ရုပ္ရွင္ရိုက္ကူးျပီး ရန္ကုန္ျမိဳ့ ကို အျပန္ လမ္းမွာ ကားအက္ဆီဒင့္ ျဖစ္ခဲ့တဲ့ ပိုင္ျဖိဳးသု နဲ့ ဒါရိုက္တာဏၾကီး

အကယ္ဒမီ မင္း သမီးေခ်ာေလး ပိုင္ျဖိဳးသု က လက္ရိွ မွာေတာ့ သူမရဲ့ ခင္ပြန္း ဒါရိုက္တာ ဏၾကီး ရိုက္ကူ းပံုေဖာ္တဲ့ “ခ်စ္ခင္စေမွာ္႐ုံ” ရုပ္ရွင္ ဇာတ္ကားၾကီး ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ COVID 19 ေရာဂါေၾကာင့္ ရုပ္ရွင္ဇာတ္ကားၾကီး ရိုက္ကူးတာ ရပ္နားလိုက္ခ်ိန္မွာေတာ့ ပိုင္ျဖိဳးသုနဲ့ ဒါရိုက္တာ ဏၾကီးတို့ ဇနီးေမာင္နွံက ရန္ကုန္ျမိဳ့ကိုအျပန္ လမ္းမွာတင္ပဲ ကား အက္ဆီးဒင့္ ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ပိုင္ျဖိဳးသုအေနနဲ့ သူမရဲ့ ပရိသတ္ေတြ စိတ္မပူရေစဖို့ အခုလိုပဲ ေျပာျပထားပါတယ္။

photo credit

“သုသု တို႔ကိုသတင္းၾကားလို႔ စိတ္ပူၿပီးဖုန္းဆက္ေမးၾကသူမ်ား ရွိသလို တခ်ိဴ႕ကလည္းေပ်ာက္ေနတာၾကာလို႔ ေမးေနၾကသူ မိတ္ေဆြမ်ားလည္းရွိတာမို႔ စိတ္မပူၾကဖို႔အတြက္ အခု facebook ကေန အသိေပးလိုက္ပါတယ္ရွင့္။ အခုျဖစ္ေနတဲ့ COVID 19 ေၾကာင့္ ကိုဏႀကီး ႐ိုက္ကူးလက္စျဖစ္တဲ့ “ခ်စ္ခင္စေမွာ္႐ုံ” ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ိုက္ကူးမႈကို ရပ္နားၿပီးျပန္လာတဲ့ လမ္းမွာ သုသုတို႔ယာဥ္မေတာ္တဆမႈျဖစ္ပါတယ္။”

photo credit

“ကံေကာင္းေထာက္မစြာနဲ႔ အေရွ႕ခန္းမွာ ထိုင္တဲ့ သုသုမန္ေနဂ်ာနဲ႔ ကားဆရာတို႔ Air bag ပြင့္သြားတာေၾကာင့္ ဘာမွမျဖစ္ပါဘူး။ အေနာက္ခန္းမွာထိုင္တဲ့ ကိုဏႀကီးနဲ႔သုသု ကေတာ့ အနည္းငယ္ ထိခိုက္ဒဏ္ရာရၾကပါတယ္။ (စိုးရိမ္စရာမရွိပါ) မ်က္ႏွာဖူးေယာင္ပြန္းပဲ့႐ုံ ေျခလက္အနည္းငယ္ ထိခိုက္မိ႐ုံပါ(အ႐ိုးက်ိဳးတဲ့အထိမျဖစ္ပါ) ျပႆနာျဖစ္ခ်ိန္မွာ ဒဏ္ရာေတြနဲ႔‌ သုသုတို႔ႏွစ္ေယာက္ကို ေဆး႐ုံပို႔စစ္ေဆးေပးၾကတဲ့ မသီတာနဲ႔ မမီး ကားကိစၥေတြ ရဲစခန္းမွာ လိုက္ရွင္းေပးၾက႐ုံသာမက အိမ္အထိ လင္မယားႏွစ္ေယာက္ကို လိုက္ပို႔ေပးတဲ့ ေဒါင္းနဲ႔ ကိုသားညီတို႔ကို လည္းေက်းဇူး အမ်ားႀကီးတင္ပါတယ္။”

photo credit

“က်ိဳးပဲ့ျခင္း မရွိတဲ့အတြက္ အခုလိုအခ်ိန္မွာေဆး႐ုံ မတက္ဖို႔ဆုံးျဖတ္ၿပီး အိမ္မွာသာ ေဆးေသာက္ အနားယူေနၾကပါတယ္။ ခ်စ္ေသာမိတ္ေဆြမ်ားနဲ႔ ခုနစ္ရက္သားသမီးမ်ားလည္း ေဘးကင္းက်န္းမာၾကပါေစ။ တတ္ႏိုင္သမွ် အိမ္မွာေနၾကပါ။ အားလုံးပဲ က်န္းမာၾကပါ‌ေစ။” ဆိုျပီး ပိုင္ျဖိဳးသုက သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွတဆင့္ ေျပာထားပါတယ္။ ပိုင္ျဖိဳးသုနဲ့ ဏၾကီးတို့ကေတာ့ ထိခိုက္ဒဏ္ရာ ရရိွခဲ့ေပမယ့္ စိတ္ပူစရာမရိွဘူးလို့ သိရပါတယ္။ ပရိသတ္ၾကီးကလည္း ပိုင္ျဖိဳးသုနဲ့ ဏၾကီးတို့ ဇနီးေမာင္နွံနွစ္ေယာက္ အျမန္ဆံုးသက္သာေစဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ Source: Paing Phyoe Thu’s fb

Unicode

မင်းသမီးချောလေး ပိုင်ဖြိုးသု က လက်ရှိမှာတော့ သူမရဲ့ခင်ပွန်း ဒါရိုက်တာ ဏကြီး ရိုက်ကူးပုံဖော်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ COVID 19 ရောဂါကြောင့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတာ ရပ်နားလိုက်ချိန်မှာတော့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံက ရန်ကုန်မြို့ကိုအပြန် လမ်းမှာတင်ပဲ ကား အက်ဆီးဒင့် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပိုင်ဖြိုးသုအနေနဲ့ သူမရဲ့ ပရိသတ်တွေ စိတ်မပူရစေဖို့ အခုလိုပဲ ပြောပြထားပါတယ်။

“သုသု တို့ကိုသတင်းကြားလို့ စိတ်ပူပြီးဖုန်းဆက်မေးကြသူများ ရှိသလို တချိူ့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူ မိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခု facebook ကနေ အသိပေးလိုက်ပါတယ်ရှင့်။ အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီး ရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုကို ရပ်နားပြီးပြန်လာတဲ့ လမ်းမှာ သုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်။”

“ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာ ထိုင်တဲ့ သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bag ပွင့်သွားတာကြောင့် ဘာမှမဖြစ်ပါဘူး။ အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသု ကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာရကြပါတယ်။ (စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ် ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ) ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌ သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာ လိုက်ရှင်းပေးကြရုံသာမက အိမ်အထိ လင်မယားနှစ်ယောက်ကို လိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကို လည်းကျေးဇူး အများကြီးတင်ပါတယ်။”

“ကျိုးပဲ့ခြင်း မရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံ မတက်ဖို့ဆုံးဖြတ်ပြီး အိမ်မှာသာ ဆေးသောက် အနားယူနေကြပါတယ်။ ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်း ဘေးကင်းကျန်းမာကြပါစေ။ တတ်နိုင်သမျှ အိမ်မှာနေကြပါ။ အားလုံးပဲ ကျန်းမာကြပါ‌စေ။” ဆိုပြီး ပိုင်ဖြိုးသုက သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ပြောထားပါတယ်။ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် စိတ်ပူစရာမရှိဘူးလို့ သိရပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံနှစ်ယောက် အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေးကြပါဦးနော်။ Source: Paing Phyoe Thu’s fb

Add a Comment

Your email address will not be published. Required fields are marked *