လူကြမ်းသရုပ်ဆောင်ကြီးများ အတွက် ငွေသား(၃၀၀၀၀)နဲ့ ဆန်၊ဆီ၊ကြက်ဥ အစရှိတဲ့ စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ နေထူးနိုင်နဲ့ ဝေဠုကျော်


စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ နေထူးနိုင်နဲ့ ဝေဠုကျော်

“မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မြောက်ဥက္ကလာရှိ လူကြမ်း(stuntman)များအား ဝေဠုကျော် ဖောင်ဒေးရှင်းနေထူးနိုင်၊ ထုတ်လုပ်သူအချို့အနုပညာရှင်အချို့နှင့် အခြားသောအလှူရှင်များမှ လှူဒါန်းကြသော ငွေသား(၃သောင်း)ဆန်(၁၀)ပြည်-ဆီ(၅၀)သား-ကြက်ဥ(၁၀လုံး)-ကြက်သွန်(၁ပိသာ)-အာလူး(၁)ပိသာ အင်္ကျီ(၁)ထည်ပစ္စည်းများအား Stuntman (လူကြမ်းဟောင်းကြီးတွေ နဲ့ လူကြမ်း Stuntman မျိုးဆက်သစ်များ မခွဲခြားဘဲ လူဦးရေ(၂၀)အားထောက်ပံ့ ကူညီနိုင်ခဲ့ပါသည်။

စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ နေထူးနိုင်နဲ့ ဝေဠုကျော်


စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ နေထူးနိုင်နဲ့ ဝေဠုကျော်

Unicode

နေထူးနိုင် ကတော့ သဘာဝလွန် အက်ရှင် ဇာတ်ကားတွေ ရိုက်ကူးရင်း နယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိ ပိုင်ဆိုင်ထားပြီး ဝေဠုကျော်ကလည်း ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ် အားပေးမှုကို ရရှိထားသူ တစ်ယောက်ပါ။ နေထူးနိုင်နဲ့ ဝေဠုကျော်က ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေသလို လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေထူးနိုင်က ဝေဠုကျော်နဲ့အတူတူ လူကြမ်းသရုပ်ဆောင် တွေကို အလှူငွေနဲ့ စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မြောက်ဥက္ကလာရှိ လူကြမ်း(stuntman)များအား ဝေဠုကျော် ဖောင်ဒေးရှင်းနေထူးနိုင်၊ ထုတ်လုပ်သူအချို့အနုပညာရှင်အချို့နှင့် အခြားသောအလှူရှင်များမှ လှူဒါန်းကြသော ငွေသား(၃သောင်း)ဆန်(၁၀)ပြည်-ဆီ(၅၀)သား-ကြက်ဥ(၁၀လုံး)-ကြက်သွန်(၁ပိသာ)-အာလူး(၁)ပိသာ အကျႌ(၁)ထည်ပစ္စည်းများအား Stuntman (လူကြမ်းဟောင်းကြီးတွေ နဲ့ လူကြမ်း Stuntman မျိုးဆက်သစ်များ မခွဲခြားဘဲ လူဦးရေ(၂၀)အားထောက်ပံ့ ကူညီနိုင်ခဲ့ပါသည်။

နေထူးနိုင်နဲ့ ဝေဠုကျော်ကတော့ သူတို့ကိုယ်တိုင် စိန်ခေါ်ထားတဲ့ Challenge ကို ကိုယ်တိုင်လုပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေထူးနိုင်နဲ့ ဝေဠုကျော်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။ Source: Nay Htoo Naing’s fb

Add a Comment

Your email address will not be published. Required fields are marked *