ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ က လောက ထိပ်ပန်ဘုရား မီးရှို့ခံရခြင်း နှင့် ဘုရား (၅) ဆူ ဖြစ်စဉ် နောက်ကွယ်

အခု မနက် ၇ နာရီလောက် က ပုဂံ လောကထိပ်ပန်ဘုရား မီးရှို ခံရ လို့တဲ့ အဝင်တံခါး အနောက်ဖက်တစ်ခြမ်း လောင်သွားတယ်တဲ့။ အခုပဲ ဓါတ်ပုံဆရာ ညောင်ဦးကိုသက် ဖုန်းဆက်တာ။ တစ်မျိုးပဲတဲ့၊ မနေ့က ဘုရားငါးဆူ ဌာပနာအဖောက်ခံရ တာလည်း နောက်ပြင်ဆင်မွမ်းမံမှုက ထည့်တဲ့ ဌာပနာ အသစ်တွေ ဖြစ်ပေမယ့် ရွှေလက်စွပ်တွေ ရှိတာ ယူမသွား ဘူးတဲ့ ရည်ရွယ်ချက် တစ်မျိုးဖြစ်နေတယ်တဲ့၊ အခု လောကထိပ်ပန် မီးရှို့တာလည်း ဖျက်လိုဖျက်ဆီး ရည်ရွယ်ချက်ဗျ ကျွန်တော်တို့ အသည်းဗျ။ မပေါ့နဲ့ဗျ ဆရာကျောင်းတဲ့။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ က လောက ထိပ်ပန်ဘုရား မီးရှို့ခံရခြင်း နှင့် ဘုရား (၅) ဆူ ဖြစ်စဉ် နောက်ကွယ်

အင်းဟုတ်တယ် မနေု့က ဘုရားငါးဆူ ဌာပနာ အဖောက်ခံရတာကြည့် တော့လည်း ဌာပနာ တိုက်ရှိတဲ့ နေရာကို တည့်တည့်သွားထားတာ ၅ ဆူစလုံးကို ဌာပနာပိတ်တဲ့သူက ဖောက်ထားတဲ့ အတိုင်းပဲလို့ ဖုန်းဆက်ကြည့်ဦးမယ်ပြောပြီး ကိုသက်ဖုန်းချပြီးပြီးခြင်း လောကထိပ်န်အစောင့်ရဲ့ဖုန်းကို ဆက်ပါတယ်။

အမျိုးသမီးကိုင်ပါတယ်၊ ဟုတ်တယ်တဲ့ သူ့အမျိုးသားရော အခုဘုရားမှာရှိပါတယ်တဲ့ ကျွန်မက မနက် (၆)နာရီက သားကို ရွှေဆံတော်ဖက် လိုက်ပို့ပြီး လောကထိပ်ပန်ကို ဝင်ပါသေးတယ်၊ ခနနေတော့ ဈေးဖက် ခနသွားလိုက်တာ ဘုရားမီးလောင် လို့တဲ့ ဖုန်းဆက်တာနဲ့ ပြေးလာတာ၊ ထင်းရှူးဆီနဲ့ ရှို့ထားတာတဲ့၊ မီးမွှေးတဲ့ ထင်းးရှူးသားတွေ ကျန်ရစ်တာလဲ ရှိတယ်၊ မြောက်ဖက် လှည့်ထားတဲ့ တစ်ခုတည်းသောဝင်ပေါက် သံတံခါး အနောက်ဖက်ခြမ်း လောင်သွားတယ်တဲ့။ အခုတော့ ရှေးဟောင်းဌာနကရော၊ ရဲတွေရောအများကြီး ရောက်လာပြီး စုံစမ်းမှုတွေ လုပ်နေပါတယ်တဲ့။ အေးပါဟယ်၊ လောကထိပ်ပန်တော့ စောင့်ရှောက်ပါဟယ် ဆိုတော့၊ စောင့်ရှောက်ပါတယ်ဆရာရယ်တဲ့။

ကြည့်ရတာ ဖျက်လိုဖျက်ဆီးရည်ရွယ်ချက်ပဲ၊ လောကထိပ်ပန်ကို ပစ်တယ်ဆိုတော့ စိတ်မနှံ့တာတော့ မဟုတ်လောက်ဖူး။ ဒီရက်ပိုင်း ပုဂံနဲ့ ပါတ်သက်သမျှ မြင်ရ၊ တွေ့ရ၊ ကြားရတဲ့ သတင်းတွေ အကြောင်းအရာတွေက တစ်ခုမှ မူမမှန်ဘူး။ ပုဂံဆိုတာ တစ်ကိုယ်စာမှာ ကိုယ့်အမှတ် ကိုယ့်နိမိတ်နဲ့ နေတဲ့သူဆိုတော့ အကြောင်းအရာတွေက ဆက်စပ် စဉ်းစားစရာကို မလိုပါဘူး သူ့ဖာသာကို အလိုလိုပေါ်လာ တာမျိုးပဲ။ Count လုပ်စရာမလိုတာတွေကို Count လုပ်နေကြတာ များလာတယ်၊ သတင်း မဟုတ်တဲ့အရာကို သတင်းလို့ လုပ်လာတယ်၊ အဲဒီနေရာလေးတွေကို မြေပုံထဲ Drop Pin လေး ချပြီး စောင့်ကြည့် ကြည့်ပါလား ခနနေရင် သိလာ ရမှာပဲ။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ က လောက ထိပ်ပန်ဘုရား မီးရှို့ခံရခြင်း နှင့် ဘုရား (၅) ဆူ ဖြစ်စဉ် နောက်ကွယ်

ပုဂံက စေတီပုထိုးအမွေအနှစ်တွေကို သိပါတယ်။ ဒီတော့ ပုဂံကစေတီပုထိုး အမွေအနှစ်တွေ အကြောင်းကို ပြောနေတာ တစ်ချို့ကို မင်းပြောတာ မဟုတ်သေးဘူးလို့ သိတယ်။ ဘာလို့လဲ ဆိုတော့ မင်းပြောနေတာ ငါမသိခင်က ပြောနေတဲ့ အတိုင်းပဲမို့ကို မင်းမသိသေးဘူးဆိုတာ ပိုသိတာလို့ ပြောရသလိုပဲ။ ရှေ့မှာ မဟုတ်သေးဘူးလို့ ထ မကြည့်မိလို့များ လောကထိပ်ပန်တံခါး မီးရှို့တာများလားလို့ ကိုယ့်ကိုယ်ကို အခြေခံပြီး စဉ်းစားတာမျိုးမဟုတ်ပါဘူး။ အမွေအနှစ်ဆိုတာ ဆုံးရှုံးပျက်စီးသွားရင် ဘယ်တော့မှ အစားပြန်မရတော့တဲ့အရာတဲ့။

လောကထိပ်ပန်လား ဆက်မတွေးတာကောင်းမယ်။ UNESCO အဖွဲ့ကြီးထံ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းစဉ်က ပုဂံအမွေအနှစ်များရဲ့ အစစ်အမှန်ဖြစ်မှုနဲ့ ဒီပုဂံက ယဉ်ကျေးမှု အမွေအနှစ်များကို မြန်မာနိုင်ငံသူ နိုင်ငံသားများက ဘယ်လိုစီမံ ခန့်ခွဲမှုတွေနဲ့ စီမံခန့်ခွဲပြီး အနာဂတ်မျိုးဆက်သစ်ကို လက်ဆင့်ကမ်းသွားပါမယ် ဆိုတဲ့ စီမံခန့်ခွဲမှု Management Plan တစ်ရပ် ပါဝင်ပါတယ်။ အဲဒီ စီမံခန့်ခွဲမှုကို အကောင်အထည်ဖော်ရမယ့် ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအဖွဲ့ စာရင်းလဲပါရပါတယ်။

ဒီနိုင်ငံက တည်ဆဲ ဥပဒေထဲမှာ ရှေးဟောင်း သုတေသန ဥပဒေရှိပါတယ်၊ အဲလိုရှိတဲ့အပြင် ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်း မလျောက်ထားခင်လေးတင် ကပ်ပြီး ရှေ့က ရှေးဟောင်းဥပဒေကို နင်းချေဖျက်သိမ်းပြီး ဖြစ်စေရမည် ဆိုပြီး ပြင်ဆင် ပြဌာန်းလိုက်တဲ့ ရှေးဟောင်း ဥပဒေအသစ်မှာလည်း ကမ္ဘာ့အမွေအနှစ်လျောက်ထားသည့် အမွေအနှစ်နေရာ များတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ခဲ့ပါက ကမ္ဘာ့အမွေအနှစ်စာရင်း လျောက်ထားစဉ်က UNESCO အဖွဲ့ကြီးထံ တင်သွင်း အာမခံထားသည့် စီမံခန့်ခွဲမှု ပုံစံ အတိုင်း လိုက်နာစီမံခန့်ခွဲရန် နှင့် မလိုက်နာပါက ဥပဒေ နည်းဥပဒေများနဲ့ ပစ်ဒဏ်များ ပြဌာန်းထားပြီးဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ က လောက ထိပ်ပန်ဘုရား မီးရှို့ခံရခြင်း နှင့် ဘုရား (၅) ဆူ ဖြစ်စဉ် နောက်ကွယ်

ဒီတော့ ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အသက်ဝင်ဖို့ လိုပါပြီ။ ဥပဒေ ပစ်ဒဏ်တွေ ထက် ကိုယ့်အမွေအနှစ်ကို ဥပဒေအာဏာ အသုံးပြုပြီး ထိန်းသိမ်းစောင့်ရှောက်ခွင့် ရတယ်ဆိုတာက ပိုပြီးမြတ်ပါတယ်။ ပြီးတော့လည်း ပုဂံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီး ဖြစ်လို့ မိုက်မည်းမှု ကျူးလွန်ခဲ့ရင်လည်း ကမ္ဘာ့အဆင့် အပစ်ပေးခြင်းနဲ့ တည့်တည့်တိုးသွားနိုင်ပါတယ်လို့လဲ သတိချပ်ရမှာ ဖြစ်ပါတယ်။

၁၉၇၅ ငလျင်နဲ့ ၂၀၁၆ ငလျင်ကြီး ၂ ခုကို ကျော်ထွက်နိုင် ခဲ့တဲ့ လောကထိပ်ပန်က ဒီနှစ်ပိုင်းမှာ မိုက် မည်းသူ တစ်ချို့ကြောင့် ဒါဏ်ရာဒဏ်ချက်ထိခိုက်ခဲ့ရတာ ဖြစ်ပေါ်ခဲ့ပါသေးတယ်၊ ယခု မီးရှို့ခံရတယ်ဆိုတာ ကံကောင်းလို့ တံခါးတစ်ခြမ်းပါ။ ပြင်သစ်က နော်တာဒိန်း ဘုရားကျောင်းကြီး မီးထလောင်တာ ကြည့်နေရင်း ရေတစ်စက်မှ မထိလိုက်ရပဲ ဒေါင်းသွားဖူး ပါတယ်။ ပေါ့ဆလို့ မရသလို လောကထိပ်ပန်က ဒိထက်ပိုပြီး အစောင့်အရှောက်ခံယူခွင့် လိုအပ်နေပြီလို့ သတိပေးခြင်းပါ။ လောကထိပ်ပန် ကျွန်တော့်အနေနဲ့ ဥပဒေပြင်ပက ပုဂံကို စောင့်ရှောက်နည်း ရှာမတွေ့သေးခင် ဗုဒ္ဓဝင်ရှစ်ခန်း နံရံပန်းချီတွေကို နောက်လူ များအတွက် ဆက်လက် သယ်ဆောင်နိုင်ပါစေ ဆုတောင်း ပါတယ်။

လေးစားစွာဖြင် ဆရာ..Moe Swe Than

Add a Comment

Your email address will not be published. Required fields are marked *