အချိန်(၂)လ အတွင်းကြိုးစားခဲ့ရတဲ့ အမိုက်စား WORKOUT MOTIVATION ဗီဒီယိုဖိုင်လေးကို ချပြလိုက်တဲ့ ထူးအောင်

ထူးအောင် ကတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် အနုပညာလောက ထဲကို စတင်ရောက်ရှိလာခဲ့သူ တစ်ယောက်ဖြစ်ပြီး အခုချိန်မှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူပါ။ အားကစား လိုက်စားတဲ့ ထူးအောင်ရဲ့ အမိုက်စား ခန္ဓာကိုယ်ကလည်း မိန်းကလေး ပရိသတ်တွေကြား သည်းသည်းလှုပ် သဘောကျမှုကို ရရှိနေတာပါ။

photo credit
photo credit

ထူးအောင် ကတော့ Forever Group ရဲ့ မင်းသားတစ်ယောက် အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဒါ့အပြင် ” ပျောက်ဆုံးနေသော အမှန်တရား ” ဇာတ်လမ်းတွဲနဲ့ ” အကြင်နာမြစ်ဖျား ” ဇာတ်လမ်းတွဲ တို့မှာလည်း ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်သူအဖြစ် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသေးတယ်။

photo credit
photo credit

ထူးအောင်က အနုပညာမောင်နှမတချို့ကိုလည်း Gym နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ” HTOO AUNG WORKOUT MOTIVATION VIDEO (2020)PUSH THROUGH FEAR ဒီဗီဒီယိုလေးရိုက်ဖို့ ကျွန်တော် အချိန်၂ လလောက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ မနှစ်က workout video ထက် ပိုကောင်းအောင် ကြိုးစားထားပါတယ်ဗျ။ လိုအပ်တာတွေကိုကြည့်ရှုပြီးဝေဖန်ပေးပါအုံးဗျ။ ” ဆိုတဲ့ စာသားလေးနဲ့အတူ အချိန်(၂)လလောက် ကြိုးစားခဲ့ရတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ အရင်နှစ်က ထက်လည်း ပိုကောင်းအောင်ကြိုးစားထားတဲ့ ထူးအောင် ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ Source : HtooAung

Add a Comment

Your email address will not be published. Required fields are marked *