မြောက် ဥက္ကလာ ပြည်သူ့ ဆေးရုံကြီး သို့ ကျပ်သိန်း(၁၃၀) တန်ဖိုးရှိ ချွဲစုပ်စက် လှူဒါန်းခဲ့တဲ့ ဦးကျော်သူ ရဲ့ နာရေးကူညီမှုအသင်းကြီး


photo credit


photo credit


photo credit

Unicode

အကယ်ဒမီ များ ရှင် မင်းသားကြီး ကျော်သူ က နာရေး ကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျော်သူ က နာရေးကူညီမှု အသင်း (ရန်ကုန်)ကို လာရောက် လှူဒါန်းကြတဲ့ (၇)ရက် သားသမီးတွေရဲ့ စုပေါင်း အလှူငွေတွေနဲ့စုပေါင်းပြီး ကောင်းမှူ ကုသိုလ်လေး တစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

နာရေးကူညီမှု အသင်း(ရန်ကုန်) မှ မတည်၍ (၇)ရက် သားသမီး အလှူရှင်များ၏ မွန်မြတ်သော စေတနာများဖြင့် ပါဝင်လှူဒါန်းမှုများ စုပေါင်းကာ ယနေ့တွင် ဥက္ကဌ ဦးကျော်သူ နှင့် အမှုဆောင်အဖွဲ့များက မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးသို့ ကျပ်သိန်း(၁၃၀) တန်ဖိုးရှိ Portable X-ray စက်တစ်လုံး နှင့် ချွဲစုပ်စက် (၂)လုံးအား အောင်မြင်စွာလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

နာရေး ကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် COVID 19 ကူးစက်ရောဂါ လူနာများအတွက် လိုအပ်သော Ventilator နှင့် Patient Monitor များအား လိုအပ်သော နေရာများ သို့ လှူဒါန်းနိုင်ရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့်အတူ ပူးပေါင်းပါဝင် ကုသိုလ်ယူလိုသော (၇)ရက်သားသမီး အလှူရှင်များအား ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။ Source: နာရေးကူညီမှုအသင်း (ရန်ကုန်)

Add a Comment

Your email address will not be published. Required fields are marked *