တစ်ဦးတည်းသော သမီးလေး ဂင်္ဂါမေရဲ့ (၁၆)နှစ်ပြည့် မွေးနေ့ဆုတောင်းလေးကို ထူးထူးခြားခြားလေး ဆုတောင်းပေးခဲ့တဲ့ မေကဗျာ

ဒီနေ့ မတ်လ (၈)ရက်နေ့ မှာတော့ မင်းသမီးချော မေကဗျာ ရဲ့ သမီးလေး ဂင်္ဂါမေရဲ့ (၁၆)နှစ်ပြည့် မွေးနေ့ရက်မြတ် မင်္ဂလာလေးပဲဖြစ် ပါတယ်နော်..။ မေကဗျာက ဒီနေ့ မတ် (၈)ရက်နေ့မှာ ကျရောက်တဲ့ သမီးဖြစ်သူရဲ့ မွေးနေ့လေးအတွက် မွေးနေ့ ဆုတောင်းစကားလေးကို

photo credit

” Happy birthday မေမေ့ သမီးလေး အပြုံးချိုချိုလေးနဲ့ လူတကာကို အပူမပေးတတ်သော အေးဆေးသောမေမေ့ သမီးလေး ဒီနေ့ (၁၀) နာရီ (၂၃ )မိနစ်ဆို မေ့မေ့ဗိုက်ထဲက ထွက်သွားတာ (၁၆ )နှစ်တောင်ရှိသွားပြီ. ။ သဲလေးဖြစ်ချင်တဲ့ ပညာတတ် ဘဝကို အောင်မြင်စွာ အေးချမ်းစွာ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ..။ ဘာသာတရားကိုင်းရှိုင်းတဲ့ ယဉ်ကျေးလိမ္မာတဲ့ သမီးလေးဖြစ်ပါစေနော် ”ဆိုပြီး သူမရဲ့ လူမှူကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

photo credit
photo credit

မေကဗျာ ကတော့ အမြဲတမ်းအေးဆေးနေ တတ်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေးကြောင့် သူမအမြဲတမ်း စိတ်ချမ်းသာနေရတဲ့ အကြောင်းလေးကို အင်တာဗျူးတိုင်းမှာ ပြောပြကာ ဝမ်းသာ ပီတိဖြစ်နေတဲ့သူပါ.။ မေကဗျာကတော့ သမီးလေးကို ကြိုက်တဲ့အရာကို လုပ်ခွင့်ပေးတာကြောင့် ဒီဇိုင်နာဖြစ်ချင်နေတဲ့ သမီးလေး ဂင်္ဂါမေအတွက် အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါလို့လည်း မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါသေးတယ်..။ ပွဲတက်တိုင်းမှာ သူမသမီးလေးရဲ့ မိတ်ကပ်ပြင်ပေးတာနဲ့ တက်လေ့ရှိပြီး သမီးလေးပြင်ပေးတိုင်း လှတယ်လို့ ပြောခံရလို သမီးဖြစ်သူ အတွက်လည်း ဝမ်းသာပီတိဖြစ်ရတဲ့ အကြောင်းလေးတွေကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။

photo credit

အမေဖြစ်သူနဲ့ ရုပ်ချင်းဆင် သလို ချစ်စရာကောင်းပြီး အတတ်ပညာတိုင်းကို သင်လွယ်တတ်လွယ်တဲ့ မေကဗျာရဲ့ သမီးချောလေး ဂင်္ဂါမေကတော့ ဒီနေ့ မတ်လ(၈)ရက်နေ့မှာဆို (၁၆)နှစ်ပြည့်ပါပြီနော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေကဗျာရဲ့ သမီးအလိမ္မာလေး ဂင်္ဂါမေအတွက် မွေးနေ့ဆုတောင်း စကားလေးတွေကို ရေးပေးခဲ့ကြပါဦးနော်..။

Add a Comment

Your email address will not be published. Required fields are marked *