ရည္းစားကပစ္သြားလို႕ အဆိပ္ေသာက္ ေသေၾကာင္းႀကံသြားတဲ့ ဆရာ၀န္မေလး… ဖတ္ၾကည့္ေစခ်င္ပါတယ္ ညီမေလး တို့ေရ

စာ ဖတ္ မပ်င္း ပါနဲ႔ ….ဖတ္ၾကည့္ေစ ခ်င္ပါတယ္ ညီမေလး တို့ေရ

ဆင္းရဲတဲ့ လင္မယား ၂ ေယာက္မွာ စာေတာ္တဲ့ သမီးေလး ရွိတယ္ ၊ တစ္ေန႔ သမီးေလးဟာ အတန္းတင္ စာေမးပြဲမွာ ပထမ ရတယ္ ။ အေဖဟာ ဝမ္းသာလြန္းလို့ လိုခ်င္တာ ဝယ္ေပးမယ္ ေျပာတယ္ ။ သမီးေလးဟာ သိပ္လိုခ်င္ခဲ့ေပမဲ့ အေဖမွာ ပိုက္ဆံ မရွိမွန္းသိလို့ မပူဆာခဲ့တဲ့ အဝတ္အစား တစ္စုံကို လိုခ်င္တယ္လို့ ေျပာလိုက္တယ္ ။

ေနာက္တစ္ေန႔မွာ အေဖဟာ သမီးေလး လိုခ်င္တဲ့ အဝတ္တစ္စုံ ကို ဝယ္ေပးလိုက္တယ္ ၊ သမီးေလးဟာ ဝတ္ၾကည့္ၿပီး မွန္ေရွ႕မွာ ေပ်ာ္လို့ ၊ အေဖကလည္း သမီးေလးကို ၾကည့္ၿပီး ေပ်ာ္လြန္းလို့ မ်က္ရည္စို့ေနရွာတယ္ ၊ မေပ်ာ္နိုင္သူက အေမပါ ။ ညေရာက္ေတာ့ အေမက သူ႔ေယာက္်ားကို ေမးတယ္ ၊ပိုက္ဆံ ဘယ္ကရသလဲေပါ့ ? ” ေဆး႐ုံတစ္ခုမွာ ငါ့ေသြး ေဖာက္ေရာင္းလိုက္တာတဲ့ ”

ဒီလိုနဲ႔ သမီး ၁၀ တန္းကို ဂုဏ္ထူး အမ်ားႀကီး ရၿပီးေအာင္ သြားတယ္ ၊ ေဆးတကၠသိုလ္ တက္ဖို့ အေဖ့မွာ ပိုက္ဆံ မရွိမွန္း သိလို့ မပူဆာပါဘူး ၊ တစ္ပတ္ေလာက္ၾကာေတာ့ အေဖက ပိုက္ဆံေတြ ထည့္ထားတဲ့ လြယ္အိတ္ႀကီးကို ျပၿပီး သမီး မပူနဲ႔ ၊ အေဖ့မွ ပိုက္ဆံေတြ အမ်ားႀကီး ရွိတယ္ ၊ သမီး ဆရာဝန္ ျဖစ္တဲ့ထိ လုံေလာက္ပါတယ္တဲ့ ။

သမီးလည္း ဝမ္းသာလြန္းလို့ ထ ကေနတယ္ ၊ အေဖခမ်ာလည္း သမီးကို ၾကည့္ၿပီး ေပ်ာ္လြန္းလို့ ပါးျပင္ေပၚမွာ မ်က္ရည္ေတြနဲ႔ ၊ မေပ်ာ္နိုင္သူက အေမပါ ။ ညက်ေတာ့ အေမက သူ႔ေယာက္်ားကို ေမးတယ္ ၊ ဒီေလာက္မ်ားတဲ့ ပိုက္ဆံ ဘယ္လိုရလာသလဲေပါ့ ?” တစ္ေလာက ငါ့ေက်ာက္ကပ္ ၂ ခုထဲက တစ္ခု ကိုေရာင္းလိုက္တယ္တဲ့ ”

၆ ႏွစ္ၾကာသြားၿပီး ၊ အေပ်ာ္ဆုံး နဲ႔ ဂုဏ္အယူရဆုံးေန႔ ၊ သမီးေလး ေဆးေက်ာင္းေအာင္သြားၿပီး ၊ အိမ္ျပန္လာေတာ့မယ္ ၊ တဲအိမ္ေလးကို အေကာင္းဆုံးျပင္ထားတယ္ ။ အိမ္ေရွ႕မွာ ျမင္းလွည္းေတြ ရပ္သံ ၾကားရတယ္ ၊ လင္မယား ႏွစ္ေယာက္စလုံး ဝမ္းသာအားရ ေျပးထြက္လာတယ္ ၊ ဟုတ္ပါတယ္ ၊ သမီးေလး ျပန္လာတာပါ ၊ ဒါေပမဲ့ အသက္ရွင္လၽွက္ မဟုတ္ပါ ၊ ပိတ္ျဖဴအုပ္ထားတဲ့ သမီးေလးရဲ့ ႐ုပ္အေလာင္း ။

လာပို့တဲ့ သူေတြထဲက လူႀကီးတစ္ေယာက္က ေျပာတယ္ ၊ သူတို့ သမီးေလးဟာ သူ႔ရည္းစား ပစ္သြားလို့မေန႔ညက အဆိပ္ေသာက္ သတ္ေသသြားတယ္တဲ့ ။

စဥ္းစားစရာ အေတြးေလး ေပးလိုက္ပါတယ္ဗ်ာ ။

” မိမိကို မႏွစ္သက္လို့ စြန္႔ခြာသြားသူ အတြက္ အသက္ေပးသင့္သလား ? မိမိအတြက္ အနစ္နာခံခဲ့သူေတြအတြက္ အသက္ေပးဖို့ မသင့္ဘူးလား ? ” Credit

Unicode

စာဖတ် မပျင်းပါနဲ့ ….ဖတ်ကြည့်စေချင်ပါတယ် ညီမလေး တို့ရေ

ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ် ၊ တစ်နေ့ သမီးလေးဟာ အတန်းတင် စာမေးပွဲမှာ ပထမ ရတယ် ။ အဖေဟာ ဝမ်းသာလွန်းလို့ လိုချင်တာ ဝယ်ပေးမယ် ပြောတယ် ။ သမီးလေးဟာ သိပ်လိုချင်ခဲ့ပေမဲ့ အဖေမှာ ပိုက်ဆံ မရှိမှန်းသိလို့ မပူဆာခဲ့တဲ့ အဝတ်အစား တစ်စုံကို လိုချင်တယ်လို့ ပြောလိုက်တယ် ။

နောက်တစ်နေ့မှာ အဖေဟာ သမီးလေး လိုချင်တဲ့ အဝတ်တစ်စုံ ကို ဝယ်ပေးလိုက်တယ် ၊ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့ ၊ အဖေကလည်း သမီးလေးကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည်စို့နေရှာတယ် ၊ မပျော်နိုင်သူက အမေပါ ။ ညရောက်တော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ပိုက်ဆံ ဘယ်ကရသလဲပေါ့ ? ” ဆေးရုံတစ်ခုမှာ ငါ့သွေး ဖောက်ရောင်းလိုက်တာတဲ့ ”

ဒီလိုနဲ့ သမီး ၁၀ တန်းကို ဂုဏ်ထူး အများကြီး ရပြီးအောင် သွားတယ် ၊ ဆေးတက္ကသိုလ် တက်ဖို့ အဖေ့မှာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာပါဘူး ၊ တစ်ပတ်လောက်ကြာတော့ အဖေက ပိုက်ဆံတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီးကို ပြပြီး သမီး မပူနဲ့ ၊ အဖေ့မှ ပိုက်ဆံတွေ အများကြီး ရှိတယ် ၊ သမီး ဆရာဝန် ဖြစ်တဲ့ထိ လုံလောက်ပါတယ်တဲ့ ။

သမီးလည်း ဝမ်းသာလွန်းလို့ ထ ကနေတယ် ၊ အဖေခမျာလည်း သမီးကို ကြည့်ပြီး ပျော်လွန်းလို့ ပါးပြင်ပေါ်မှာ မျက်ရည်တွေနဲ့ ၊ မပျော်နိုင်သူက အမေပါ ။ ညကျတော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ ဒီလောက်များတဲ့ ပိုက်ဆံ ဘယ်လိုရလာသလဲပေါ့ ?” တစ်လောက ငါ့ကျောက်ကပ် ၂ ခုထဲက တစ်ခု ကိုရောင်းလိုက်တယ်တဲ့ ”

၆ နှစ်ကြာသွားပြီး ၊ အပျော်ဆုံး နဲ့ ဂုဏ်အယူရဆုံးနေ့ ၊ သမီးလေး ဆေးကျောင်းအောင်သွားပြီး ၊ အိမ်ပြန်လာတော့မယ် ၊ တဲအိမ်လေးကို အကောင်းဆုံးပြင်ထားတယ် ။ အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံ ကြားရတယ် ၊ လင်မယား နှစ်ယောက်စလုံး ဝမ်းသာအားရ ပြေးထွက်လာတယ် ၊ ဟုတ်ပါတယ် ၊ သမီးလေး ပြန်လာတာပါ ၊ ဒါပေမဲ့ အသက်ရှင်လျှက် မဟုတ်ပါ ၊ ပိတ်ဖြူအုပ်ထားတဲ့ သမီးလေးရဲ့ ရုပ်အလောင်း ။

လာပို့တဲ့ သူတွေထဲက လူကြီးတစ်ယောက်က ပြောတယ် ၊ သူတို့ သမီးလေးဟာ သူ့ရည်းစား ပစ်သွားလို့မနေ့ညက အဆိပ်သောက် သတ်သေသွားတယ်တဲ့ ။

စဉ်းစားစရာ အတွေးလေး ပေးလိုက်ပါတယ်ဗျာ ။

” မိမိကို မနှစ်သက်လို့ စွန့်ခွာသွားသူ အတွက် အသက်ပေးသင့်သလား ? မိမိအတွက် အနစ်နာခံခဲ့သူတွေအတွက် အသက်ပေးဖို့ မသင့်ဘူးလား ? ” Credit

Add a Comment

Your email address will not be published. Required fields are marked *