၁၀ တန်း စာမေးပွဲ ဖြေဆိုပြီးကြသည့် ကျောင်းသား ကျောင်းသူလေး မောင် ညီမလေးများ အထူး သတိပြုရန်

တက္က သိုလ် ဝင် စာမေးပွဲ ဖြေဆိုပြီးကြသော ကျောင်းသား ကျောင်းသူ ညီငယ် ညီမငယ် များ သို့…….

ယနေ့ ဆိုလျှင် စာမေးပွဲဖြေ ဆို ပြီးကြမည်ြ ဖစ် ပါသည် ။

မိမိတို့ မိဘများသည် ငွေကြေးမြောက်များစွာ အကုန်ကျခံ ၍ ယခုချိန်ထိ ကိုယ့် သားသမီးတွေ ပညာတတ်မြောက်စေချင်သော စေတနာမေတ္တာများစွာဖြင့် အပင်ပန်းခံကာ ကြိုးစားရုန်းကန်လျှက် ကျောင်းပညာသင်ကြားတတ်မြောက်စေ ခဲ့ ပါတယ် ။

၎င်း မိဘများ၏ အနှိုင်းအဆမဲ့ စေတနာ မေတ္တာ များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် အပျော်အပါးလွန်ကဲစွာ အထူးသဖြင့် ယောက်ျားလေးများ သောက်စားမူးယစ်ခြင်း၊

မော်တော်ဆိုင်ကယ်များ အရှိန်ပြင်းစွာ ပရမ်းပတာ၊မိဘအဆဲမလွတ် မောင်းနှင်မှု များ မပြုလုပ်ကြဖို့ အသိပေးတိုက်တွန်းပါတယ်။

နှစ်စဉ်နှစ်တိုင်း…တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား များ Accident ဖြစ်ခြင်း ရေနစ်ခြင်း စသည့် အန္တရာယ် များ ကြုံတွေ့ခဲ့ရသည်ကို ကြားသိတွေ့မြင် ခဲ့ရတဲ့အတွက် အထူးဂရုစိုက်ကြဖို့ လည်း သတိပေးအပ်ပါသည် ။

ယခုအချိန်တွင်လည်း Covid 19 ကူးစက်ရောဂါသည်လည်း အခြားနိုင်ငံအသီးသီးတွင်ဖြစ်ပွားနေကြောင်းသိရှိပြီးလည်းဖြစ်ပါသည်။

လူစုလူဝေးများ ကို ရှောင်ရှားခြင်း မိမိကိုယ်ကိုယ်သန့်ရှင်း စွာဖြင့် ကျန်းမာရေးဂရုစိုက်ဖို့လည်း တိုက်တွန်းအပ်ပါသည်။

မိမိတို့ သည် တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်ပြီး အဆင်မြင့် တက္ကသိုလ်များ တွင် ဆက်လက်ပညာသင်ကြားကြရအုံးမည်ဖြစ်ပါသည်။

နွေရာသီအားလပ်ရက်များတွင် အချိန်ဖြုန်းမနေပဲ မိဘလုပ်ငန်းများဝိုင်းကူခြင်း၊စာဖတ်ခြင်း မိမိတို့ပတ်ဝန်းကျင်ရှိ ပရဟိတ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးခြင်း များပြုလုပ်ကြစေလိုပါသည်။

ဆက်လက်၍ တိုင်းပြည်တာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်ရအုံးမည်ဖြစ်ပါသည်။

မိမိတို့၏ တန်ဖိုးရှိသော ပညာများ အသက်များကို ဉာဏ်ပညာဖြင့်သတိယှဉ်လျှက် ကောင်းမွန်စွာ နေထိုင်ကြပါရန် သားသမီးချင်း ကိုယ်ချင်းစာ ၍ အကြံပြု တင်ပြလိုက်ပါသည်။

၁၈.၃.၂၀၂၀
Credit
Htaynaing Oo

Add a Comment

Your email address will not be published. Required fields are marked *