ပြည်တွင်း ကူးစက်မှု အဖြစ် မနေ့က ထပ်တိုးလာတဲ့ လူနာ အမှတ် 245 လမ်းလုပ်သား တစ်ဦး ရဲ့ ခရီးသွားရာဇ၀င်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် ဇွန်လ(၉) ရက်နေ့ ညပိုင်းက အတည်ပြုထုတ်ပြန်လိုက်သည့် အတည်ပြုလူနာ ( Case 245 )သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့တွင် ပခုက္ကူဘက်မှ ပြန်လာ၍ အသွားအလာ ကန့်သတ်ထားသည့် လမ်းလုပ်သား မိသားစုထဲက ဖြစ်ပြီး ပြည်ပခရီးသွားလာဖူးသူ မဟုတ်ကြောင်း သိရသည်။

“နေတာ က ဆီဆိုင်မှာပဲ နေတယ်လို့ ပြောတယ်။ ပခုက္ကူဘက် မှာ လမ်းလုပ်သားလုပ်ပြီး ပြန်လာတယ်လို့ ပြောတယ်။ ပြန်လာတော့ မိသားစုက (၇)ယောက်။ လူကြီး (၅)ယောက် ကတော့ ဓာတ်ခွဲနမူနာယူ စစ်တယ်။ ကလေး (၂)ယောက်ကတော့ မစစ်ဘူး။

case 245

သူတို့က ပြန်လာတာနဲ့ ဒီမှာ facility quarantine ထားတာမှာ သူတို့ပြန်လာချိန်က နေရာမရှိတော့လို့ အိမ်တစ်လုံးမှာ facility quarantine သွင်းလိုက်တာ ဆိုတော့ အဲဒါတော့ ကံကောင်းတာပေါ့နော်။ တခြားလူတွေနဲ့တော့ မရောဘူး။ အဲဒီထဲမှာ တစ်ယောက်က positive ဖြစ်တာပေါ့။

ပြန်လာတဲ့ လမ်းတလျှောက်မှာလည်း ကျွန်တော်တို့ဆီက volunteer စစ်တဲ့ လူလောက်ပဲ နည်းနည်း ထိတွေ့မှုဖြစ်နိုင်တာပေါ့။ အဲဒါလည်း လိုက်နေပြီ။ ဘယ်နှစ်ယောက် ထွက်လာမလဲတော့ မသိဘူး။ ဆီဆိုင်ရောက်တော့ quarantine တန်းဝင်တာ ဆိုတော့ ဆီဆိုင်မှာတော့ ထပ်ပြီး ထိတွေ့သူ မရှိဘူး” ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ဓါတ်ပုံ နမူနာ

အဆိုပါ လမ်းလုပ်သား မိသားစုမှာ မေလ (၂၁) ရက်နေ့က ဆီဆိုင်မြို့သို့ ပြန်ရောက်လာခြင်းဖြစ်ပြီး အခြားဒေသမှ လာသူများကို (၂၁) ရက် quarantine ထားသည့် ကာလအတွင်း ပြန်လာသူများဖြစ်၍ facility quarantine ထားရှိခဲ့သူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ ည(၈)နာရီအထိ covid-19 ပိုးကူးစက်ခံရသူ (၂၄၆) ဦးရှိပြီဖြစ်သည်။

Tachileik News Agency

သတင်း – ချယ်ရီထိုက်

Add a Comment

Your email address will not be published. Required fields are marked *