ရန်ကုန် မြို့သူ/သား များ အိမ်ပြင် မထွက်ရပဲ အခြေခံ စားကုန်တွေကို ပြင်ပပေါက်ဈေး ထက် သက်သာစွာ ဖုန်းဆက်မှာလို့ရပြီ
၁။ ဆန် ၆ ပြည် (ဧည့်မထ အသွယ်)
၂။ ဆီ ၅၀ သား တစ်ဘူး
၃။ ငါးသေတ္တာ ၅ ဘူး တစ်တွဲ
၆။ ကြက်ဥ ၁၀ လုံး တစ်ကဒ်
We ❤️ Yangon Hot Line
Unicode
COVID-19 ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ က ကမ္ဘာ့ကပ်ရောဂါ အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော် သို့ ကူး စက်ပြန့် နှံ့ နေပြီ ဖြစ်ကာ သေဆုံးသူစုစုပေါင်း (၁၃၀၀၀) ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မတ်လ(၂၃)ရက် ညနက်ပိုင်းက ကူးစက် ခံရသူ (၂)ဦး တွေ့ရှိရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပါတယ် ပထမတစ်ဦးက အမေရိကန်မှပြန်လာသူဖြစ်ပြီး နောက်တစ်ဦးမှာ ဗြိတိန်မှ ပြန်လာသူဖြစ်ပါတယ်။မြန် မာနယ်စပ် စစ်ဆေးရေးဂိတ်တွေကနေ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့် ကို မတ်လ၁၉ ရက်ကစတင် တားမြစ်လိုက်တဲ့ အကြောင်း ကြေညာထားပါတယ်။
အခုလို အခြေအနေမျိုးမှာ ရန်ကုန်မြို့သူ/သားများအိမ်ပြင်မထွက် ချင်ရင် အခြေခံစားကုန်တွေကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဖုန်းဆက်မှာလို့ရပြီ ဆိုတဲ့ အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ အခြေခံစားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် WeLoveYangon မှ ရောင်းချပေး မည် ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိ လာပြီကို အားလုံး အသိပင် ဖြစ်ပါသည်။ We Love Yangon COVID 19 စားနပ်ရိက္ခာ ပို့ဆောင်ကူညီရေး အဖွဲ့မှ ရန်ကုန်မြို့နေ ပြည်သူများ ရောဂါကူးစက်မှု နည်းစေရန် ရည်ရွယ်၍ ဆန်၊ ဆီ အစရှိသော အခြေခံ စားသောက်ကုန်များကို အသင့်ထုပ်ပိုးပြီး မူရင်းဈေးအတိုင်း အိမ်တိုင်ရာရောက် ရောင်းချပေးသွားမှာပါ။
ရန်ကုန်မြို့နေပြည်သူများ မိမိတို့ အိမ်အပြင်သို့ မထွက်ပဲ စိတ်အေး ချမ်းသာစွာဖြင့် ကပ်ရောဂါဘေး ကို ဖြတ်ကျော်နိုင်ရေးအတွက် ရည်ရွယ်၍ ရောင်းချပေးမည် ဖြစ်ပါသည်။ ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည့် အခြေခံစားသောက်ကုန်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။။
အိမ်ထောင်စု တစ်စုလျှင်
၁။ ဆန် ၆ ပြည် (ဧည့်မထ အသွယ်)
၂။ ဆီ ၅၀ သား တစ်ဘူး
၃။ ငါးသေတ္တာ ၅ ဘူး တစ်တွဲ
၄။ ကော်ဖီမစ် ၁၀ ထုပ် တစ်တွဲ
၅။ ကွေကာအုပ် ၅ ထုပ် တစ်တွဲ
၆။ ကြက်ဥ ၁၀ လုံး တစ်ကဒ်
၇။ အသင့်စား ခေါက်ဆွဲထုပ် ၅ ထုပ် တို့ ပါဝင်ပါမည်။ စုစုပေါင်း ၁၅၀၀၀ သာ ကျသင့်မည် ဖြစ်ပါသည်။
ပြည်သူများ အနေဖြင့် တစ်ဦးချင်းသော် လည်းကောင်း၊ မိမိတို့ သက်ဆိုင်ရာ ရပ် ကွက် အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်ဦးရွက်မှုဖြင့် သော်လည်းကောင်း မှာကြားဝယ်ယူနိုင်မည် ဖြစ်ပါသည်။
သက်ဆိုင်ရာ မြို့နယ်များ၏ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များ မှလည်း အကူအညီပေးနိုင်ရန် အတွက် We ❤️ Yangon အဖွဲ့သို့ ဆက်သွယ်ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ စားသောက်ကုန်များ ဖြန့်ဖြူးပေးရန်အတွက် ပူးပေါင်းကူညီလိုသော လုပ်ငန်းရှင်များအားလည်း ဖိတ်ခေါ်အပ်ပါသည်။
We ❤️ Yangon Hot Line
ကိုကျော်ကျော်သန့် – 09426004442
ကိုဇော်ဝင်းခိုင် – 09798888386
Add a Comment
Your email address will not be published. Required fields are marked *