သရုပ္ေဆာင္ သီဟတင္စိုး ပတ္ရႈတ္ေနတဲ့ဇာတ္လမ္းေတြနဲ႔ ပက္သတ္ျပီး မိသားစုအတြင္းေရး ကိစၥေတြထိကို အစအဆံုးဖြင့္ဟလိုက္တဲ့ စည္သူတင္စိုး

ရုပ္ရွင္ နဲ့ ဗီဒီယိုသရုပ္ေဆာင္ သီဟတင္စိုးက ေငြေၾကး အရႈပ္အရွင္းကိစၥေတြေၾကာင့္ က်ိဳက္လတ္ျမိဳ့မွာ အမႈဖြင့္အေရးယူ ခံထားရတယ္လို့ သတင္းေတြ ထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။ သီဟတင္စိုးတို့ မိသားစုဟာ ေငြေၾကးခိုင္မာ ေတာင့္တင္းသူေတြျဖစ္ျပီး အခုလို ကိစၥမ်ိဳးနဲ့ ပက္သတ္ျပီး ပရိသတ္ေတြက အမ်ိဳးမ်ိဳး ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။ ထိုကိစၥနဲ့ ပက္သတ္ျပီး သီဟတင္စိုးရဲ့ ညီအရင္းျဖစ္သူ စည္သူတင္စိုးက အခုလိုပဲ ပြင့္လင္းစြာခ်ျပေျပာဆိုလာပါတယ္။

မိသားစုအတြင္းေရး ကိစၥေတြထိကို အစအဆံုးဖြင့္ဟလိုက္တဲ့ စည္သူတင္စိုး

“ကိုယ္တိုင္ ေသခ်ာမသိပဲ ၾကားသုံးၾကားထဲဝင္ပါၿပီး လိုင္းေပၚမွာ ထင္ရာျမင္ရာေျပာေနၾကလို႔ အမွန္တရားကိုရွင္းျပတာ။ အေမ့ကို အေမြေတာင္းတယ္။ ကုန္သြားမွာစိုးလို႔ မေပးဘူးေျပာေတာ့ အ​ေမ့ကို ဓား နဲ႔လိုက္တယ္။ ေမာင္ႏွမ ၅ ေယာက္မွာ တစ္ဦးခ်င္းဆီအတြက္ သူ႔ေဝစု ၊ သူရသင့္ရထိုက္တဲ့သိန္းေပါင္း ၁၂၀၀၀ (ေငြက်ပ္သိန္းေပါင္းတစ္ေသာင္းႏွစ္ေထာင္)ပိုက္၊ ေပ်ာ္ေပ်ာ္ပါးပါးႀကီးယူ ထြက္သြားခဲ့တာ။ အေမေသလည္း မလာဘူး၊ ေမာင္ႏွမေတြေသလည္း မလာဘူးဆိုၿပီး တစ္ခါတည္းေဆြခန္းမ်ိဳးခန္းျဖတ္ သူကအရင္ျဖတ္သြားတာ။”

မိသားစုအတြင္းေရး ကိစၥေတြထိကို အစအဆံုးဖြင့္ဟလိုက္တဲ့ စည္သူတင္စိုး

“အေမက ဘယ္သူ႔ဘယ္သူ အေပၚမွ မတရားလုပ္ထားတာ မရွိဘူး။ အားလုံးညီတူမွ်တူပဲ။ သူမိန္းမယူတဲ့ အခ်ိန္တုန္းကလည္း အေမက သူ႔မိန္းမရဲ႕ေနာက္ေၾကာင္း အရႈပ္ထုပ္ေတြကို ေငြထုပ္ပိုက္ၿပီး တဖက္လူကိုေျခေထာက္ဖက္ ေတာင္းပန္ၿပီးေလွ်ာ္ေၾကးေပးခဲ့ရတာ အားလုံးသိတယ္။ သူသာ အကိုႀကီးအဖရာအေနနဲ႔ေရာ သားႀကီးၾသရသအေနနဲ႔ေရာ ေနာက္ဆုံး သူကိုယ္တိုင္ေမြးထားတဲ့ သူကေလး​ေတြ အေပၚမွာေရာ ဘယ္တစ္ခုမွ တာဝန္မေက်ခဲ့ဘူး။ လင္မယားႏွစ္ေယာက္လုံးေပ်ာ္ေပ်ာ္ပါးပါး တက္ညီလက္ညီ သုံးၿဖဳံန္းလိုက္ၾက တာမ်ား ခုဆို သူတို႔ရဲ႕ကေလး ၂ ေယာက္စလုံးကိုပါ ေက်ာင္းထုတ္ျပစ္ထားတဲ့ အထိ။”

မိသားစုအတြင္းေရး ကိစၥေတြထိကို အစအဆံုးဖြင့္ဟလိုက္တဲ့ စည္သူတင္စိုး

“ေကာင္းစားစဥ္ ကလည္း အေဖ့ဆီကို လင္မယားႏွစ္ေယာက္လုံး မသြားဘူး။ မလာဘူး။ သီတင္းကြၽတ္ေတာင္သြား မကန္ခဲ့ၾကဖူးဘူး၊၊ သူတို႔ဒုကၡေရာက္လို႔ ငတ္ျပတ္တဲ့ အခ်ိန္ၾကမွ အေဖ့ကိုသြားအပူကပ္ ၊ငိုျပ၊ႏွိပ္စက္လိုက္ၾကတာ အေဖဟာ စိတ္ဆင္းရဲကိုယ္ဆင္းရဲနဲ႔ ဆုံးသြားခဲ့ရတဲ့ အထိပဲ၊၊ ပိုစ့္တင္ထားတဲ့ ဟိုတစ္ေယာက္ေရာ သူ႔ကိုသိပ္ခ်စ္ၾက ၊ သိပ္အျပစ္ကင္းတယ္ ထင္ၿပီးလိုင္းေပၚမွာ အာေခ်ာင္ေနၾကတဲ့သူေတြေရာ၊ မေနႏိုင္ရင္ မေက်နပ္ရင္ စုေပါင္းၿပီးသာ စိုက္ေလွ်ာ္ေပးလိုက္ၾကေတာ့ဗ်ိဳ႕။ ေရွ႕မွာ သူတို႔လင္မယား မိုက္ခဲ့ၾကသမွ် က်န္ေတာ့္အေမေနာက္ကေန လိုက္ရွင္းခဲ့ရတာေတြကို တစ္ခုခ်င္းစီေျပာျပရရင္ စိတ္ဆင္းရဲၿပီး ကိုယ့္ကိုယ္ေတာင္ သတ္ေသသြားလိမ့္မယ္။”

မိသားစုအတြင္းေရး ကိစၥေတြထိကို အစအဆံုးဖြင့္ဟလိုက္တဲ့ စည္သူတင္စိုး

“တစ္မိသားစုလုံးမွာ သမီးမိန္းကေလး တစ္ေယာက္ပဲပါလို႔ ဝိုင္းၿပီးခ်စ္ၾကရတဲ့ ကြၽန္ေတာ့ညီမ၊ အိမ္က စီပြားေရး လုပ္ငန္းမွန္သမွ် သူ႔နာမည္ေပးခဲ့တဲ့အထိ တအိမ္လုံးက ဝိုင္းခ်စ္ၾကတဲ့ ကြၽန္ေတာ့္ညီမ၊ အကိုအႀကီးဆုံးကေနစၿပီး အကိုအေယာက္ဆီတိုင္း အေပၚ(သူ႔အိမ္ေထာင္နဲ႔ သူျဖစ္ေနတာေတာင္)တာဝန္ေက်တာထက္ ပိုၿပီး သိတတ္တဲ့ ကြၽန္ေတာ့္ညီမ၊ သူတပါးမိသားစု အတြင္းေရးေသခ်ာလည္း မသိဘဲရမ္းသန္းအာေခ်ာင္ခ်င္ၿပီး သူ တစ္ခုခုျဖစ္တာနဲ႔ ကြၽန္ေတာ့္ ညီမကို လာေျပာေန​ၾကတဲ့သူေတြ ေသေသခ်ာခ်ာ ဖတ္ၾကည့္ေပးပါ။ ဒီထက္မွ အေသးစိတ္သိခ်င္ၾကေသးတယ္ ဆိုရင္လည္း ကြၽန္ေတာ့္ ဖုန္းနံပတ္ ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက္ေမးၾကပါ။ တဖက္သတ္အျမင္နဲ ႔စိတ္ထင္ရာေပါက္ကရေတြ ဝင္ေရးဝင္မန႔္ေနၾကတာ ေက်းဇူးျပဳၿပီးရပ္ေပးၾကပါ။” လို့ စည္သူတင္စိုးက ေျပာထားတာပဲ ျဖစ္ပါတယ္။ Source: SiThu TinSoe’s fb

မိသားစုအတြင္းေရး ကိစၥေတြထိကို အစအဆံုးဖြင့္ဟလိုက္တဲ့ စည္သူတင္စိုး

Unicode

ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် သီဟတင်စိုးက ငွေကြေး အရှုပ်အရှင်းကိစ္စတွေကြောင့် ကျိုက်လတ်မြို့မှာ အမှုဖွင့်အရေးယူ ခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ သီဟတင်စိုးတို့ မိသားစုဟာ ငွေကြေးခိုင်မာ တောင့်တင်းသူတွေဖြစ်ပြီး အခုလို ကိစ္စမျိုးနဲ့ ပက်သတ်ပြီး ပရိသတ်တွေက အမျိုးမျိုး ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး သီဟတင်စိုးရဲ့ ညီအရင်းဖြစ်သူ စည်သူတင်စိုးက အခုလိုပဲ ပွင့်လင်းစွာချပြပြောဆိုလာပါတယ်။

“ကိုယ်တိုင် သေချာမသိပဲ ကြားသုံးကြားထဲဝင်ပါပြီး လိုင်းပေါ်မှာ ထင်ရာမြင်ရာပြောနေကြလို့ အမှန်တရားကိုရှင်းပြတာ။ အမေ့ကို အမွေတောင်းတယ်။ ကုန်သွားမှာစိုးလို့ မပေးဘူးပြောတော့ အမေ့ကို ဓား နဲ့လိုက်တယ်။ မောင်နှမ ၅ ယောက်မှာ တစ်ဦးချင်းဆီအတွက် သူ့ဝေစု ၊ သူရသင့်ရထိုက်တဲ့သိန်းပေါင်း ၁၂၀၀၀ (ငွေကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်)ပိုက်၊ ပျော်ပျော်ပါးပါးကြီးယူ ထွက်သွားခဲ့တာ။ အမေသေလည်း မလာဘူး၊ မောင်နှမတွေသေလည်း မလာဘူးဆိုပြီး တစ်ခါတည်းဆွေခန်းမျိုးခန်းဖြတ် သူကအရင်ဖြတ်သွားတာ။”

“အမေက ဘယ်သူ့ဘယ်သူ အပေါ်မှ မတရားလုပ်ထားတာ မရှိဘူး။ အားလုံးညီတူမျှတူပဲ။ သူမိန်းမယူတဲ့ အချိန်တုန်းကလည်း အမေက သူ့မိန်းမရဲ့နောက်ကြောင်း အရှုပ်ထုပ်တွေကို ငွေထုပ်ပိုက်ပြီး တဖက်လူကိုခြေထောက်ဖက် တောင်းပန်ပြီးလျှော်ကြေးပေးခဲ့ရတာ အားလုံးသိတယ်။ သူသာ အကိုကြီးအဖရာအနေနဲ့ရော သားကြီးသြရသအနေနဲ့ရော နောက်ဆုံး သူကိုယ်တိုင်မွေးထားတဲ့ သူကလေးတွေ အပေါ်မှာရော ဘယ်တစ်ခုမှ တာဝန်မကျေခဲ့ဘူး။ လင်မယားနှစ်ယောက်လုံးပျော်ပျော်ပါးပါး တက်ညီလက်ညီ သုံးဖြုံန်းလိုက်ကြ တာများ ခုဆို သူတို့ရဲ့ကလေး ၂ ယောက်စလုံးကိုပါ ကျောင်းထုတ်ပြစ်ထားတဲ့ အထိ။”

“ကောင်းစားစဉ် ကလည်း အဖေ့ဆီကို လင်မယားနှစ်ယောက်လုံး မသွားဘူး။ မလာဘူး။ သီတင်းကျွတ်တောင်သွား မကန်ခဲ့ကြဖူးဘူး၊၊ သူတို့ဒုက္ခရောက်လို့ ငတ်ပြတ်တဲ့ အချိန်ကြမှ အဖေ့ကိုသွားအပူကပ် ၊ငိုပြ၊နှိပ်စက်လိုက်ကြတာ အဖေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ဆုံးသွားခဲ့ရတဲ့ အထိပဲ၊၊ ပိုစ့်တင်ထားတဲ့ ဟိုတစ်ယောက်ရော သူ့ကိုသိပ်ချစ်ကြ ၊ သိပ်အပြစ်ကင်းတယ် ထင်ပြီးလိုင်းပေါ်မှာ အာချောင်နေကြတဲ့သူတွေရော၊ မနေနိုင်ရင် မကျေနပ်ရင် စုပေါင်းပြီးသာ စိုက်လျှော်ပေးလိုက်ကြတော့ဗျို့။ ရှေ့မှာ သူတို့လင်မယား မိုက်ခဲ့ကြသမျှ ကျန်တော့်အမေနောက်ကနေ လိုက်ရှင်းခဲ့ရတာတွေကို တစ်ခုချင်းစီပြောပြရရင် စိတ်ဆင်းရဲပြီး ကိုယ့်ကိုယ်တောင် သတ်သေသွားလိမ့်မယ်။”

“တစ်မိသားစုလုံးမှာ သမီးမိန်းကလေး တစ်ယောက်ပဲပါလို့ ဝိုင်းပြီးချစ်ကြရတဲ့ ကျွန်တော့ညီမ၊ အိမ်က စီပွားရေး လုပ်ငန်းမှန်သမျှ သူ့နာမည်ပေးခဲ့တဲ့အထိ တအိမ်လုံးက ဝိုင်းချစ်ကြတဲ့ ကျွန်တော့်ညီမ၊ အကိုအကြီးဆုံးကနေစပြီး အကိုအယောက်ဆီတိုင်း အပေါ်(သူ့အိမ်ထောင်နဲ့ သူဖြစ်နေတာတောင်)တာဝန်ကျေတာထက် ပိုပြီး သိတတ်တဲ့ ကျွန်တော့်ညီမ၊ သူတပါးမိသားစု အတွင်းရေးသေချာလည်း မသိဘဲရမ်းသန်းအာချောင်ချင်ပြီး သူ တစ်ခုခုဖြစ်တာနဲ့ ကျွန်တော့် ညီမကို လာပြောနေကြတဲ့သူတွေ သေသေချာချာ ဖတ်ကြည့်ပေးပါ။ ဒီထက်မှ အသေးစိတ်သိချင်ကြသေးတယ် ဆိုရင်လည်း ကျွန်တော့် ဖုန်းနံပတ် ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက်မေးကြပါ။ တဖက်သတ်အမြင်နဲ့စိတ်ထင်ရာပေါက်ကရတွေ ဝင်ရေးဝင်မန့်နေကြတာ ကျေးဇူးပြုပြီးရပ်ပေးကြပါ။” လို့ စည်သူတင်စိုးက ပြောထားတာပဲ ဖြစ်ပါတယ်။ Source: SiThu TinSoe’s fb

Add a Comment

Your email address will not be published. Required fields are marked *