ဒုတိယအကြိမ် လူမြင်ကွင်း မှာ ထွက်ပေါ်လာပြန်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်

မြောက် ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး နဲ့ လူနေမှုအခြေအနေတွေကို ဆွေးနွေးဖို့ပေါ် လစ်ဗျူရို အစည်းအဝေးကို ခေါင်းဆောင် ကင်မ်ဂျုံအွန်က တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန (KCNA)မှာ ယမန်နေ့ဇွန်လ (၈) ရက်က သတင်းထုတ်ပြန်ပါတယ်။ အခုလိုတွေ့ရတာဟာ ရက်အတန်ကြာ လူမြင်ကွင်းက ပျောက်ကွယ်ပြီးမှ ဒုတိယ အကြိမ် ထွက်ပေါ်လာတာပါ။

ဒုတိယအကြိမ် လူမြင်ကွင်း မှာ ထွက်ပေါ်လာပြန်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်

ဗီဒီယိုထဲမှာတော့ အဖြူရောင်အင်္ကျီဝတ်ထားတဲ့ ကင်မ်ဂျုံအွန်ဟာ ဝါရင့် လက်ထောက်ကြီးတွေဖြစ်တဲ့ ChoeRyong-hae နဲ့ Pak Pong-jsu တို့နဲ့အတူ ကြီးမားတဲ့စားပွဲဝိုင်းကြီးမှာ ထိုင်နေတာကို တွေ့ရပါတယ်။ ကင်မ်ဂျုံအွန်နဲ့ တခြားအရာရှိတို့ဟာ တစ်ယောက်မျှ နှာခေါင်းစည်း မတပ်ထား ကြသလို၊ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာမှာ ထုတ်ပြန်ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအကြောင်းကို ရည်ညွှန်းပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ဒုတိယအကြိမ် လူမြင်ကွင်း မှာ ထွက်ပေါ်လာပြန်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်

ကင်မ်ဟာ တိုင်းပြည်ရဲ့ ဓါတ်မြေဩဇာ ထုတ်လုပ်မှုအပါအဝင် ဓါတု လုပ်ငန်းကြီးရဲ့အရေးပါမှုကို အလေးထားပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေခံထုတ်ကုန်ဟာ အခုနှစ်မှာ မြောက်ကိုရီးယားမီဒီယာရဲ့ အထူးအာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ ကင်မ်ကို လူမြင်ကွင်း မှာ ပထမဆုံးတွေ့ ခဲ့တာကပြီးခဲ့တဲ့ ဇန်နဝါရီလက ဓါတ်မြေဩဇာ စက်ရုံဆောက်လုပ်ရေး တစ်ခုမှာ ဖြစ်ပြီး။ မေလထဲမှာတော့အဲဒီဓါတ်မြေဩဇာစက်ရုံဖွင့်ပွဲအခမ်းအနားမှာပဲပြန်တွေ့ရတာဖြစ်ပါတယ်။

ဒုတိယအကြိမ် လူမြင်ကွင်း မှာ ထွက်ပေါ်လာပြန်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်

အစည်းအဝေးမှာ ကင်မ်ဟာ အိမ်ယာဆောက် လုပ်ရေးအပါအဝင် ပြုံးယမ်းမြို့တော်မှာ နေထိုင်သူတွေရဲ့ လူနေမှုအခြေအနေတွေကို အလေးထားပြောကြား ခဲ့တယ်လို့ သိရပါတယ်။crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *