တောင်ကိုရီးယား နဲ့ လက်ရှိ ဆက်သွယ်မှု အကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့ မြောက်ကိုရီးယား

ယနေ့တွင် ခေါင်းဆော င်နှစ်ယော က်ကြား တိုက်ရိုက် ဖုန်းလိုင်း အပါအဝင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက် ဆံရေးလမ်းေ ကြာင်းအားလုံးကို ရပ်ဆိုင်း လိုက်ပါတယ်။ တောင်ကိုရီး ယားကို ရန်သူလို့ဖော်ပြပြီး ဆက်တိုက် အရေးယူဆောင် ရွက်မှုတွေ ထပ်လာ ဦးမယ်လို့လည်း မြောက်ကိုရီးယားဘ က် ကပြောပါတယ်။

တောင်ကိုရီးယား နဲ့ လက်ရှိ ဆက်သွယ်မှု အကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယား နယ်စပ်မြို့ ကေဆောင်းမှာရှိတဲ့ (၂) နိုင်ငံ စေ့စပ် ညှိနှိုင်းရေးရုံး ကနေ လုပ်နေတဲ့ နေ့စဉ်အဆက်အသွယ် တွေကို ဒီနေ့ကစပြီးရ ပ်တော့မှာပါ။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပြွဲ ပီးဆုံးတဲ့အချိန် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း မရှိတာကြောင့် ကိုရီးယား ၂ နိုင်ငံ ဟာ လက်ရှိအချိန် ထိ စစ်ပွဲကာလမှာပဲ ရှိနေသေးတာပါ။

ဒီနေ့မနက် ၁၂ နာရီကစပြီး မြောက်နဲ့တော င်အာဏာပိုင်တွေကြား စေ့စပ်ညှိနှိုင်း မှုဖုန်းလိုင်း ကို ပိတ်လိုက်ပြီး အဆက်အသွ ယ်ဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြတာပါ စစ်ဖက်ဆက်သွ ယ်မှုလမ်းကြောင်းတွေ ကိုလည်း ပိတ်လိုက်ပြီလို့ မြောက်ကိုရီးယားဘက်ကပြောပါတယ်။

တောင်ကိုရီးယား နဲ့ လက်ရှိ ဆက်သွယ်မှု အကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့ မြောက်ကိုရီးယား

ကိုဗစ်ကာလ ကန့်သတ်မှု တွေကြောင့် စေ့ စပ်ညှိနှိုင်းရေးရုံးကို ဇန်နဝါရီလမှာ ယာယီပိတ် ထားပေမဲ့ နှစ်နိုင်ငံကြား တိုက်ရိုက်ဖုန်းလိုင်းနဲ့ အဆက်အ သွယ် ရှိပါတယ်။ အဲဒီရုံးကနေ မနက် ၉ နာရီနဲ့ ညနေ ၅ နာရီအထိ (၂) နိုင်ငံ ဆက်ဆံတဲ့ ကိစ္စများအပါအဝင် နှစ်နို င်ငံအဆက် အသွယ်လုပ်ပါတယ်။

တနင်္လာနေ့မှာတော့ ၂၁ လအတွင်း ပထမဆုံး အနေနဲ့ တောင် ကိုရီးယားရဲ့ မနက်ခင်းဖုန်းခေါ်ဆိုမှုကို မြောက်ကိုရီး ယားဘက်က ပြန်မဖြေဘဲ ညနေမှပြန်ဖြေ တယ်လို့ တောာင်ကိုရီးယားဘက် ကပြောပါတယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးသွားတဲ့ အဖွဲ့တွေ မြောက်ကိုရီးယားဘက် ကို လက်ကမ်း စာစောင်တွေပို့နေတာကို မတားနိုင်ရင် ရုံးတွေပိတ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းကပြောပါတယ်။

တောင်ကိုရီးယား နဲ့ လက်ရှိ ဆက်သွယ်မှု အကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့ မြောက်ကိုရီးယား

၂၀၁၈ ခုနှစ်က နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်နယ်မြေမှာ ရှိတဲ့ပန်မွန်ဂျွ န်းကျေးရွာမှာ ကင်ဂျုံအွန်နဲ့ တောင်ကိုရီး ယားသမ္မတ မွန်းဂျယ်အင်းတို့ သဘောတူခဲ့တဲ့ငြိမ်းချမ်းရေး သဘော တူညီချက်တွေကို လက်ကမ်းစာစောင်စည်း ရုံးလှုံ့ဆော်မှုတွေက ချိုးဖောက်နေတာဟာ ဆိုးရွားတဲ့အပြုအမူဖြစ်ပြီး ၂ နိုင်ငံ ဆက်သွယ်ရေးကို ဖြတ်တောက်ပ စ်မယ်လို့ ကင်ယိုဂျွန်းကပြောပါတယ်။ crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *