းမဟုတ်ပဲ တခြားသူတွေရဲ့ပုံတွေကို တင်ပီးမှ အသုံးပြုတဲ့သူတွေလဲရှိတတ်ကြ ပါတယ်နော်။ ဒီလို လူနှစ်မျိုးထဲမှာ ဆိုရင်တော့ မိမိရဲ့ ပရိုဖိုင်ပုံ အမှန်ကိုတင်ပီးတော့ အသုံးပြုတဲ့သူတွေက မိမိကိုယ်ကို ယုံကြည်မှုရှိသူတွေ ဖြစ်ပီး အခြားသောသူများရဲ့ ပုံတွေကို တင်ပီးမှ အသုံးပြုတဲ့သူတွေကတော့ မိမိကိုယ်ကို ယုံကြည်မှုအားနည်းနေသော သူများလို့ စိတ်ပညာအရ ခန့်မှန်းသိနိုင်ပါတယ်။

မိမိရဲ့ ပရိုဖိုင်ပုံကို ခဏခဏပြောင်းရတာ သဘောကျတဲ့သူတွေရှိသလို အကြာကြီးနေမှ တစ်ခါပြောင်းတတ်တဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ ပရိုဖိုင်ပုံ ခဏခဏပြောင်းတဲ့ လူနဲ့ အကြာကြီးနေမှ ပြောင်းတဲ့သူ ဘာကွာခြားမှုရှိသလဲ ဆိုတာ ပြောပြမှာပါ။

ပရိုဖိုင်ပုံ ကို ခဏခဏ ပြောင်းတတ်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတော့

၁။ မိမိရဲ့ စိတ်ခံစားချက်အများစုကို Social ပေါ်တင်ပြီးမှ စိတ်ထွက်ပေါက် ရှာတတ်တဲ့သူတွေ ဖြစ်ကြပါတယ်။

၂။ လူအများရဲ့ ဂရုစိုက်ခံရကို ကြိုက်နှစ်သက်တဲ့သူတွေ ဖြစ်ပီးတော့ သူများနဲ့မတူအောင် ထူးခြားချင်တဲ့သူတွေ ဖြစ်ကြပါတယ်။

၃။ စိတ်အပြောင်းအလဲ မြန်ဆန်ပီးတော့ အသစ်အဆန်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေ ဖြစ်ကြပါတယ်။

၎။ အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တဲ့ အချစ်မျိုးကို ကြိုက်နှစ်သက်တဲ့ သတွေ ဖြစ်ကြပါတယ်

၅။ ခေတ်ကာလနဲ့အညီ Trend(ခေတ်စား) ဖြစ်နေတဲ့အရာတွေကို လိုက်မလုပ်ရရင်မနေနိုင်တဲ့သူတွေ ဖြစ်ကြပါတယ်…

ပရိုဖိုင်ပုံကို အကြာကြီးနေမှ တစ်ခါပြောင်းတတ်တဲ့သူတွေက ဘယ်လိုလူမျိုးတွေပဲ ဆိုတာ ကြည့်လိုက်ရအောင်

၁။ ရင့်ကျက်ပီးတော ပွင့်လင်းမြင်သာမှုရှိတဲံ ဖြစ်ကြပါတယ်

၂။ အချစ်တကြီးပီးတော့ သံယောဇာဉ်တွယ်တာတတ် တဲံသူတွေ ဖြစ်ကြပါတယ်

၃။ အစွဲအလမ်းကြီးသူတွေ ဖြစ်ပီးတော့ခေါင်းမာတတ်သူတွေ

၎။ အချစ်ရေးမှာ ရိုးရိုးအေးအေး နဲ့ မိမိဘ၀ကိုဖန်တီးချင်တဲ့ သူတွေဖြစ်ကြပါတယ်

၅။ မိမိရဲ့စိတ်ခံစားချက်ကို ဦးစားမပေးတတ်ပဲ အခြားသူများရဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့သူတွေ ပဲ ဖြစ်ကြပါတယ်

ကဲ….အပေါ်က ပြောခဲ့တဲ့ အချက်တွေထဲမှာ သင်နဲ့တိုက်ဆိုင်တာများရှိခဲ့ရင် comment လေးတစ်ခုလောက် ရေးခဲ့ပါနော်

Add a Comment

Your email address will not be published. Required fields are marked *