ဘင်္ဂလာဒေ့ရှ်ကနေ တရားမ၀င်ပြန်လာသူ ဒုတိယမြောက်ပိုးတွေ့လူနာ မောင်တောဆေးရုံကို ညတွင်းချင်းပို့ဆောင်ခဲ့

ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လည်ဝင်ရောက်လာသူ ထဲက ဒုတိယမြောက်ပိုးတွေ့ လူနာ ဖြစ်သူ လူနာ အမှတ် ၂၄၄ ကို ဇွန်လ ၈ ရက် ည ၁၀ နာရီ ၁၉ မိနစ် အချိန်က လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းကနေ မောင်တောခရိုင်ပြည်သူ့ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ခဲ့ပါတယ်။

ဘင်္ဂလာဒေ့ရှ်ကနေ တရားမ၀င်ပြန်လာသူ ဒုတိယမြောက်ပိုးတွေ့လူနာ မောင်တောဆေးရုံကို ညတွင်းချင်းပို့ဆောင်ခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ်တစ်ဦး ထပ်ပြီး စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဇွန်လ ၈ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ အဲဒီလူနာသစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်သဘော ဆန္ဒအလျောက် ပြန်ဝင်လာတဲ့ အသက် ၂၅ နှစ်အရွယ် ဟိန္ဒူအမျိုးသား တစ်ဦးဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ ကတဆင့် လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံထားရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်ကနေ တရားမ၀င်ပြန်လာသူ ဒုတိယမြောက်ပိုးတွေ့လူနာ မောင်တောဆေးရုံကို ညတွင်းချင်းပို့ဆောင်ခဲ့

မောင်တောမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ကိုယ့်အစီအစဉ်နဲ့ ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် မွတ်ဆလင် အမျိုးသားတစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ အဲဒီလူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အာဆာ (ARSA) တိုက်ခိုက်မှု ဖြစ်ဉ် နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေ အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ကြတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ်ကနေ တရားမ၀င်ပြန်လာသူ ဒုတိယမြောက်ပိုးတွေ့လူနာ မောင်တောဆေးရုံကို ညတွင်းချင်းပို့ဆောင်ခဲ့

မောင်တောခရိုင် အတွင်း မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ က အစိုးရရဲ့ ပြန်လည်လက်ခံရေး အစီအစဉ်နဲ့ မဟုတ်ဘဲ တရားမဝင်ပြန်လည် ဝင်ရောက်လာသူ ၁၂ ဦး ထိ ရှိနေပြီး ရခိုင်ပြည်နယ်မှာတော့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၅ ဦးထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ – ကောင်းမြတ်နိုင် Credit – ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *