အပြင်ကိုမဖြစ်မနေ သွားမယ်ဆိုရင်တော့ အကာအကွယ်လေး နဲ့ MASK တွေသုံးဖို့ အမိုက်စားသတိပေး လာတဲ့ အိချောပို
အိချောပို
အိချောပို
အိချောပို
အိချောပို
အိချောပို
အိချောပို
Unicode
ပရိသတ်တွေ က စူစူလို့ ချစ်စနိုးလေး ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပို ကတော့ အနုပညာပျိုးခင်းရဲ့ အောင်မြင်တဲ့ မင်းသမီးလေး တစ်လက် ဖြစ်ပါတယ်။ အိချောပိုက အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေသေးပေမယ့် အောင်မြင်တဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်နေ တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း အိချောပို ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား တိုင်းကို ရုံပြည့်ရုံလျှံတဲ့အထိ အားပေးကြပါတယ်။
ဒီကနေ့ မှာတော့ အိချောပိုက သူမရဲ့ ပရိသတ်တွေ ကို စိတ်ပူစွာနဲ့ သတိပေးလာတာကို တွေ့ရပါတယ်။ အိချောပိုက “ အပြင်တွေသိပ်မထွက် နဲ့ဦးနော်။ မဖြစ်မနေ ထွက်ရမယ်ဆိုလည်း ဒီလိုအကာကွယ်လေးတွေနဲ့ထွက်။ ဘာကြည့်နေတာလဲ…👀ပြောနေတာ ကြားလား… ဟိုတစ်ယောက်…❣️” ဆိုပြီး ချစ်စဖွယ်လေး ပြော ထားပါတယ်။
အိချောပို ကတော့ ကျန်းမာရေးအခြေ အနေတွေကြောင့် Mask တွေ အကာအကွယ်တွေ အပြည့် ဝတ်ဆင်ထားရပေမယ့် အထာကျပြီး လှနေဆဲနော်။ ပရိသတ်ကြီး လည်း အိချောပို သတိပေးသလို အပြင်ထွက်ရင် Mask တပ်ဖို့ မမေ့ကြပါနဲ့နော်။ Source: Ei Chaw Po’s fb
Add a Comment
Your email address will not be published. Required fields are marked *