အသံဖိုင်တွေ ထွက်လာတဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပက်သတ်ပြီး ရှေ့နေကြီးရောဘတ်စန်းအောင်ကို သွားရောက်တွေ့ဆုံပြီး Live လွှင့်ခဲ့တဲ့ လင်းလင်း
ရှေ့နေ ရောဘတ်စန်းအောင်
Unicode
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က နေပြည်တော်မြို့နယ် က ဗစ်တိုးရီးယားအမှုနဲ့ ပက်သတ်ပြီး စိတ်ရောလူပါ ပါဝင်ကူညီခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လင်းလင်းနဲ့ ချစ်သုဝေက ဗစ်တိုးရီးယား အမှုနဲ့ ပက်သတ်ပြီး သိန်း (၈၀၀)ကျော် အမြတ်ထွက်သွားခဲ့တယ် ဆိုပြီး အွန်လိုင်း စာမျက်နှာပေါ်မှာ အသံဖိုင်နဲ့တကွ ပျံ့နှံ့ခဲ့ပါတယ်။
ထိုကိစ္စကို လင်းလင်း က ဧပြီလ (၂၃) ရက်နေ့မှာ ပါးစပ်ကပြော၊စာတွေရေးပြီး ရှင်းရတာဝါသနာမပါပဲ လက်တွေ့ဘဲ ရှင်းတတ်တာဆိုပြီး သူ့ရဲ့ဖေစ့်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒီနေ့ မေလ (၂၁) ရက်နေ့ မှာတော့ လင်းလင်းက အသံဖိုင်ထဲက ပုဂ္ဂိုလ်လို့ အားလုံးက ထင်ကြေးပေးနေကြတဲ့ ရှေ့နေကြီး ရောဘတ်စန်းအောင် ဆီ သွားရောက်တွေ့ဆုံပြီး Live လွှင့်ခဲ့ပါတယ်။
ပရိသတ်ကြီးအ တွက် လင်းလင်းနဲ့ ရောဘတ်စန်းအောင်နဲ့အတူတူ ဆုံတွေ့ခဲ့တဲ့ လင်းလင်း ရဲ့ ဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်နော်။ လင်းလင်း ကတော့ လူကြီးလူကောင်းဆန်ဆန် သွားရောက်တွေ့ဆုံခဲ့ပြီး အားလုံးလည်းသိအောင် Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။ Source: Htwe Lynn Ko’s fb
Add a Comment
Your email address will not be published. Required fields are marked *